ယေရမိ 49:7 - မြန်မာ့စံမီသမ္မာကျမ်း
7 ဧဒုံပြည်နှင့်ပတ်သက်၍ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “တေမန်မြို့၌ ပညာရှိ မရှိတော့သလော။ အသိဉာဏ်ရှိသောသူတို့သည် အကြံမပေးနိုင်တော့သလော။ သူတို့ ဉာဏ်ပညာမဲ့ကြပြီလော။
အခန်းကိုကြည့်ပါ။ ကော်ပီ
7 တန်ခိုးတော်အရှင်ထာဝရဘုရားသခင် သည်ဧဒုံပြည်ကိုရည်မှတ်၍``ဧဒုံပြည်သား တို့သည်ဆင်ခြင်တိုင်းထွာနိုင်စွမ်းမရှိကြ တော့ပြီလော။ သူတို့၏ပညာရှိများသည် လည်းအဘယ်အမှုကိုပြုသင့်ကြောင်း အကြံဉာဏ်မပေးနိုင်ကြတော့ပြီလော။ သူတို့၏အသိပညာမှန်သမျှသည် ပျောက်ကွယ်သွားလေပြီလော။-
အခန်းကိုကြည့်ပါ။ ကော်ပီ
7 ဧ ဒုံ ပြည် အ ကြောင်း၊ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် မှာ၊ တေ မန် နယ် တွင် ဉာဏ် ပ ညာ ဆုံး ပါး ပြီ လော။ ဉာဏ် ပ ဋိ ဘာန် ရှိ သူ တို့ ၌၊ အ ကြံ အ စည် ပ ညာ ပျက် ၍ ဉာဏ် ပ ညာ ကွယ် ပြီ လော။
အခန်းကိုကြည့်ပါ။ ကော်ပီ
7 ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ဧဒုံပြည်ကိုရည်မှတ်၍ မိန့်တော်မူသည်ကား၊ တေမန်ပြည်၌ ပညာကုန်သလော။ ပညာသတိရှိသော သူတို့သည် အကြံမပေးနိုင်သလော။ သူတို့ဉာဏ်သည် ဆုံးသလော။
အခန်းကိုကြည့်ပါ။ ကော်ပီ