အကျွန်ုပ်သည် ကိုယ်တော်ကို စိတ်နှလုံးအကြွင်းမဲ့ရှာပါ၏။ အကျွန်ုပ်ကို ကိုယ်တော်၏ပညတ်တော်တို့မှ လမ်းလွဲစေတော်မမူပါနှင့်။
ဟေရှာယ 63:17 - မြန်မာ့စံမီသမ္မာကျမ်း အို ထာဝရဘုရား၊ ကိုယ်တော်သည် ကျွန်ုပ်တို့ကို အဘယ်ကြောင့် လမ်းတော်မှလမ်းလွဲစေသနည်း။ ကိုယ်တော်ကို မကြောက်ရွံ့စေရန် ကျွန်ုပ်တို့၏စိတ်ကို အဘယ်ကြောင့် ခိုင်မာစေသနည်း။ ကိုယ်တော်၏အစေအပါး၊ ကိုယ်တော်၏အမွေတော်လူမျိုးစုအတွက် ပြန်လာတော်မူပါ။ Common Language Bible ကျွန်တော်မျိုးတို့အားအဘယ်ကြောင့်ကိုယ်တော် ရှင်၏တရားလမ်းမှလွှဲရှောင်သွားစေတော်မူ ပါသနည်း၊ အဘယ်ကြောင့်ကျွန်တော်မျိုးတို့ အားခေါင်းမာစေလျက် ကိုယ်တော်ရှင်ထံမှရှောင် လွှဲစေပါသနည်း။ ကိုယ်တော်ရှင်အားကိုးကွယ် သူတို့ကိုထောက်ထားသဖြင့်လည်းကောင်း၊ ကိုယ်တော်ရှင်ထာဝစဉ်ပိုင်သတော်မူသည့် လူမျိုးတော်အားထောက်ထားသဖြင့်လည်း ကောင်း ပြန်လည်ကြွလာတော်မူပါ။ Garrad Bible အို ထာ ဝ ရ ဘု ရား၊ အ ကျွန်ုပ် တို့ စိတ် နှ လုံး ကို၊ နည်း လမ်း တော် များ မှ သွေ စေ လျက်၊ ကိုယ် တော် အား မ ခန့် ညား စေ ရန်၊ အ ဘယ့် ကြောင့် ခဲယဉ်း စေ တော် မူ ပါ သ နည်း။ ပိုင် တော် မူ ရာ အ နွယ် ဖြစ် သော ကျွန် တော် မျိုး တို့ အ တွက် ပြန် လာ တော် မူ ပါ။ Judson Bible အိုထာဝရဘုရား၊ ကိုယ်တော်၏လမ်းမှ အကျွန်ုပ်တို့ကို အဘယ်ကြောင့် လွှဲစေတော်မူသနည်း။ ကိုယ်တော်ကို မကြောက်ရွံ့မည်အကြောင်း၊ အကျွန်ုပ်တို့၏စိတ်နှလုံးကို အဘယ်ကြောင့် ခိုင်မာစေတော်မူသနည်း။ ကိုယ်တော်၏ကျွန်တို့အတွက်၊ အမွေတော်ဖြစ်သော အနွယ်တို့အတွက် ပြန်လာတော်မူပါ။ |
အကျွန်ုပ်သည် ကိုယ်တော်ကို စိတ်နှလုံးအကြွင်းမဲ့ရှာပါ၏။ အကျွန်ုပ်ကို ကိုယ်တော်၏ပညတ်တော်တို့မှ လမ်းလွဲစေတော်မမူပါနှင့်။
အကျွန်ုပ်၏စိတ်နှလုံးကို မတရားသောအကျိုးစီးပွားဘက်သို့မဟုတ်ဘဲ ကိုယ်တော်၏သက်သေခံချက်များဘက်သို့ တိမ်းညွတ်စေတော်မူပါ။
အပြစ်ဒုစရိုက်ပြုသောသူတို့နှင့်အတူ ဆိုးယုတ်သောအမှုတို့ကိုပြုစေရန် အကျွန်ုပ်၏စိတ်နှလုံးကို မကောင်းမှုဘက်သို့တိမ်းညွတ်စေတော်မမူပါနှင့်။ ထိုသူတို့၏စားကောင်းသောက်ဖွယ်များကိုလည်း အကျွန်ုပ်မစားရပါစေနှင့်။
ကောင်းကင်ဗိုလ်ခြေအရှင်ဘုရားသခင်၊ ပြန်ကြွလာတော်မူပါ။ ကောင်းကင်ဘုံမှ အောက်သို့ကြည့်၍ ရှုမြင်တော်မူပါ။
အို ထာဝရဘုရား၊ ပြန်ကြွလာတော်မူပါ။ မည်မျှကြာပါမည်နည်း။ ကိုယ်တော်၏အစေအပါးအပေါ် သနားကရုဏာထားတော်မူပါ။
မောရှေနှင့်အာရုန်တို့သည် ဖာရောမင်းကြီး၏ရှေ့၌ ဤအံ့ဩဖွယ်အမှုအလုံးစုံတို့ကိုပြုသော်လည်း ထာဝရဘုရားသည် ဖာရောမင်းကြီး၏စိတ်နှလုံးကို မာကျောစေသဖြင့် သူသည် အစ္စရေးအမျိုးသားတို့ကို မိမိပြည်မှ မလွှတ်ပေးဘဲနေလေ၏။
ထာဝရဘုရားက မောရှေအား “သင်သည် အီဂျစ်ပြည်သို့ပြန်ရောက်သောအခါ သင်၌ ငါအပ်ပေးသော အံ့ဩဖွယ်အမှုအလုံးစုံတို့ကို ဖာရောမင်းကြီးရှေ့၌ပြုလော့။ သို့ရာတွင် ငါသည် သူ၏စိတ်နှလုံးကို မာကျောစေမည်ဖြစ်၍ သူသည် အစ္စရေးလူမျိုးတို့ကို မလွှတ်ဘဲနေလိမ့်မည်။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ငါ၏လူဖြစ်သောအီဂျစ်လူမျိုး၊ ငါ့လက်ဖြင့်ပုံဖော်ဖန်ဆင်းထားသူဖြစ်သောအဆီးရီးယားလူမျိုး၊ ငါ့အမွေဥစ္စာဖြစ်သောအစ္စရေးလူမျိုးတို့၌ မင်္ဂလာရှိကြစေသတည်း”ဟု သူတို့ကို ကောင်းချီးပေးတော်မူမည်။
ဘုရားရှင်ကလည်း “ဤလူမျိုးသည် နှုတ်ဖြင့် ချဉ်းကပ်၍ နှုတ်ခမ်းဖြင့် ငါ့ကိုဂုဏ်ပြုချီးမွမ်းကြ၏။ သူတို့၏စိတ်နှလုံးမူကား ငါနှင့်ဝေးလှ၏။ သူတို့သည် လူတို့သွန်သင်သောပညတ်ချက်အရ ငါ့ကို ကြောက်ရွံ့ကြ၏။
ထို့ကြောင့် ကြည့်ရှုလော့။ ငါသည် ဤလူမျိုးကိုအံ့ဩစေမည့် အံ့ဖွယ်အမှုတစ်ခုပြီးတစ်ခု ပြုမည်။ သူတို့ထဲမှ ပညာရှိတို့၏ဉာဏ်ပညာသည် ပျက်စီးသွားမည်။ အသိဉာဏ်ရှိသူတို့၏အသိဉာဏ်သည်လည်း ကွယ်ပျောက်သွားမည်”ဟု မိန့်တော်မူ၏။
ကိုယ်တော်၏ထွက်သက်လေသည် လည်ပင်းအထိရောက်သည့် တစ်ဟုန်ထိုးစီးဆင်းသောမြစ်ရေကဲ့သို့ဖြစ်၏။ တိုင်းနိုင်ငံတို့ကို ဖျက်ဆီးခြင်းဆန်ခါဖြင့် စစ်ချမည်။ လမ်းလွဲစေသောဇက်ကြိုးကို လူတို့၏မေးရိုး၌ တပ်ထားမည်။
ဤလူမျိုး၏စိတ်နှလုံးကို ထုံထိုင်းစေ၍ သူတို့၏နားကို လေးစေလော့။ သူတို့မျက်စိကိုလည်း ကန်းစေလော့။ သို့မဟုတ်လျှင် သူတို့သည် မျက်စိဖြင့်မြင်လျက်၊ နားဖြင့်ကြားလျက်၊ စိတ်နှလုံးဖြင့်နားလည်လျက် ပြောင်းလဲကြသဖြင့် သူတို့ကိုကျန်းမာစေရလိမ့်မည်”ဟု မိန့်တော်မူ၏။
ငါသွားသောလမ်းကို ကျောက်နံရံဖြင့် ပိတ်ထားပြီး လမ်းခရီးကို ကွေ့ကောက်စေတော်မူပြီ။
သူတို့၏ပူဇော်သက္ကာဖြစ်သည့် သားဦးတိုင်းကို မီးရှို့ပူဇော်ခြင်းဖြင့် ငါသည် သူတို့ကို ညစ်ညူးစေ၍ သူတို့ကို ငါဖျက်ဆီးသောအခါမှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့သိရမည်။
ထိုအခါ ထာဝရဘုရား၏ကောင်းကင်တမန်က “အို ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၊ နှစ်ပေါင်းခုနစ်ဆယ်ပတ်လုံး ကိုယ်တော်အမျက်တော်ရှခဲ့သော ယုဒပြည်ရှိမြို့များနှင့် ဂျေရုဆလင်မြို့ကို ကရုဏာတော်မပြဘဲ မည်မျှကြာအောင် နေတော်မူမည်နည်း”ဟု လျှောက်ဆိုလေ၏။
သေတ္တာတော်ရပ်နားသောအခါ “အို ထာဝရဘုရား၊ အစ္စရေးလူမျိုးအထောင်အသောင်းတို့ထံသို့ ပြန်လာတော်မူပါ” ဟု လျှောက်ဆိုလေ့ရှိ၏။
“သူတို့သည် မျက်စိဖြင့်မြင်၍ စိတ်နှလုံးဖြင့်နားလည်ကာ ပြောင်းလဲကြသဖြင့် သူတို့ကိုကျန်းမာစေရမည့်အဖြစ်မျိုးမရှိစေရန် ဘုရားသခင်သည် သူတို့၏မျက်စိကို ကွယ်စေတော်မူ၍ သူတို့၏စိတ်နှလုံးကို မာကျောစေတော်မူ၏”ဟု ထပ်မံ၍ ဟောပြောခဲ့သောကြောင့်ဖြစ်၏။
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် ဟေရှဘုန်ဘုရင်ရှိဟုန်မင်းကြီး၏စိတ်ကို မာကျောစေတော်မူသောကြောင့် ငါတို့ကို သူ့ပြည်ထဲမှ ဖြတ်သွားခွင့်မပြု။ ထိုသို့ သူ၏စိတ်နှလုံးကို မာကျောစေခြင်းသည် ယနေ့မြင်ရသည့်အတိုင်း သူ့ကို သင်တို့၏လက်သို့အပ်တော်မူရန်အတွက်ဖြစ်၏။
အစ္စရေးလူမျိုးတို့နှင့် စစ်တိုက်ရန် သူတို့ကို ထာဝရဘုရားစိတ်ခိုင်မာစေ၏။ ဤသို့ဖြစ်ခြင်းမှာ သူတို့ကို သုတ်သင်ပယ်ရှင်းမည်ဟု မောရှေအား ထာဝရဘုရားမိန့်တော်မူခဲ့သည့်အတိုင်း သူတို့ကို မသနားမညှာတာဘဲ တစ်ယောက်မကျန်ကွပ်မျက်တော်မူရန်ဖြစ်၏။