Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မြည်​တမ်း​စ​ကား 3:9 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

9 ငါ​သွား​သော​လမ်း​ကို ကျောက်နံရံ​ဖြင့် ပိတ်​ထား​ပြီး လမ်းခရီး​ကို ကွေ့ကောက်​စေ​တော်မူ​ပြီ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

9 ငါ​သည်​လမ်း​လျှောက်​သော​အ​ခါ ယိမ်း​ယိုင်​လျက်​နေ​ပါ​၏။ ငါ​လှည့်​လိုက်​သည့်​အ​ခါ​တိုင်း​၌ ကျောက်​နံ​ရံ​များ​ပိတ်​လျက်​ရှိ​ပါ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

9 ဆစ် ပြီး ကျောက် ဖြင့်၊ လမ်း မ များ ကို ဆို့ ပိတ် လျက်၊ လမ်း မြှောင် များ ကို လည်း ကွေ့ ကောက် ခြင်း ပြု တော် မူ သည် တ ကား။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

9 ငါ​သွား​ရာ​လမ်း​ကို​ကျောက်​ထ​ရံ​နှင့် ပိတ်၍၊ ကောက်​သော​လမ်း​ဖြင့် သွား​စေ​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




မြည်​တမ်း​စ​ကား 3:9
6 ပူးပေါင်းရင်းမြစ်များ  

ငါ​သွား​မည့်​လမ်း​ကို ပိတ်​ထား​တော်မူ​သဖြင့် ငါ​ဖြတ်​မ​သွား​နိုင်​။ ငါ​လျှောက်​မည့်​လမ်း​ကို​လည်း အမှောင်​ချထား​တော်မူ​၏​။


ကိုယ်တော်​၏​ထွက်သက်လေ​သည် လည်ပင်း​အထိ​ရောက်​သည့် တစ်ဟုန်ထိုးစီးဆင်း​သော​မြစ်ရေ​ကဲ့သို့​ဖြစ်​၏​။ တိုင်းနိုင်ငံ​တို့​ကို ဖျက်ဆီး​ခြင်း​ဆန်ခါ​ဖြင့် စစ်ချ​မည်​။ လမ်းလွဲ​စေ​သော​ဇက်ကြိုး​ကို လူ​တို့​၏​မေးရိုး​၌ တပ်​ထား​မည်​။


အို ထာဝရဘုရား​၊ ကိုယ်တော်​သည် ကျွန်ုပ်​တို့​ကို အဘယ်ကြောင့် လမ်း​တော်​မှ​လမ်းလွဲ​စေ​သနည်း​။ ကိုယ်တော်​ကို မ​ကြောက်ရွံ့​စေရန် ကျွန်ုပ်​တို့​၏​စိတ်​ကို အဘယ်ကြောင့် ခိုင်မာ​စေ​သနည်း​။ ကိုယ်တော်​၏​အစေအပါး​၊ ကိုယ်တော်​၏​အမွေ​တော်​လူမျိုးစု​အတွက် ပြန်လာ​တော်မူ​ပါ​။


ကိုယ်တော်​သည် ငါ့​ကို ချောင်းမြောင်း​နေ​သော​ဝက်ဝံ​၊ ကွယ်​ရာ​၌​ပုန်း​နေ​သော​ခြင်္သေ့​ကဲ့သို့ ဖြစ်စေ​တော်မူ​ပြီ​။


ငါ့​ကို လမ်း​လွဲ​စေ​၍ အပိုင်းပိုင်း​ဆွဲဖြတ်​တော်မူ​ပြီ​။ ငါ့​ကို အထီးကျန်​စေ​တော်မူ​ပြီ​။


ထို့ကြောင့် သူ​သွား​မည့်​လမ်း​ကို ဆူးပင်​များ​နှင့် ငါ​ကာ​ထား​မည်​။ သူ​သွား​မည့်​လမ်း​ကို ရှာ​မ​တွေ့​အောင် တံတိုင်း​ကာ​ထား​မည်​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ