ဟေရှာယ 30:28 - မြန်မာ့စံမီသမ္မာကျမ်း28 ကိုယ်တော်၏ထွက်သက်လေသည် လည်ပင်းအထိရောက်သည့် တစ်ဟုန်ထိုးစီးဆင်းသောမြစ်ရေကဲ့သို့ဖြစ်၏။ တိုင်းနိုင်ငံတို့ကို ဖျက်ဆီးခြင်းဆန်ခါဖြင့် စစ်ချမည်။ လမ်းလွဲစေသောဇက်ကြိုးကို လူတို့၏မေးရိုး၌ တပ်ထားမည်။ အခန်းကိုကြည့်ပါ။Common Language Bible28 ကိုယ်တော်သည်လေပြင်းကိုတိုက်ခတ်စေ တော်မူလိမ့်မည်။ ထိုလေသည်အရာခပ်သိမ်း ကိုမြောပါသွားစေတတ်သည့်မြစ်ရေလျှံ သကဲ့သို့လူမျိုးတကာကိုဆုံးပါးပျက်စီး စေ၍၊ သူတို့၏ဆိုးညစ်သောအကြံအစည် များကိုပျက်ပြားစေလိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible28 ထွက် သက် တော် သည် လူ မျိုး ခြား တို့ အ ကျိုး ကို ဖျက် စ ကော ဖြင့် ချ အံ့ သော ငှာ၊ လည် ထိ လွှမ်း မိုး သော မြစ် ရေ သ ဖွယ်၊ လူ အ မျိုး မျိုး တို့၏ ပါး စောင် တွင် လမ်း လွဲ စေ သော ပါး ချပ် သ ဖွယ် ဖြစ် ၏။ အခန်းကိုကြည့်ပါ။Judson Bible28 ထွက်သက်တော်သည်လည်း၊ လူမျိုးတို့ကို ရှင်းရှင်း ဖျက်ဆီးခြင်းငှာ၊ လွှမ်းမိုးသောရေကဲ့သို့ လည်ပင်းကို မီလိမ့်မည်။ လမ်းလွဲစေသောဇက်ကို သူတို့ပါးစပ်၌ ခွံ့တော်မူလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ဘုရားသခင်၏နှုတ်ကပတ်တော်သည် အသက်ရှင်၍ ထက်မြက်ကာ အသွားနှစ်ဖက်ပါသည့် ဓားရှိသမျှတို့ထက် သာ၍ထက်သဖြင့် အသက်နှင့်ဝိညာဉ်တို့အထိလည်းကောင်း၊ အဆစ်အမြစ်နှင့်ခြင်ဆီတို့အထိလည်းကောင်း ထိုးဖောက်ပိုင်းခြားတတ်၏။ စိတ်နှလုံး၏စဉ်းစားဆင်ခြင်မှုနှင့်သဘောထားတို့ကိုလည်း ထိုးထွင်းသိမြင်နိုင်၏။