ထို့နောက် ဗာလဘုရားဝတ်ကျောင်းထဲရှိ ကျောက်တိုင်များကို အပြင်သို့ထုတ်ပြီး မီးရှို့ပစ်ကြ၏။
ဟေရှာယ 27:9 - မြန်မာ့စံမီသမ္မာကျမ်း ဤနည်းဖြင့် ကိုယ်တော်သည် ယာကုပ်အမျိုး၏အပြစ်ကို ဖြေလွှတ်တော်မူ၏။ ယဇ်ပလ္လင်ကျောက်ရှိသမျှတို့ကို ထုံးကျောက်ကဲ့သို့ အစိတ်စိတ်အမွှာမွှာကျိုးပဲ့စေ၍ အာရှရနတ်ဘုရားမတံခွန်တိုင်များ၊ နံ့သာပေါင်းပူဇော်ရာယဇ်ပလ္လင်များကို ဖြိုလှဲခြင်းသည် သူ၏အပြစ်ကိုဖယ်ရှားသည့်အကြောင်းရင်း ဖြစ်၏။ Common Language Bible ရုပ်တုကိုးကွယ်ရာယဇ်ပလ္လင်ကျောက်ရှိသမျှ သည် မြေဖြူကျောက်ကဲ့သို့ထုထောင်းချေမှုန်း ခြင်းကိုခံရ၍ အာရှရတံခွန်တိုင်များနှင့် နံ့သာပေါင်းကိုမီးရှို့ရာပလ္လင်များမကျန် မရှိတော့သည့်အချိန်ကာလမကျရောက် မီ ဣသရေလအမျိုးသားများသည် မိမိတို့ ၏အပြစ်များမှဖြေလွှတ်ဖယ်ရှားလိမ့်မည် မဟုတ်။ Garrad Bible ယာ ကုပ် အ မျိုး၏ ဒု စ ရိုက် ပြေ ရှင်း ခွင့်၊ အ ပြစ် ပယ် လှန် ခွင့် အ ကျိုး မှာ၊ တံ ခွန် တိုင်၊ နေ မင်း တိုင် များ မ တည် တ္တံ့ ရ ဘဲ၊ ယဇ် ပ လ္လင် ကျောက် ရှိ သ မျှ ကို ထုံး ကျောက် ကဲ့ သို့ ချေ မွ ခြင်း တည်း။ Judson Bible ထိုသို့ ယာကုပ်အမျိုးသည် ယဇ်ပလ္လင်ကျောက်တို့ကို ထုံးကျောက်ကဲ့သို့ ချိုးဖဲ့၍၊ အာရှရပင်နှင့် ရုပ်တုတို့ကို လှဲသောအခါ၊ မိမိအပြစ်ပြေ၍၊ အပြစ်ပြေရှင်းခြင်း အကျိုးကျေးဇူးရှိသမျှကို ခံရလိမ့်မည်။ |
ထို့နောက် ဗာလဘုရားဝတ်ကျောင်းထဲရှိ ကျောက်တိုင်များကို အပြင်သို့ထုတ်ပြီး မီးရှို့ပစ်ကြ၏။
အထွတ်အမြတ်ထားရာကျောက်တိုင်များကို ချိုးပစ်၏။ အာရှရနတ်ဘုရားမတံခွန်တိုင်များကိုလည်း ခုတ်လှဲပစ်ပြီး ထိုနေရာကို လူသေအရိုးများနှင့် အုပ်ထားလိုက်လေ၏။
သူသည် ထာဝရဘုရား၏အိမ်တော်မှစ၍ ဘုရင့်နန်းတော်နှင့် ဂျေရုဆလင်မြို့ရှိ အိမ်အားလုံးကို မီးရှို့၏။ မှူးကြီးမတ်ရာတို့၏အိမ်အားလုံးကိုလည်း မီးရှို့လေ၏။
ယုဒမြို့ရွာတို့တွင် အထွတ်အမြတ်ထားရာနေရာများ၊ နံ့သာပေါင်းမီးရှို့ရာယဇ်ပလ္လင်များကိုလည်း ဖယ်ရှားပစ်၏။ သူ့လက်ထက်တွင် နိုင်ငံတော်အေးချမ်းသာယာလျက် ရှိ၏။
ဗာလယဇ်ပလ္လင်များကိုလည်း သူ့ရှေ့၌ဖြိုဖျက်ပစ်ကြ၏။ ထိုယဇ်ပလ္လင်ပေါ်ရှိ နံ့သာပေါင်းပူဇော်ရာယဇ်ပလ္လင်များကိုလည်း ချိုးဖျက်ပစ်၏။ အာရှရနတ်ဘုရားမတံခွန်တိုင်များ၊ ထုလုပ်သောရုပ်တုများ၊ သွန်းလုပ်သောရုပ်တုများကိုလည်း တစ်စစီချိုးဖဲ့ဖျက်ဆီးပစ်ပြီး ယဇ်ပူဇော်သောသူတို့၏သင်္ချိုင်းဂူများပေါ်တွင် ကြဲပစ်လိုက်လေ၏။
သူတို့သည် ဘုရားသခင်၏အိမ်တော်ကို မီးရှို့ပြီး ဂျေရုဆလင်မြို့ရိုးကို ဖြိုချပစ်၏။ နန်းတော်တစ်ခုလုံးကိုလည်း မီးရှို့ပြီး အဖိုးတန်အသုံးအဆောင်အားလုံးကိုလည်း ဖျက်ဆီးပစ်ကြ၏။
အကျွန်ုပ်သည် ဒုက္ခဝေဒနာမခံစားရမီ လမ်းလွဲခဲ့ပါ၏။ ယခုမူကား ကိုယ်တော်၏မိန့်တော်မူချက်ကို စောင့်ထိန်းပါ၏။
ဒုက္ခဝေဒနာခံစားရခြင်းသည် အကျွန်ုပ်အတွက် ကောင်းပါ၏။ သို့မှ ကိုယ်တော်၏ပြဋ္ဌာန်းချက်တို့ကို အကျွန်ုပ်သင်ယူနိုင်မည်။
သင်သည် သူတို့၏ယဇ်ပလ္လင်များကို ဖြိုဖျက်ပစ်၍ သူတို့၏ကျောက်တိုင်များကို ဖြိုလှဲရမည်။ အာရှရနတ်ဘုရားမတံခွန်တိုင်များကိုလည်း ခုတ်လှဲရမည်။
ဒဏ်ရာဒဏ်ချက်သည် မကောင်းမှုကိုလည်းကောင်း၊ ရိုက်နှက်ခြင်းသည် အတွင်းအကျဆုံးနေရာများကိုလည်းကောင်း ဆေးကြောသန့်စင်ပေး၏။
အကယ်စင်စစ် သူတို့သည် သင်တို့တပ်မက်ခဲ့သောဝက်သစ်ချပင်တို့ကြောင့် အရှက်ကွဲရလိမ့်မည်။ သင်တို့ ရွေးချယ်ခဲ့သောဥယျာဉ်တို့ကြောင့် မျက်နှာပျက်ရလိမ့်မည်။
မိမိလက်နှင့်လုပ်သော ယဇ်ပလ္လင်တို့ကို မျှော်ကြည့်မည်မဟုတ်။ မိမိလက်ချောင်းနှင့်လုပ်သော အာရှရနတ်ဘုရားမတံခွန်တိုင်များ၊ နံ့သာပေါင်းပူဇော်ရာယဇ်ပလ္လင်များကိုလည်း ဖူးမြင်မည်မဟုတ်။
သင်တို့သည် ငွေဖြင့်မွမ်းမံသောရုပ်တု၊ ရွှေဖြင့်သွန်းလုပ်သောရုပ်တုတို့ကို ညစ်ညူးသည်ဟုမှတ်လျက် ရာသီသွေးစွန်းသောအဝတ်ကဲ့သို့ လွှင့်ပစ်၍ “သွားတော့”ဟု ဆိုလိမ့်မည်။
ဘုရားရှင်သည် တရားစီရင်ခြင်းဝိညာဉ်၊ လောင်ကျွမ်းခြင်းဝိညာဉ်တို့ဖြင့် ဇိအုန်သမီးတို့၏အညစ်အကြေးကိုဆေးကြော၍ ဂျေရုဆလင်မြို့ထဲမှ သွေးတို့ကို သန့်စင်စေတော်မူမည်။
“စစ်ပွဲ ပြီးဆုံးပြီ။ ထာဝရဘုရား၏လက်တော်မှ မိမိအပြစ်အတွက် နှစ်ဆခံယူပြီးပြီဖြစ်၍ အပြစ်လည်း ခွင့်လွှတ်ခြင်းခံရပြီ”ဟု ဂျေရုဆလင်မြို့အား ကြေညာပြီး နှစ်သိမ့်ပေးလော့။
ကြည့်ရှုလော့။ ငါသည် သင့်ကိုသန့်စင်စေခဲ့ပြီ။ သို့သော် ငွေကဲ့သို့မဟုတ်။ ဆင်းရဲဒုက္ခတည်းဟူသောမီးပြင်းဖိုထဲ၌ သင့်ကို ငါစမ်းသပ်၏။
ဘုရားရှင်ထာဝရဘုရားက ‘သူတို့ပြန်လာကြသောအခါ ထိုပြည်ရှိ စက်ဆုပ်ရွံရှာဖွယ်အမှုရှိသမျှတို့ကို ဖယ်ရှားပစ်ကြလိမ့်မည်။
ငါ့ကို ပုန်ကန်သောသူ၊ ပြစ်မှားသောသူတို့ကို ငါသုတ်သင်ပစ်မည်။ သူတို့ကို တည်းခိုနေထိုင်ရသောပြည်မှထုတ်ဆောင်လာမည်ဖြစ်သော်လည်း အစ္စရေးပြည်ထဲသို့ သူတို့ဝင်ရမည်မဟုတ်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိရမည်’ဟု မိန့်တော်မူ၏။
ယဇ်ပလ္လင်တို့သည် ဖျက်ဆီးခြင်းခံရမည်။ နံ့သာပေါင်းပူဇော်ရာယဇ်ပလ္လင်တို့သည်လည်း ချိုးဖဲ့ခြင်းခံရမည်။ သင်တို့၏ရုပ်တုများရှေ့တွင် လူတို့ကို လဲကျသေဆုံးစေမည်။
သတ်မှတ်ထားသောကာလ မရောက်သေးသည်ဖြစ်၍ ပညာရှိအချို့တို့သည် အပြစ်ကင်းစင်ပြီး သန့်ရှင်းစင်ကြယ်ဖို့ နောက်ဆုံးသောကာလအထိ လှဲချခြင်းခံရလိမ့်မည်။
ဧဖရိမ်က ‘ငါသည် ရုပ်တုတို့နှင့် မည်သို့ဆိုင်သေးသနည်း’ဟု ဆိုလိမ့်မည်။ ငါသည် သူ့စကားကိုကြား၍ သူ့ကိုကြည့်ရှုစောင်မမည်။ ငါသည် စိမ်းလန်းသောထင်းရှူးပင်ကဲ့သို့ ဖြစ်၍ သင်တို့သည် ငါ့ထံမှ အသီးကို ရရှိလိမ့်မည်။”
ငါသည် သင်တို့အထွတ်အမြတ်ထားရာနေရာတို့ကို ဖျက်ဆီး၍ သင်တို့၏နံ့သာပေါင်းပူဇော်ရာယဇ်ပလ္လင်တို့ကို ခုတ်လှဲမည်။ သင်တို့၏အလောင်းတို့ကို သင်တို့၏သက်မဲ့ရုပ်တုများအပေါ်၌ စုပုံထားမည်။ ငါ၏စိတ်ဝိညာဉ်သည် သင်တို့ကိုရွံရှာမည်။
သင့်ပြည်ရှိ မြို့များကို ငါဖျက်ဆီးပစ်မည်။ သင့်ခံတပ်ရှိသမျှတို့ကိုလည်း ဖြိုချပစ်မည်။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ထိုနေ့ရက်တွင် ထိုပြည်မှ ရုပ်တုတို့၏အမည်များကို ပြန်လည်အမှတ်ရခြင်း မရှိလေအောင် ငါ ပယ်ဖျက်ပစ်မည်။ ထိုနည်းတူ ထိုပြည်မှ ပရောဖက်များနှင့် ဝိညာဉ်ဆိုးများကိုလည်း ဖယ်ရှားပစ်မည်။
ဤသည်ကား သူတို့၏အပြစ်များကို ငါဖယ်ရှားသောအခါ သူတို့အား ငါပေးမည့်ပဋိညာဉ်ပေတည်း”ဟု ကျမ်းစာ၌ရေးထားသည့်အတိုင်းဖြစ်၏။
စီရင်ခြင်းခံရလျှင်လည်း လောကီသားတို့နှင့်အတူ ပြစ်ဒဏ်စီရင်ခြင်းမခံရမည့်အကြောင်း သခင်ဘုရား၏ဆုံးမတော်မူခြင်းကိုခံရကြ၏။
သူတို့၏ယဇ်ပလ္လင်များကိုလည်း ဖြိုဖျက်၍ ကျောက်တိုင်များကို ဖြိုလှဲပစ်ရမည်။ အာရှရနတ်ဘုရားမတံခွန်တိုင်များကို မီးရှို့ပစ်ရမည်။ သူတို့၏ဘုရားများဖြစ်သည့် ရုပ်တုဆင်းတုများကို ခုတ်လှဲ၍ ထိုဘုရားများ၏နာမကို ထိုအရပ်မှ ဖျောက်ဖျက်ပစ်ရမည်။
အကြောင်းမူကား ထာဝရဘုရားသည် ချစ်တော်မူသောသူကို ဆုံးမပဲ့ပြင်တတ်၏။ လက်ခံတော်မူသမျှသောသားတို့ကို ဒဏ်ခတ်ရိုက်နှက်တတ်၏”ဟု သားကိုမိန့်တော်မူသကဲ့သို့ သင်တို့အားမိန့်တော်မူသော တိုက်တွန်းအားပေးစကားကို သင်တို့မေ့လျော့ကြပြီ။