ဟေရှာယ 1:29 - မြန်မာ့စံမီသမ္မာကျမ်း29 အကယ်စင်စစ် သူတို့သည် သင်တို့တပ်မက်ခဲ့သောဝက်သစ်ချပင်တို့ကြောင့် အရှက်ကွဲရလိမ့်မည်။ သင်တို့ ရွေးချယ်ခဲ့သောဥယျာဉ်တို့ကြောင့် မျက်နှာပျက်ရလိမ့်မည်။ အခန်းကိုကြည့်ပါ။Common Language Bible29 သင်သည်သစ်ပင်များကိုဝတ်ပြုရှိခိုးမိခဲ့သည့်အတွက် ဝတ်ပြုကိုးကွယ်ရာဥယျာဉ်များကိုစိုက်ပျိုးမိခဲ့သည့်အတွက်ဝမ်းနည်းရလိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible29 နှစ် သက် သော ညန် ပင် များ ကြောင့် အ ရှက် ကွဲ ကြ လျက်၊ ရွေး ကောက် မြတ် နိုး သော မြိုင် များ အ တွက် အ သ ရေ ပျက် ကြ လျက်။ အခန်းကိုကြည့်ပါ။Judson Bible29 သင်တို့သည် တပ်မက်ဖူးသော သပိတ်ပင်တို့ကြောင့် ရှက်ကြလိမ့်မည်။ သင်တို့သည် ရွေးယူဖူးသောဥယျာဉ်တို့ကြောင့် မျက်နှာပျက်ကြလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ရုပ်တုရှိသမျှကို မွှေးကြိုင်သောနံ့သာပေါင်းပူဇော်ရာနေရာများဖြစ်သည့် ရုပ်တုများကြားနှင့် ယဇ်ပလ္လင်ပတ်ပတ်လည်၊ တောင်ကုန်းများနှင့် တောင်ထိပ်များပေါ်၊ စိမ်းလန်းသောသစ်ပင်များနှင့် သပိတ်ပင်များအောက်တို့တွင် လူတို့သေနေသည်ကို မြင်သောအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သူတို့သိကြလိမ့်မည်။
သူတို့သည် တောင်ထိပ်များပေါ်တွင် ယဇ်ပူဇော်ပြီး တောင်ကုန်းများပေါ်တွင်လည်းကောင်း၊ အရိပ်ကောင်းသောဝက်သစ်ချပင်၊ ပေါ့ပလာပင်၊ သပိတ်ပင်တို့အောက်တွင်လည်းကောင်း နံ့သာပေါင်းကို မီးရှို့ပူဇော်ကြ၏။ ထို့ကြောင့် သင်တို့၏သမီးတို့သည် ပြည့်တန်ဆာလုပ်ပြီး ချွေးမတို့သည် အိမ်ထောင်ရေးဖောက်ပြန်ကြ၏။