Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ရာ​ချုပ် 36:19 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

19 သူ​တို့​သည် ဘုရားသခင်​၏​အိမ်​တော်​ကို မီးရှို့​ပြီး ဂျေရုဆလင်​မြို့ရိုး​ကို ဖြိုချ​ပစ်​၏​။ နန်းတော်​တစ်ခုလုံး​ကို​လည်း မီး​ရှို့​ပြီး အဖိုးတန်​အသုံးအဆောင်​အားလုံး​ကို​လည်း ဖျက်ဆီး​ပစ်​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

19 သူ​သည်​ဗိ​မာန်​တော်​နှင့်​မြို့​တော်​ကို​မီး​ရှို့ လျက်​ယေ​ရု​ရှ​လင်​မြို့​ရိုး​တို့​ကို​ဖြို​ဖျက်​၍ နန်း​တော်​အ​ဆောက်​အ​အုံ​များ​ကို​အ​ဖိုး တန်​ပစ္စည်း​များ​နှင့်​အ​တူ​မီး​ရှို့​ဖျက်​ဆီး တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

19 ဗာ ဗု လုန် မြို့ သို့ ပို့၍၊ ဗိ မာန် တော်၊ တိုက် အိမ် အ ဆောင် ဆောင် ကို မီး တိုက် လျက်၊ ဆိုင် ရာ အ ဖိုး ထိုက် တန် ဆာ များ ကို ဖျက် ဆီး လျက်၊ မြို့ ရိုး ကို လည်း ဖြို ဖျက် စေ ပြီး မှ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

19 ဗိ​မာန်​တော်​ကို​လည်း မီး​ရှို့၍ ယေ​ရု​ရှ​လင်​မြို့​ရိုး​ကို ဖြို​ဖျက်​ကြ၏။ မင်း​အိမ်​ရှိ​သ​မျှ​တို့​ကို​လည်း မီး​ရှို့၍ မြို့​တန်​ဆာ အ​ကောင်း​အ​မြတ်​ရှိ​သ​မျှ​တို့​ကို ဖျက်​ဆီး​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ရာ​ချုပ် 36:19
22 ပူးပေါင်းရင်းမြစ်များ  

ဤ​သန့်ရှင်းမြင့်မြတ်​သော​အိမ်​တော်​အနား​မှ ဖြတ်သွား​သော​သူ​တိုင်း အံ့အားသင့်​လျက် ကဲ့ရဲ့​ကြ​လိမ့်မည်​။ ‘​ဤ​ပြည်​နှင့် ဤ​အိမ်​တော်​ကို အဘယ်ကြောင့် ထာဝရဘုရား ဤသို့​ပြု​တော်မူ​သနည်း​’​ဟု ဆို​ကြ​လိမ့်မည်​။


ထာဝရဘုရား​က ကြည့်ရှု​လော့​။ ယုဒ​ဘုရင်​ရှေ့​၌ ဖတ်ပြ​ခဲ့​သော​ကျမ်း​တွင် ရေးထား​သော​ကျိန်စာ​ရှိသမျှ​အတိုင်း ငါ​သည် ဤ​မြို့​နှင့်​မြို့သား​တို့​ကို ဘေးအန္တရာယ်​နှင့် ကြုံတွေ့​စေ​မည်​။


သူ​တို့​ကို ငါ​ပေး​ထား​သော​ပြည်​မှ ဖယ်ထုတ်​ပစ်​မည်​။ ငါ့​နာမ​အဖို့ ငါ​သန့်ရှင်း​စေ​သော​ဤ​အိမ်​တော်​ကို​လည်း ငါ့​ရှေ့မှောက်​မှ ဖယ်ရှား​ပြီး လူမျိုး​တကာ​တို့​အလယ်​တွင် ပုံခိုင်းစရာ​၊ ပြောင်လှောင်စရာ ဖြစ်​စေ​မည်​။


သူ​တို့​က “​သုံ့ပန်းဘဝ​မှ​လွတ်မြောက်​ကြွင်းကျန်​သူ​တို့​သည် နေရင်းပြည်​တွင် ဆင်းရဲဒုက္ခ​ကြီးစွာ​ရောက်​ပြီး ကဲ့ရဲ့ရှုတ်ချ​ခြင်း​ကို ခံ​နေ​ရ​ပါ​၏​။ ဂျေရုဆလင်​မြို့ရိုး​လည်း ဖြိုဖျက်​ခြင်း​ခံရ​ပါ​ပြီ​၊ မြို့​တံခါး​များ​လည်း မီး​လောင်ကျွမ်း​သွား​ပါ​ပြီ​”​ဟု ပြောပြ​ကြ​၏​။


မင်းကြီး​အား “​အရှင်မင်းကြီး သက်တော်ရှည်​ပါစေ​။ အကျွန်ုပ်​ဘိုးဘေး​တို့​၏​သင်္ချိုင်းမြေ​ရှိ​ရာ​မြို့​သည် ပျက်စီး​၍ မြို့​တံခါး​များ မီး​လောင်ကျွမ်း​သွား​သောကြောင့် အကျွန်ုပ် မျက်နှာ​မ​ညှိုး​ဘဲ နေ​နိုင်​ပါ​မည်လော​”​ဟု ပြန်လျှောက်​၏​။


အို ဘုရားသခင်​၊ လူမျိုးခြား​တို့​သည် ကိုယ်တော်​၏​အမွေ​တော်​ထဲသို့ ဝင်ရောက်​လာ​၍ ကိုယ်တော်​၏​သန့်ရှင်း​သော​ဗိမာန်တော်​ကို ညစ်ညူး​စေ​ကြ​ပါ​ပြီ​။ ဂျေရုဆလင်​မြို့​ကို​လည်း အပြိုအပျက်ပုံ​ဖြစ်​စေ​ကြ​ပါ​ပြီ​။


အကြောင်းမူကား သူ​တို့​သည် ယာကုပ်​အမျိုး​ကို​ဝါးမျို​၍ သူ​၏​မှီတင်း​နေထိုင်​ရာ​အရပ်​ကို ဖျက်ဆီး​ကြ​ပါ​ပြီ​။


ထို​အပင်​သည် မီး​ရှို့​ခြင်း​၊ ခုတ်လှဲ​ခြင်း​ခံရ​ပါ​ပြီ​။ သူ​တို့​သည် ရှေ့​တော်​၌ ဆုံးမ​ခြင်း​ခံရ​၍ ပျက်စီး​ကြ​ရ​ပါ​၏​။


ရှင်းလင်းပြုစု​ခြင်း​၊ တူးဆွပေါင်းသင်​ခြင်း​မ​ခံရ​ဘဲ ချုံပင်​၊ ဆူးပင်​များ​ပေါက်ရောက်​ရာ ဖုန်းဆိုးမြေ​ဖြစ်​မည်​။ ထို​ခြံ​အပေါ် မိုး​မ​ရွာသွန်း​စေရန် တိမ်တိုက်​တို့​ကို ငါ​မိန့်မှာ​မည်​။


အကြောင်းမူကား ဤ​မြို့​ကို အကောင်း​မ​ဟုတ် အဆိုး​အတွက် ငါ​ထား​ထား​၏​။ ဘေဘီလုံ​ဘုရင်​လက်​သို့​အပ်​သဖြင့် သူ​သည် မီး​ရှို့​ပစ်​လိမ့်မည်’​ဟူ၍ မိန့်​တော်မူ​သည်”​ဟု ဆင့်ဆို​ရ​မည်​။


ထာဝရဘုရား​က “ငါ​သည် သင်​တို့​လုပ်ဆောင်မှု​အကျိုးအပြစ်​အလျောက် သင်​တို့​ကို ဒဏ်ခတ်​မည်​။ သင်​တို့​တော​ကို​မီး​ရှို့​သဖြင့် သင်​တို့​နေရာ​ပတ်ပတ်လည်​ကို လောင်ကျွမ်း​လိမ့်မည်”​ဟု မိန့်​တော်မူ​၏​။


ဤ​မြို့​ကို​တိုက်ခိုက်​လာ​သော ခါလဒဲ​စစ်သည်​တို့​သည် မြို့​ထဲသို့​ဝင်ရောက်​မီး​ရှို့​ကြ​လိမ့်မည်​။ ခေါင်မိုးပြင်​ပေါ်တွင် ဗာလ​ဘုရား​အား နံ့သာပေါင်း​မီးရှို့ပူဇော်​၍ အခြား​ဘုရား​တို့​အား သွန်းလောင်းရာပူဇော်သက္ကာ​ကို သွန်းလောင်း​ခြင်း​ဖြင့် ငါ့​အမျက်​ကို နှိုးဆော်​သော​သူ​တို့​၏​အိမ်​အားလုံး မီးလောင်​သွား​လိမ့်မည်​။


သို့ဖြစ်၍ သင်​တို့​ယုံကြည်ကိုးစား​ရာ​ဖြစ်​သည့် ငါ့​နာမ​ဖြင့်​ခေါ်ဝေါ်သမုတ်​သော အိမ်​တော်​ကို​လည်းကောင်း​၊ သင်​တို့​နှင့်​သင်​တို့​ဘိုးဘေး​တို့​အား ငါ​ပေး​သော​ပြည်​ကို​လည်းကောင်း ရှိလော​အရပ်​၌ ပြု​ခဲ့​သည့်​နည်းတူ ငါ​ပြု​မည်​။


‘​ဤသည်ကား ထာဝရဘုရား​၏​ဗိမာန်တော်​၊ ထာဝရဘုရား​၏​ဗိမာန်တော်​၊ ထာဝရဘုရား​၏​ဗိမာန်တော်​ဖြစ်​သည်​’​ဟု ဆို​တတ်​သော​သူ​တို့​၏​မုသား​စကား​ကို သင်​တို့​မ​ယုံ​ကြ​နှင့်​။


ရွှေ​သည် အရောင်မှိန်​သွား​ပါ​ပြီ​တကား​။ ရွှေ​စင်​သည် အရောင်ပြောင်း​သွား​ပါ​ပြီ​တကား​။ သန့်ရှင်းရာဌာန​မှ ကျောက်​များ​သည်​လည်း လမ်းဆုံလမ်းခွ​တို့​၌ ပြန့်ကျဲ​နေ​ပါ​ပြီ​တကား​။


သို့ဖြစ်၍ သင်​တို့​ကြောင့် ဇိအုန်​မြို့​သည် လယ်​ကဲ့သို့ ထွန်ယက်​ခြင်း​ကို ခံရ​မည်​။ ဂျေရုဆလင်​မြို့​သည်​လည်း အပြိုအပျက်ပုံ​ဖြစ်​လိမ့်မည်​။ အိမ်​တော်​တည်ရှိ​ရာ​တောင်​သည်​လည်း တောအုပ်​ဖြစ်​လိမ့်မည်​။


သို့သော် ငါ့​အစေအပါး​ပရောဖက်​တို့​အား ငါ​မိန့်မှာ​ထား​သော​စကား​များ​နှင့် ပြဋ္ဌာန်းချက်​များ​သည် သင်​တို့​ဘိုးဘေး​တို့​အပေါ်​ကျရောက်​လာ​ခဲ့​သည်​မ​ဟုတ်​လော​။ ထို့နောက် သူ​တို့​ပြန်လှည့်​လာ​၍ ‘ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​သည် စိတ်ပိုင်းဖြတ်​ထား​သည့်​အတိုင်း ငါ​တို့​အပြုအမူ​အကျင့်အကြံ​တို့​နှင့်အညီ ငါ​တို့​ကို အပြစ်ပေး​တော်မူ​ပြီ’​ဟူ၍ ဆို​ကြ​သည်”​ဟု မိန့်ဆို​၏​။


ကိုယ်တော်​က“ဤ​အရာ​များ​ကို သင်​တို့​မြင်​ရ​ကြ​၏။ ၎င်း​ထဲမှ ကျောက်တုံး​တစ်​တုံး​သည် ဖြိုချ​မ​ခံရ​ဘဲ အခြား​ကျောက်တုံး​တစ်​တုံး​ပေါ်၌ ကျန်ရစ်​ခဲ့​သည်​ဟူ၍​မ​ရှိ​သော​နေ့ရက်​ကာလ​ရောက်​လာ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ