၄ ရာ 23:14 - မြန်မာ့စံမီသမ္မာကျမ်း14 အထွတ်အမြတ်ထားရာကျောက်တိုင်များကို ချိုးပစ်၏။ အာရှရနတ်ဘုရားမတံခွန်တိုင်များကိုလည်း ခုတ်လှဲပစ်ပြီး ထိုနေရာကို လူသေအရိုးများနှင့် အုပ်ထားလိုက်လေ၏။ အခန်းကိုကြည့်ပါ။Common Language Bible14 ယောရှိမင်းသည်ကျောက်တိုင်များကိုဖြိုဖျက် ၍ အာရှရဘုရားမ၏တံခွန်တိုင်များကို ခုတ်လှဲကာ ယင်းတို့တည်ရာဌာနများတို့ကို လူသေအရိုးတို့နှင့်ပြည့်စေလေ၏။- အခန်းကိုကြည့်ပါ။Garrad Bible14 ဆိုင် ရာ ကျောက် တိုင် များ ကို ချိုး ဖဲ့၍ တံ ခွန် တိုင် များ ကို ခုတ် လှဲ ပြီး လျှင် ထို ဌာ န များ ကို လူ့ အ ရိုး များ နှင့် ပြည့် စေ လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible14 ရုပ်တုဆင်းတုတို့ကို ချိုးဖဲ့၍ အာရှရပင်တို့ကို ခုတ်လှဲပြီးမှ၊ သူတို့တည်ရာအရပ်များကို လူသေအရိုးတို့နှင့် ပြည့်စေတော်မူ၏။ အခန်းကိုကြည့်ပါ။ |
ထို့နောက် ယောရှိမင်းကြီးသည် ဝန်းကျင်ကိုလှည့်ကြည့်လိုက်သောအခါ တောင်ပေါ်တွင် သင်္ချိုင်းဂူများကို တွေ့သဖြင့် လူလွှတ်၍ သင်္ချိုင်းဂူအတွင်းရှိ အရိုးတို့ကိုယူစေပြီး ယဇ်ပလ္လင်ပေါ်တွင် မီးရှို့၍ ယဇ်ပလ္လင်ကို ညစ်ညူးစေ၏။ ဤသို့ဖြင့် ဘုရားသခင်၏လူ ကြိုတင်ဟောပြောခဲ့သည့်ထာဝရဘုရား၏စကားတော်များအတိုင်း ဤအရာတို့ ဖြစ်လာလေ၏။
သူသည် အထွတ်အမြတ်ထားရာနေရာများကို ဖယ်ရှားပြီး ကျောက်တိုင်များကို ဖြိုလှဲပစ်၏။ အာရှရနတ်ဘုရားမတံခွန်တိုင်ကို လှဲချပြီး မောရှေသွန်းလုပ်ခဲ့သောကြေးနီမြွေရုပ်ကိုလည်း ထုခွဲပစ်၏။ အကြောင်းမူကား ထိုအချိန်အထိ အစ္စရေးလူမျိုးတို့သည် ထိုမြွေရုပ်ကို နဟုတ္တန် ဟုခေါ်ဆိုပြီး နံ့သာပေါင်းကို မီးရှို့ပူဇော်တတ်ကြ၏။
ဤနည်းဖြင့် ကိုယ်တော်သည် ယာကုပ်အမျိုး၏အပြစ်ကို ဖြေလွှတ်တော်မူ၏။ ယဇ်ပလ္လင်ကျောက်ရှိသမျှတို့ကို ထုံးကျောက်ကဲ့သို့ အစိတ်စိတ်အမွှာမွှာကျိုးပဲ့စေ၍ အာရှရနတ်ဘုရားမတံခွန်တိုင်များ၊ နံ့သာပေါင်းပူဇော်ရာယဇ်ပလ္လင်များကို ဖြိုလှဲခြင်းသည် သူ၏အပြစ်ကိုဖယ်ရှားသည့်အကြောင်းရင်း ဖြစ်၏။