ဟေရှာယ 27:8 - မြန်မာ့စံမီသမ္မာကျမ်း8 ကိုယ်တော်သည် ပြည်နှင်ဒဏ်ပေးခြင်းဖြင့် အတိုင်းအတာတစ်ခုအထိ ဒဏ်ခတ်တော်မူ၏။ အရှေ့လေလာသောနေ့ရက်၌ ပြင်းထန်သောလေဖြင့် သူ့ကိုတိုက်ထုတ်တော်မူ၏။ အခန်းကိုကြည့်ပါ။Common Language Bible8 ထာဝရဘုရားသည်မိမိလူမျိုးတော်အား ပြည်နှင်ဒဏ်ပေး၍အပြစ်ဒဏ်ခတ်တော်မူ၏။ သူတို့သည်အရှေ့မှလာသောလေပြင်းမုန် တိုင်းတွင်လွင့်ပါသွားရဘိသကဲ့သို့ မိမိ တို့ပြည်မှထွက်ခွာသွားရကြလေသည်။- အခန်းကိုကြည့်ပါ။Garrad Bible8 အ ရှေ့ လေ ဆော် သည့် ကာ လ လေ ဟုန် ချီ လျက်၊ လူ မျိုး တော် ကို စွန့် ခွာ နှင် ထုတ် လွှတ် လိုက်၍ စီ ရင် တော် မူ ခြင်း ဖြင့်၊ အခန်းကိုကြည့်ပါ။Judson Bible8 သူ့ကိုစွန့်ပစ်၍ အတော်အတန် ဆုံးမတော်မူ၏။ အရှေ့လေ လာသောအခါ၊ ပြင်းစွာသောလေဖြင့် တိုက်သွားတော်မူ၏။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားက “သင်တို့မိခင်ကို ငါအဝေးသို့နှင်ထုတ်လိုက်သောအခါ မည်သည့်ကွာရှင်းစာ ငါပေးသနည်း။ မည်သည့်အကြွေးရှင်ထံ သင်တို့ကို ငါရောင်းစားခဲ့သနည်း။ သင်တို့၏အပြစ်ကြောင့်သာ သင်တို့ရောင်းစားခံရ၏။ သင်တို့ကျူးလွန်သောအပြစ်ကြောင့်သာ သင်တို့မိခင်သည် အဝေးသို့နှင်ထုတ်ခံရ၏။
လူ၌ဖြစ်တတ်သောစုံစမ်းနှောင့်ယှက်ခြင်းကိုသာ သင်တို့ခံရကြ၏။ ဘုရားသခင်သည် သစ္စာနှင့်ပြည့်စုံတော်မူသည်ဖြစ်၍ သင်တို့ခံနိုင်သည်ထက် ပိုလွန်သောစုံစမ်းနှောင့်ယှက်ခြင်းကို သင်တို့အားခံစေတော်မူလိမ့်မည်မဟုတ်။ ထို့ပြင် သင်တို့ခံနိုင်မည့်အကြောင်း စုံစမ်းနှောင့်ယှက်ခြင်းနှင့်တကွ ထွက်မြောက်ရာလမ်းကိုလည်း ပြင်ဆင်ပေးတော်မူလိမ့်မည်။