တရားဟော 12:3 - မြန်မာ့စံမီသမ္မာကျမ်း3 သူတို့၏ယဇ်ပလ္လင်များကိုလည်း ဖြိုဖျက်၍ ကျောက်တိုင်များကို ဖြိုလှဲပစ်ရမည်။ အာရှရနတ်ဘုရားမတံခွန်တိုင်များကို မီးရှို့ပစ်ရမည်။ သူတို့၏ဘုရားများဖြစ်သည့် ရုပ်တုဆင်းတုများကို ခုတ်လှဲ၍ ထိုဘုရားများ၏နာမကို ထိုအရပ်မှ ဖျောက်ဖျက်ပစ်ရမည်။ အခန်းကိုကြည့်ပါ။Common Language Bible3 သူတို့၏ယဇ်ပလ္လင်များကိုဖြိုချ၍ သူတို့၏ ဘုရားကျောက်တိုင်များကိုချိုးဖျက်ရမည်။ သူတို့ကိုးကွယ်သောဘုရားမအာရှရ၏ တံခွန်တိုင်များကိုမီးရှို့ရမည်။ သူတို့၏ ရုပ်တုများကိုခုတ်လှဲဖျက်ဆီးပစ်ရမည်။ ဤနည်းအားဖြင့်ထိုအရပ်များတွင် ယင်း ဘုရားများကိုကိုးကွယ်မှုပပျောက်သွား လိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible3 ယဇ် ပ လ္လင် များ ကို ဖြို လှဲ ခြင်း၊ ကျောက် တိုင် များ ကို ချိုး ဖဲ့ ခြင်း၊ တံ ခွန် တိုင် များ ကို မီး တိုက် ခြင်း၊ ရုပ် တု ဘု ရား များ ကို ခုတ် လှဲ ခြင်း ပြု၍၊ အ မည် ကို ပင် ထို နေ ရာ မှ ပယ် ဖျက် ကြ ရ မည်။ အခန်းကိုကြည့်ပါ။Judson Bible3 သူတို့ယဇ်ပလ္လင်များကိုလည်း ဖျက်ရမည်။ ရုပ်တုများကို ဖြိုချရမည်။ အာရှရပင်များကို မီးရှို့ရမည်။ ထုလုပ်သော ဘုရားဆင်းတုများကို ခုတ်လှဲရမည်။ ထိုအရပ်၌ ထိုဘုရားတို့၏နာမကိုပင် ပယ်ရှင်းရမည်။ အခန်းကိုကြည့်ပါ။ |
ယောရှိမင်းကြီး နန်းစံရှစ်နှစ်၊ အသက်အရွယ်နုနယ်နေသေးစဉ်တွင်ပင် ဘိုးဘေးဒါဝိဒ်မင်းကြီး၏ဘုရားသခင်ကို စတင်ရှာခဲ့၏။ သက်တော်တစ်ဆယ့်နှစ်နှစ်တွင် ဂျေရုဆလင်မြို့အပါအဝင်ယုဒပြည်ရှိ အထွတ်အမြတ်ထားရာနေရာများ၊ အာရှရနတ်ဘုရားမတံခွန်တိုင်များ၊ ထုလုပ်သောရုပ်တုများ၊ သွန်းလုပ်သောရုပ်တုများကို စတင်ဖယ်ရှားပစ်၏။
ပွဲတော်အမှုကိစ္စအားလုံးပြီးစီးသွားသောအခါ ပွဲတော်သို့လာရောက်သောအစ္စရေးလူမျိုးအပေါင်းတို့သည် ယုဒမြို့ရွာများသို့ ထွက်သွားပြီး အထွတ်အမြတ်ကျောက်တိုင်များကို ချိုးဖျက်၍ အာရှရနတ်ဘုရားမတံခွန်တိုင်များကိုလည်း ခုတ်လှဲပစ်ကြ၏။ ယုဒပြည်၊ ဗင်္ယာမိန်ပြည်၊ ဧဖရိမ်ပြည်၊ မနာရှေပြည် တစ်လျှောက်လုံးရှိ အထွတ်အမြတ်ထားရာနေရာများ၊ ယဇ်ပလ္လင်များကို အပြီးတိုင်ဖျက်ဆီးပစ်ကြ၏။ ထို့နောက် အစ္စရေးအမျိုးသားအပေါင်းတို့သည် မိမိတို့ဆိုင်ရာမြို့များသို့ အသီးသီးပြန်သွားကြလေ၏။
သူသည် အထွတ်အမြတ်ထားရာနေရာများကို ဖယ်ရှားပြီး ကျောက်တိုင်များကို ဖြိုလှဲပစ်၏။ အာရှရနတ်ဘုရားမတံခွန်တိုင်ကို လှဲချပြီး မောရှေသွန်းလုပ်ခဲ့သောကြေးနီမြွေရုပ်ကိုလည်း ထုခွဲပစ်၏။ အကြောင်းမူကား ထိုအချိန်အထိ အစ္စရေးလူမျိုးတို့သည် ထိုမြွေရုပ်ကို နဟုတ္တန် ဟုခေါ်ဆိုပြီး နံ့သာပေါင်းကို မီးရှို့ပူဇော်တတ်ကြ၏။
အစ္စရေးလူမျိုးသည် အာရှရနတ်ဘုရားမတံခွန်တိုင်များကို ပြုလုပ်ပြီး ထာဝရဘုရားကိုအမျက်ထွက်စေသောကြောင့် ထာဝရဘုရားသည် သူတို့ကို ရေထဲ၌လှုပ်ခါယမ်းသောကျူပင်ကဲ့သို့ လှုပ်ခါယမ်းစေမည်။ ဘိုးဘေးတို့အားပေးတော်မူသည့် ဤသာယာဝပြောသောပြည်ထဲမှ အစ္စရေးလူမျိုးတို့ကို ထုတ်ပစ်၍ ယူဖရေးတီးမြစ်တစ်ဖက်ကမ်းသို့ ကွဲလွင့်သွားစေမည်။
ထို့နောက် ပြည်သူပြည်သားအပေါင်းတို့သည် ဗာလဘုရားဝတ်ကျောင်းသို့သွား၍ ထိုဝတ်ကျောင်းကိုဖြိုဖျက်ပစ်ပြီး ယဇ်ပလ္လင်များ၊ ရုပ်တုများကို အကုန်အစင်ချိုးဖျက်ပစ်ကြ၏။ ဗာလဘုရား၏ယဇ်ပုရောဟိတ်မဿန်ကိုလည်း ယဇ်ပလ္လင်ရှေ့တွင် ကွပ်မျက်လိုက်ကြ၏။ ယောယဒသည် ထာဝရဘုရား၏အိမ်တော်တွင် အစောင့်များကို ချထားပြီးလျှင်
ဤနည်းဖြင့် ကိုယ်တော်သည် ယာကုပ်အမျိုး၏အပြစ်ကို ဖြေလွှတ်တော်မူ၏။ ယဇ်ပလ္လင်ကျောက်ရှိသမျှတို့ကို ထုံးကျောက်ကဲ့သို့ အစိတ်စိတ်အမွှာမွှာကျိုးပဲ့စေ၍ အာရှရနတ်ဘုရားမတံခွန်တိုင်များ၊ နံ့သာပေါင်းပူဇော်ရာယဇ်ပလ္လင်များကို ဖြိုလှဲခြင်းသည် သူ၏အပြစ်ကိုဖယ်ရှားသည့်အကြောင်းရင်း ဖြစ်၏။