Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 11:32 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

32 စီရင်​ခြင်း​ခံရ​လျှင်​လည်း လောကီသား​တို့​နှင့်အတူ ပြစ်ဒဏ်​စီရင်​ခြင်း​မ​ခံရ​မည့်​အကြောင်း သခင်​ဘုရား​၏​ဆုံးမ​တော်မူ​ခြင်း​ကို​ခံရ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

32 သို့​ရာ​တွင်​ငါ​တို့​အား​ဤ​သို့​ထာ​ဝ​ရ​ဘု​ရား သ​ခင်​စီ​ရင်​တော်​မူ​ခြင်း​မှာ ငါ​တို့​အား​လော​ကီ သား​တို့​နှင့်​အ​တူ​အ​ပြစ်​ဒဏ်​မ​ခံ​ရ​စေ​ရန် ဆုံး​မ​တော်​မူ​ခြင်း​ဖြစ်​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

32 သို့ ရာ တွင် ငါ တို့ သည် တ ရား စီ ရင် ခံ ရ ကြ သည့် ကာ လ ဤ လော က သား တို့ နှင့် အ တူ အ ပြစ် စီ ရင် မ ခံ ရ စေ ရန် အ ရှင် ဘု ရား ဆုံး မ တော် မူ ရာ ခံ ရ ခြင်း မျှ ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

32 စစ်​ကြော​စီ​ရင်​တော်​မူ​ခြင်း​ကို ခံ​ရ​ကြ​သော​အ​ခါ၊ လော​ကီ​သား​တို့​နှင့်​အ​တူ အ​ပြစ်​စီ​ရင်​ခြင်း​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း ဆုံး​မ​တော်​မူ​ခြင်း​ကို ခံ​ရ​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

32 ကျွန်ုပ်တို့​ကို သခင်ဘုရား တရားစီရင်တော်မူခြင်း​မှာလည်း ကျွန်ုပ်တို့​အား ဤ​လောကီသားတို့​နှင့်အတူ ပြစ်ဒဏ်​မခံရ​စေရန် ဆုံးမတော်မူခြင်း​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 11:32
22 ပူးပေါင်းရင်းမြစ်များ  

ငါ​သည် သူ​၏​အဖ​ဖြစ်​မည်​။ သူ​သည်​လည်း ငါ့​သား​ဖြစ်​မည်​။ သူ​အမှားပြု​မိ​လျှင် သူ့​ကို လူ​သုံး​ကြိမ်လုံး​နှင့် ဆုံးမ​မည်​။ လူ​တို့ ရိုက်​တတ်​သကဲ့သို့ သူ့​ကို ရိုက်​မည်​။


ထာဝရဘုရား​သည် ငါ့​ကို​ပြင်းထန်​စွာ​ပဲ့ပြင်​သော်လည်း သေ​ခြင်း​လက်​သို့ ငါ့​ကို​အပ်​တော်​မ​မူ​ခဲ့​ပေ​။


သင်​တို့​သည် အဘယ်ကြောင့် ထပ်၍​အရိုက်​ခံ​လို​သေး​သနည်း​။ အဘယ်ကြောင့် ထပ်၍​ပုန်ကန်​ကြ​သနည်း​။ ဦးခေါင်း​တစ်ခုလုံး အနာ​ဖြစ်​ပြီ​။ စိတ်နှလုံး​လည်း ညှိုးနွမ်း​ကုန်​ပြီ​။


သင်​က သူ​တို့​အား ‘​ဤ​လူမျိုး​သည် သူ​တို့​၏​ဘုရားသခင် ထာဝရဘုရား​၏​စကား​ကို နား​မ​ထောင်​ကြ​။ ဆုံးမပဲ့ပြင်​ခြင်း​ကို​မ​ခံယူ​ကြ​။ သစ္စာ​ပျက်​သော​လူမျိုး​၊ ဟုတ်မှန်​ရာ​ကို​မပြော​သော​လူမျိုး​ဖြစ်​လေ​ပြီ​။


ထို​မြို့​သည် အသံ​တော်​ကို နား​မ​ထောင်​၊ ဆုံးမပဲ့ပြင်​ခြင်း​ကို မ​ခံယူ​၊ ထာဝရဘုရား​ကို မ​ကိုးစား​၊ ဘုရားသခင်​ထံ မ​ဆည်းကပ်​သော​မြို့​ဖြစ်​၏​။


ပညတ်​တရား​ဆို​ထား​သမျှ​တို့​သည် ပညတ်​တရား​အောက်၌​ရှိ​သော​သူ​များ​အတွက်​ဆို​ထား​ကြောင်း ငါ​တို့​သိ​ကြ​၏။ ဤသည်ကား နှုတ်​ရှိသမျှ​သည် ပိတ်​ထား​ခြင်း​ခံရ​၍ လောကီသား​အပေါင်း​တို့​သည် ဘုရားသခင်​၏​တရား​စီရင်​ခြင်း​လက်အောက်​သို့ ကျရောက်​ကြ​ရန်​ဖြစ်​၏။


ထို့ပြင် ဆု​ကျေးဇူး​သည် တစ်​ယောက်​သော​သူ​က အပြစ်​ပြု​သောကြောင့် ဖြစ်​လာ​သည့်​အရာ​ကဲ့သို့​မ​ဟုတ်​ပေ။ အကြောင်းမူကား ကျူးလွန်​သော​အပြစ်​တစ်​ခု​ကြောင့်​ဖြစ်လာ​သည့် တရား​စီရင်​ခြင်း​သည် ပြစ်ဒဏ်​စီရင်​ခြင်း​သို့​ရောက်​စေ​၏။ သို့သော် ကျူးလွန်​သော​အပြစ်​များစွာ​ကြောင့်​ဖြစ်လာ​သည့် ဆု​ကျေးဇူး​မူကား ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​ခြင်း​သို့​ရောက်​စေ​၏။


ပညာရှိ​ကား အဘယ်မှာ​ရှိ​သနည်း။ ကျမ်းပြု​ဆရာ​ကား အဘယ်မှာ​ရှိ​သနည်း။ ဤ​လောက​ရှိ ဝေဖန်ရေးသမား​ကား အဘယ်မှာ​ရှိ​သနည်း။ ဘုရားသခင်​သည် လောကီ​ဉာဏ်ပညာ​ကို မိုက်မဲ​စေ​တော်မူ​သည်​မ​ဟုတ်​လော။


အကြောင်းမူကား ဘုရားသခင်​၏​ဉာဏ်ပညာ​အရ ဤ​လောက​သည် မိမိ​၏​ဉာဏ်ပညာ​အားဖြင့် ဘုရားသခင်​ကို​မ​သိ​ခဲ့​သောကြောင့် ဘုရားသခင်​သည် ဟောပြော​ခြင်း​အမှု​၏​မိုက်မဲ​သော​အရာ​အားဖြင့် ယုံကြည်​သော​သူ​တို့​ကို​ကယ်တင်​ရန် အလိုရှိ​တော်မူ​၏။


ဤ​အကြောင်း​ကြောင့် သင်​တို့​တွင် အားနည်း​သော​သူ​နှင့်​မ​ကျန်းမာ​သော​သူ များစွာ​ရှိ​၍ အိပ်ပျော်​သော​သူ​လည်း အများအပြား​ရှိ​ကြ​၏။


သို့သော် ငါ​တို့​သည် မိမိတို့ကိုယ်ကို​ပိုင်းခြား​၍​သိ​လျှင် စီရင်​ခြင်း​ခံရ​မည်​မ​ဟုတ်။


ထို့ကြောင့် ငါ့​ညီအစ်ကို​တို့၊ သင်​တို့​သည် စားသောက်​ရန်​စုဝေး​ကြ​သောအခါ တစ်ဦး​ကို​တစ်ဦး​စောင့်ဆိုင်း​ကြ​လော့။


ဖခင်​သည် သား​ကို​ဆုံးမ​သကဲ့သို့ သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင့်​ကို​ဆုံးမ​တော်မူ​ကြောင်း သင်​၏​စိတ်နှလုံး​ထဲ၌ သိမှတ်​ရ​မည်​။


ထို​သူ​တို့​တွင် ဟုမေနဲ​နှင့်​အလက်ဇန္ဒြား​တို့​ပါဝင်​ကြ​၏။ သူ​တို့​သည် ဘုရားသခင်​ကို စော်ကား​ပြောဆို​ခြင်း​မ​ပြု​မည့်​အကြောင်း ဆုံးမ​ခြင်း​ကို​ခံရ​ကြ​ရန် သူ​တို့​ကို စာတန်​လက်​သို့ ငါ​အပ်လိုက်​၏။


ငါ​တို့​သည် ဘုရားသခင်​နှင့်​စပ်ဆိုင်​ကြ​သည်​ကို​လည်းကောင်း၊ ကမ္ဘာ​လောက​တစ်ခုလုံး​သည် မာရ်နတ်​လက်​အောက်​၌​ရှိ​သည်​ကို​လည်းကောင်း ငါ​တို့​သိ​ကြ​၏။


ငါ​သည် ငါ​ချစ်​သမျှ​သော​သူ​တို့​၏​အပြစ်​ကို​ဖော်ပြ​၍ ဆုံးမ​ပဲ့ပြင်​တတ်​၏။ ထို့ကြောင့် စိတ်အားထက်သန်​ခြင်း​ရှိ​၍ နောင်တရ​လော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ