ဟေရှာယ 17:8 - မြန်မာ့စံမီသမ္မာကျမ်း8 မိမိလက်နှင့်လုပ်သော ယဇ်ပလ္လင်တို့ကို မျှော်ကြည့်မည်မဟုတ်။ မိမိလက်ချောင်းနှင့်လုပ်သော အာရှရနတ်ဘုရားမတံခွန်တိုင်များ၊ နံ့သာပေါင်းပူဇော်ရာယဇ်ပလ္လင်များကိုလည်း ဖူးမြင်မည်မဟုတ်။ အခန်းကိုကြည့်ပါ။Common Language Bible8 သူတို့သည်မိမိတို့ကိုယ်တိုင်ပြုလုပ်ထားသည့် ယဇ်ပလ္လင်များကိုသော်လည်းကောင်း၊ အာရှရ နတ်သမီးအားဝတ်ပြုကိုးကွယ်ရန် မိမိလက် စွမ်းလက်စတံခွန်တိုင်များနှင့်နံ့သာပေါင်း မီးရှို့ရာယဇ်ပလ္လင်များကိုလည်းကောင်း ယုံ ကြည်ကိုးစားကြတော့မည်မဟုတ်။ အခန်းကိုကြည့်ပါ။Judson Bible8 မိမိလက်နှင့် လုပ်သောယဇ်ပလ္လင်တို့ကို မမှတ်ရ။ မိမိလက်ချောင်းနှင့် လုပ်သောအရာတည်းဟူသော အာရှရပင်တို့ကိုလည်းကောင်း၊ ရုပ်တုတို့ကိုလည်းကောင်း ပမာဏမပြုရ။ အခန်းကိုကြည့်ပါ။ |
ပွဲတော်အမှုကိစ္စအားလုံးပြီးစီးသွားသောအခါ ပွဲတော်သို့လာရောက်သောအစ္စရေးလူမျိုးအပေါင်းတို့သည် ယုဒမြို့ရွာများသို့ ထွက်သွားပြီး အထွတ်အမြတ်ကျောက်တိုင်များကို ချိုးဖျက်၍ အာရှရနတ်ဘုရားမတံခွန်တိုင်များကိုလည်း ခုတ်လှဲပစ်ကြ၏။ ယုဒပြည်၊ ဗင်္ယာမိန်ပြည်၊ ဧဖရိမ်ပြည်၊ မနာရှေပြည် တစ်လျှောက်လုံးရှိ အထွတ်အမြတ်ထားရာနေရာများ၊ ယဇ်ပလ္လင်များကို အပြီးတိုင်ဖျက်ဆီးပစ်ကြ၏။ ထို့နောက် အစ္စရေးအမျိုးသားအပေါင်းတို့သည် မိမိတို့ဆိုင်ရာမြို့များသို့ အသီးသီးပြန်သွားကြလေ၏။
ဗာလယဇ်ပလ္လင်များကိုလည်း သူ့ရှေ့၌ဖြိုဖျက်ပစ်ကြ၏။ ထိုယဇ်ပလ္လင်ပေါ်ရှိ နံ့သာပေါင်းပူဇော်ရာယဇ်ပလ္လင်များကိုလည်း ချိုးဖျက်ပစ်၏။ အာရှရနတ်ဘုရားမတံခွန်တိုင်များ၊ ထုလုပ်သောရုပ်တုများ၊ သွန်းလုပ်သောရုပ်တုများကိုလည်း တစ်စစီချိုးဖဲ့ဖျက်ဆီးပစ်ပြီး ယဇ်ပူဇော်သောသူတို့၏သင်္ချိုင်းဂူများပေါ်တွင် ကြဲပစ်လိုက်လေ၏။
ဤနည်းဖြင့် ကိုယ်တော်သည် ယာကုပ်အမျိုး၏အပြစ်ကို ဖြေလွှတ်တော်မူ၏။ ယဇ်ပလ္လင်ကျောက်ရှိသမျှတို့ကို ထုံးကျောက်ကဲ့သို့ အစိတ်စိတ်အမွှာမွှာကျိုးပဲ့စေ၍ အာရှရနတ်ဘုရားမတံခွန်တိုင်များ၊ နံ့သာပေါင်းပူဇော်ရာယဇ်ပလ္လင်များကို ဖြိုလှဲခြင်းသည် သူ၏အပြစ်ကိုဖယ်ရှားသည့်အကြောင်းရင်း ဖြစ်၏။
မည်သူသည် ပညာရှိသနည်း၊ သူသည် ထိုအရာတို့ကို နားလည်ပါစေ။ မည်သူသည် ပိုင်းခြားသိမြင်နိုင်သနည်း၊ သူသည် ထိုအရာတို့ကို သိနားလည်ပါစေ။ ထာဝရဘုရား၏နည်းလမ်းတော်သည် ဖြောင့်မတ်သည်ဖြစ်၍ ဖြောင့်မတ်သောသူတို့သည် ထိုလမ်းတော်၌ လိုက်လျှောက်ကြလိမ့်မည်။ မတရားသောသူတို့မူကား ထိုလမ်းတော်တွင် ခလုတ်တိုက်လဲကျကြလိမ့်မည်။