ယေဇကျေလ 6:4 - မြန်မာ့စံမီသမ္မာကျမ်း4 ယဇ်ပလ္လင်တို့သည် ဖျက်ဆီးခြင်းခံရမည်။ နံ့သာပေါင်းပူဇော်ရာယဇ်ပလ္လင်တို့သည်လည်း ချိုးဖဲ့ခြင်းခံရမည်။ သင်တို့၏ရုပ်တုများရှေ့တွင် လူတို့ကို လဲကျသေဆုံးစေမည်။ အခန်းကိုကြည့်ပါ။Common Language Bible4 ယဇ်ပလ္လင်တို့ကိုဆွဲချဖျက်ဆီး၍နံ့သာပေါင်း မီးရှို့ရာခွက်တို့ကိုချိုးဖဲ့မည်။ လူအပေါင်း တို့သည်လည်း မိမိတို့ကိုးကွယ်သည့်ရုပ်တု များရှေ့တွင်အသတ်ခံရကြလိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible4 ယဇ် ပ လ္လင် များ ဆိတ် ညံ ခြင်း၊ နေ မင်း တိုင် များ ကျိုး ပဲ့ ခြင်း ခံ ရ လိမ့် မည်။ ငါ သည် ရုပ် ပွား ဆင်း တု များ ရှေ့ လုပ် ကြံ ခံ ရ သူ၊ အခန်းကိုကြည့်ပါ။Judson Bible4 သင်တို့ ယဇ်ပလ္လင်တို့သည် လူဆိတ်ညံလိမ့်မည်။ နေရုပ်တုတို့သည် ကျိုးပဲ့လိမ့်မည်။ ရုပ်တုဆင်းတုတို့ရှေ့မှာ သင်တို့၏သူရဲများကို ငါလှဲချမည်။ အခန်းကိုကြည့်ပါ။ |
ရုပ်တုရှိသမျှကို မွှေးကြိုင်သောနံ့သာပေါင်းပူဇော်ရာနေရာများဖြစ်သည့် ရုပ်တုများကြားနှင့် ယဇ်ပလ္လင်ပတ်ပတ်လည်၊ တောင်ကုန်းများနှင့် တောင်ထိပ်များပေါ်၊ စိမ်းလန်းသောသစ်ပင်များနှင့် သပိတ်ပင်များအောက်တို့တွင် လူတို့သေနေသည်ကို မြင်သောအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သူတို့သိကြလိမ့်မည်။
ထိုသူသည် ထာဝရဘုရားဆင့်ဆိုစေသည့်အတိုင်း ယဇ်ပလ္လင်ကိုဆန့်ကျင်လျက် “အို ယဇ်ပလ္လင် ယဇ်ပလ္လင်၊ ထာဝရဘုရားက ‘ကြည့်ရှုလော့။ ဒါဝိဒ်အမျိုးအနွယ်မှ ယောရှိအမည်ရှိသောသားတစ်ယောက် မွေးဖွားလိမ့်မည်။ သူသည် အထွတ်အမြတ်ထားရာကုန်းမြင့်များ၌ နံ့သာပေါင်းမီးရှို့ပူဇော်သောယဇ်ပုရောဟိတ်တို့ကို သင့်အပေါ်တွင် ပူဇော်လိမ့်မည်။ လူ၏အရိုးတို့ကို သင့်အပေါ်တွင် မီးရှို့လိမ့်မည်’ဟူ၍ မိန့်တော်မူပြီ”ဟု ကြွေးကြော်လေ၏။
ဤနည်းဖြင့် ကိုယ်တော်သည် ယာကုပ်အမျိုး၏အပြစ်ကို ဖြေလွှတ်တော်မူ၏။ ယဇ်ပလ္လင်ကျောက်ရှိသမျှတို့ကို ထုံးကျောက်ကဲ့သို့ အစိတ်စိတ်အမွှာမွှာကျိုးပဲ့စေ၍ အာရှရနတ်ဘုရားမတံခွန်တိုင်များ၊ နံ့သာပေါင်းပူဇော်ရာယဇ်ပလ္လင်များကို ဖြိုလှဲခြင်းသည် သူ၏အပြစ်ကိုဖယ်ရှားသည့်အကြောင်းရင်း ဖြစ်၏။