အကျွန်ုပ်တို့၏နွားတို့သည် ထမ်းပိုးကောင်းကြပါစေသော။ မြို့ရိုးကျိုးပေါက်ခြင်းမရှိ၊ သိမ်းသွားခံရခြင်းလည်းမရှိ၊ အကျွန်ုပ်တို့၏လမ်းများ၌ ငိုကြွေးပူဆွေးခြင်းလည်း မရှိပါစေနှင့်။
ဟေရှာယ 24:11 - မြန်မာ့စံမီသမ္မာကျမ်း စပျစ်ဝိုင်ပြတ်သောကြောင့် လမ်းများပေါ်တွင် အော်ဟစ်တောင့်တကြ၏။ ဝမ်းမြောက်ခြင်းရှိသမျှတို့သည် ချုပ်ငြိမ်းသွားလေပြီ။ ကမ္ဘာမြေပေါ်ရှိ ပျော်ရွှင်ခြင်းသည် ပျောက်ကွယ်လေပြီ။ Common Language Bible လူတို့သည်လမ်းများပေါ်တွင်ရပ်၍စပျစ် ရည်ကိုအော်ဟစ်တောင့်တလျက်နေကြ၏။ ဝမ်းမြောက်ရွှင်လန်းမှုကားထာဝစဉ်ကွယ် ပျောက်သွားတော့၏။ ယင်းကိုပြည်တွင်းမှ နှင်ထုတ်လိုက်ကြလေပြီ။- Garrad Bible မြို့ ပြင် တွင် စ ပျစ် ရည် ကို အောက် မေ့ မြည် တမ်း လျက်၊ မြေ တစ် ပြင် လုံး မှ အား ရ ရွှင် လန်း ခြင်း ပြတ် စဲ ကုန် လွန်၍၊ Judson Bible စပျစ်ရည်ပြတ်သောကြောင့် လမ်းခရီးတို့၌ မြည်တမ်းခြင်းရှိ၏။ ဝမ်းမြောက်ခြင်းလည်း အကြွင်းမဲ့ကွယ်ပြီ။ တစ်ပြည်လုံး၌ သာယာသောအသံငြိမ်းပြီ။ |
အကျွန်ုပ်တို့၏နွားတို့သည် ထမ်းပိုးကောင်းကြပါစေသော။ မြို့ရိုးကျိုးပေါက်ခြင်းမရှိ၊ သိမ်းသွားခံရခြင်းလည်းမရှိ၊ အကျွန်ုပ်တို့၏လမ်းများ၌ ငိုကြွေးပူဆွေးခြင်းလည်း မရှိပါစေနှင့်။
ဆုံးပါးတော့မည့်သူအား သေရည်သေရက်ကိုလည်းကောင်း၊ စိတ်ဒုက္ခရောက်နေသောသူအား စပျစ်ဝိုင်ကိုလည်းကောင်း ပေးလော့။
သီးနှံဖြစ်ထွန်းသောမြေ၌ ဝမ်းမြောက်ရွှင်လန်းခြင်း ပျောက်ကွယ်လေပြီ။ စပျစ်ခြံ၌ ရွှင်လန်းစွာသီချင်းဆိုခြင်းမရှိ။ ဝမ်းမြောက်စွာကြွေးကြော်ခြင်းလည်းမရှိ။ စပျစ်သီးနယ်ရာကျင်း၌ စပျစ်သီးနင်းနယ်သောသူမရှိ။ ကြွေးကြော်သံကို ငါရပ်စဲစေပြီ။
မိမိကိုယ်မိမိ ယုံကြည်စိတ်ချနေသောသမီးတို့၊ တစ်နှစ်ကျော်လျှင် သင်တို့ ထိတ်လန့်တုန်လှုပ်ရလိမ့်မည်။ အကြောင်းမူကား စပျစ်သီးဆွတ်ခူးခြင်း ရှိမည်မဟုတ်။ သီးနှံရိတ်သိမ်းခြင်း ရှိမည်မဟုတ်။
ဆူးပင်၊ ချုံပင်တို့ပေါက်နေသော ငါ့လူမျိုး၏မြေ၊ အပျော်အပါးများနှင့်စည်ကားခဲ့သောမြို့၊ ဝမ်းမြောက်ပျော်ရွှင်ခဲ့သောမိသားစုအားလုံးအတွက် ရင်ဘတ်စည်တီးကြလော့။
ကမ္ဘာမြေကြီးကိုကြည့်လျှင်ဖြစ်စေ ဆင်းရဲဒုက္ခနှင့် ဘေးဥပဒ်အရိပ်ဖြင့် မှောင်မည်းနေသည်ကိုသာမြင်ရ၍ မှောင်မိုက်ထဲသို့ နှင်ထုတ်ခြင်းခံရမည်။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏အမျက်တော်ကြောင့် ပြည်သည် မီးသင့်၍ လူတို့သည် လောင်စာကဲ့သို့ဖြစ်ကြလိမ့်မည်။ မည်သူမျှ မိမိညီအစ်ကိုကို မသနား။
ယုဒပြည် ငိုကြွေးမြည်တမ်းလေပြီ။ မြို့တံခါးတို့လည်း အားလျော့ကြပြီ။ မြေကြီးပေါ်တွင် ဝမ်းနည်းပူဆွေးကြလေပြီ။ ဂျေရုဆလင်မြို့၏အော်ဟစ်ငိုကြွေးသံသည် ထွက်ပေါ်လာပြီ။
သင်အရှက်ကွဲသည်ကို လူမျိုးတကာတို့ ကြားသိလေပြီ။ သင့်အော်ဟစ်ငိုကြွေးသံသည်လည်း မြေတစ်ပြင်လုံးကို ဖုံးလွှမ်းလေပြီ။ စစ်သူရဲအချင်းချင်းတိုက်မိ၍ သူတို့နှစ်ယောက်စလုံး အတူတကွလဲကျလေပြီ။
သီးနှံဖြစ်ထွန်းသောမြေနှင့် မောဘပြည်၌ ဝမ်းမြောက်ရွှင်လန်းခြင်း ပျောက်ကွယ်လေပြီ။ စပျစ်သီးနယ်ရာကျင်းမှ စပျစ်ဝိုင်ပြတ်လေပြီ။ ဝမ်းမြောက်စွာကြွေးကြော်လျက် စပျစ်သီးကိုနင်းနယ်ကြတော့မည်မဟုတ်။ ကြွေးကြော်သောအသံသည်လည်း ဝမ်းမြောက်သောကြွေးကြော်သံမဟုတ်။
အိပ်ရာထက်တွင် ညည်းတွားမြည်တမ်းကြသော်လည်း စိတ်နှလုံးပါလျက် ငါ့ထံဆုမတောင်းကြ။ ကောက်ပဲသီးနှံနှင့် စပျစ်ဝိုင်အသစ်ရရှိရန် စုရုံးကြပြီး ငါ့ကို ကျောခိုင်းသွားကြပြီ။
စပျစ်ပင်ခြောက်သွေ့ပြီ။ သဖန်းပင် ညှိုးနွမ်းပြီ။ သလဲပင်၊ စွန်ပလွံပင်၊ ပန်းသီးပင်အစရှိသောကွင်းပြင်ရှိ အပင်အားလုံးတို့သည်လည်း ခြောက်သွေ့လေပြီ။ စင်စစ် လူသားတို့အဖို့ ပျော်ရွှင်ခြင်းသည် ပျောက်လွင့်သွားလေပြီ။
အလို၊ ထာဝရဘုရား၏နေ့ရက်ပါတကား။ ထိုနေ့ရက် ရောက်လုနီးပြီ။ ထိုနေ့ရက်သည် အနန္တတန်ခိုးရှင်ထံတော်မှဖျက်ဆီးခြင်းဘေးကဲ့သို့ ရောက်လာလိမ့်မည်။
သို့သော် အာဗြဟံက ‘ငါ့သား၊ သင်သည်အသက်ရှင်စဉ်အခါ မိမိအတွက် ကောင်းသောအရာများကိုရရှိခဲ့၍ လာဇရုသည် မကောင်းသောအရာများကိုရရှိခဲ့ကြောင်း သတိရလော့။ ယခုမူကား သူသည်ဤနေရာတွင် နှစ်သိမ့်ခြင်းကိုခံစားရ၍ သင်သည် ဝေဒနာပြင်းစွာခံစားနေရ၏။