Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟေ​ရှာ​ယ 8:22 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

22 ကမ္ဘာမြေကြီး​ကို​ကြည့်​လျှင်​ဖြစ်စေ ဆင်းရဲဒုက္ခ​နှင့် ဘေးဥပဒ်​အရိပ်​ဖြင့် မှောင်မည်း​နေ​သည်​ကို​သာ​မြင်​ရ​၍ မှောင်မိုက်​ထဲသို့ နှင်ထုတ်​ခြင်း​ခံရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

22 မြေ​ကြီး​သို့​စိုက်​ကြည့်​သည့်​အ​ခါ​သော် လည်း​ကောင်း​ဆင်း​ရဲ​ဒုက္ခ​နှင့်​ကံ​ဆိုး​မိုး​မှောင် မှ​တစ်​ပါး အ​ဘယ်​အ​ရာ​ကို​မျှ​တွေ့​ရကြ လိမ့်​မည်​မ​ဟုတ်။ ထို​သူ​တို့​အ​ပေါ်​သို့​ထိတ် လန့်​ဖွယ်​ရာ​ကံ​ဆိုး​မိုး​မှောင်​ကျ​ရောက်​လာ လိမ့်​မည်။ ဤ​သို့​ဆင်း​ရဲ​ဒုက္ခ​ရောက်​ရာ​ကာ​လ နှင့်​သူ​တို့​ကင်း​လွတ်​ရန်​လမ်း​ရှိ​တော့​မည် မ​ဟုတ်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

22 အ ထက် သို့ မော့၍ ဖြစ် စေ၊ မြေ သို့ ငုံ့၍ ဖြစ် စေ၊ ကြည့် လျှင် ပင် ပန်း၍ မှိုင်း အုန် ခြင်း နှင့် အ ကျဉ်း အ ကျပ် မှောင် ကို သာ တွေ့ သ ဖြင့်၊ မှောင် ထဲ သို့ နှင် ထုတ် ခြင်း ကို ခံ ရ ကြ လိမ့် သ တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

22 အ​ထက်​သို့ မျှော်​သည်​ဖြစ်​စေ၊ မြေ​ကြီး​ကို ကြည့်​သည်​ဖြစ်​စေ၊ ဒု​က္ခ​ဆင်း​ရဲ​နှင့် မှောင်​မိုက်​အ​တိ​ရှိ​ပါ၏။ ထူ​ထပ်​သော​မှောင်​မိုက်​နှင့် တွေ့၍၊ အ​လင်း​ကွယ်​ပျောက်​ရာ​သို့ နှင်​ထုတ်​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ရှာ​ယ 8:22
25 ပူးပေါင်းရင်းမြစ်များ  

သူ​သည် အလင်း​မှ​အမှောင်​ထဲသို့ မောင်းထုတ်​ခြင်း​ခံရ​မည်​။ ကမ္ဘာလောက​မှ နှင်ထုတ်​ခြင်း​ခံရ​မည်​။


တစ်ဖန် ထာဝရဘုရား​က မောရှေ​အား “​စမ်းတဝါးဝါးသွားလာ​ရ​သည့် အမှောင်ထု​ကြီး​သည် အီဂျစ်​ပြည်​တစ်ပြည်လုံး​ပေါ်သို့ ကျရောက်​စေရန် သင်​၏​လက်​ကို ကောင်းကင်​သို့​ဆန့်​လော့​”​ဟု မိန့်​တော်မူ​၏​။


သို့ဖြစ်၍ မောရှေ​သည် မိမိ​လက်​ကို ကောင်းကင်​သို့​ဆန့်​လိုက်​ရာ အီဂျစ်​ပြည်​တစ်ပြည်လုံး​၌ သုံး​ရက်​ပတ်လုံး​အမှောင်ထုကြီး​ကျရောက်​၏​။


ဆိုးယုတ်​သော​သူ​သည် မိမိ​ပြု​သော​မကောင်းမှု​ထဲ၌ လဲကျ​လိမ့်မည်​။ ဖြောင့်မတ်​သော​သူ​မူကား သူ​၏​သေ​ခြင်း​ထဲ၌ပင် ခိုလှုံ​ရာ​ကို​တွေ့​လိမ့်မည်​။


နေဂေ့​အရပ်​ရှိ တိရစ္ဆာန်​များ​နှင့်ဆိုင်သော​ဗျာဒိတ်​တော်​ကား သူ​တို့​သည် မိမိ​တို့​ဥစ္စာပစ္စည်း​များ​ကို မြည်း​တို့​၏​ကျော​ပေါ်​၊ မိမိ​တို့​၏​ဥစ္စာဘဏ္ဍာ​များ​ကို ကုလားအုတ်​တို့​၏​ဘို့​ပေါ်​တင်​၍ ဆင်းရဲဒုက္ခ​နှင့်​ဘေးဥပဒ်​၊ ခြင်္သေ့မ​နှင့်​ခြင်္သေ့ပျို​၊ အဆိပ်ပြင်း​သော​မြွေပွေး​နှင့် ပျံသန်း​တတ်​သော​မီးမြွေ​ရှိ​ရာ​အရပ်​ကို ဖြတ်သန်း​ပြီး အကျိုး​မ​ပြု​သော​လူမျိုး​ထံ သယ်ဆောင်​သွား​ကြ​၏​။


ထို​နေ့ရက်​တွင် သူ​တို့​သည် သမုဒ္ဒရာ​မြည်ဟည်း​သကဲ့သို့ မာန်ဖီ​ကြ​လိမ့်မည်​။ ထို​ပြည်​ကို​ကြည့်​လျှင် ဆင်းရဲဒုက္ခ​အမှောင်ထု​သာ​ရှိ​၏​။ မိုးတိမ်​များ​ကြောင့် အလင်း​သည် မှောင်မိုက်​လေ​၏​။


မီး​မွှေး​သော​သူ​အပေါင်း​တို့​၊ မီးတုတ် အသင့်ပြင်​ထား​သော​သူ​အပေါင်း​တို့​၊ သင်​တို့​၏​မီး​၊ သင်​တို့​မီးစွဲ​စေ​သော​မီးတုတ်​၏​အလင်း​ထဲ၌ သွားလာ​ကြ​လော့​။ ငါ့​လက်​မှ​သင်​တို့​ရရှိ​မည့်​အကျိုး​ကား သင်​တို့​သည် ဆင်းရဲ​ခြင်း​ဝေဒနာ​ထဲ၌ အိပ်​ရ​လိမ့်မည်​။


ငါ​သည် မိုးကောင်းကင်​ကို အနက်ရောင်​အဝတ် ဝတ်​စေ​၍ လျှော်တေအဝတ် ခြုံ​စေ​၏​”​ဟု မိန့်​တော်မူ​၏​။


ထို့ကြောင့် တရားမျှတမှု​သည် ငါ​တို့​နှင့်​ဝေး​၏​။ ဖြောင့်မတ်​ခြင်း​သည် ငါ​တို့​ကို​မ​မီ​။ ငါ​တို့​သည် အလင်း​ကို​စောင့်မျှော်​သော်လည်း အမှောင်​သာ​တွေ့​၏​။ တောက်ပ​သော​အလင်း​ကို​စောင့်မျှော်​သော်လည်း မှောင်မိုက်​ထဲ၌​သာ လျှောက်​ရ​၏​။


ကြည့်ရှု​လော့​။ မှောင်မိုက်​သည် မြေကြီး​ကို​လည်းကောင်း​၊ အမှောင်ထု​သည် လူ​တို့​ကို​လည်းကောင်း ဖုံးလွှမ်း​မည်​။ သို့သော်လည်း ထာဝရဘုရား​သည် သင့်​ထံ၌ ပေါ်ထွန်း​တော်မူ​မည်​။ ဘုန်းအသရေ​တော်​သည် သင်​၌​ထင်ရှား​မည်​။


ပညတ်တရား​၊ သက်သေခံ​တော်မူ​ချက်​တို့​ကို​သာ မေးမြန်း​သင့်​သည်​မ​ဟုတ်​လော​။ ဤ​စကား​နှင့်အညီ မ​ပြောဆို​ကြ​လျှင် သူ​တို့​ထဲ၌ အရုဏ်အလင်း​မ​ရောက်​သေး​။


သို့သော် ဒုက္ခဝေဒနာ​ခံစား​ခဲ့​ရ​သော​ပြည်​၌ အမှောင်​ဖုံး​တော့​မည်​မ​ဟုတ်​။ ယခင်​အချိန်​က ဇာဗုလုန်​နယ်​နှင့် နဿလိ​နယ်​ကို နှိမ့်ချ​ခဲ့​သော်လည်း နောင်တွင် ထို​နယ်​၏​ပင်လယ်​လမ်း​တစ်လျှောက်​၊ ဂျော်ဒန်​မြစ်​တစ်ဖက်ကမ်း​၊ လူမျိုးခြား​တို့​နေရာ​ဂါလိလဲ​နယ်​တို့​ကို အသရေတင့်တယ်​စေ​တော်မူ​မည်​။


လူ​တိုင်း​မိမိ​လက်မောင်း​အသား​ကို စား​ကြ​ရ​၏​။ လက်ယာ​ဘက်​ကို ခုတ်ဖြတ်​သော်လည်း ဆာလောင်​သေး​၏​။ လက်ဝဲ​ဘက်​ကို စား​သော်လည်း မ​ဝ​ကြ​။


ကိုယ်တော်​သည် မှောင်မိုက်​ကို​ဖြစ်စေ​သဖြင့် သင်​တို့​သည် မှောင်မည်း​သော​တောင်​ပေါ်တွင် ခလုတ်​မ​တိုက်မိ​မီ​၊ သင်​တို့​သည် အလင်း​ကို​စောင့်မျှော်​လျက်​နေ​စဉ် ကိုယ်တော်​သည် ထို​အလင်း​ကို မှုန်မှိုင်း​စေ​၍ အမှောင်ထု​မ​ဖြစ်စေ​မီ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၏​ဘုန်း​တော်​ကို ချီးမွမ်း​ကြ​လော့​။


“​သူ​တို့​သွား​သော​လမ်း​သည် မှောင်မိုက်​၍ ချော်​သော​လမ်း​ဖြစ်​မည်​။ သူ​တို့​သည် ထို​လမ်း​တွင် တွန်းထိုး​ခံရ​၍ လဲကျ​ကြ​လိမ့်မည်​။ စစ်ကြောစီရင်​ချိန်​ရောက်​လျှင် သူ​တို့​အပေါ် ဘေးအန္တရာယ်​ကျရောက်​စေ​မည်​”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။


ထိုအခါ ဘုရင်​က ‘ထို​သူ​၏​ခြေ​နှင့်​လက်​တို့​ကို​ချည်နှောင်​၍ သူ့​ကို အပြင်​ဘက်​အမှောင်​ထဲသို့ နှင်ထုတ်​ကြ​လော့။ ထို​နေရာ​၌ ငိုကြွေး​ခြင်း​နှင့်​အံကြိတ်​ခြင်း​ရှိ​လိမ့်မည်’​ဟု အစေခံ​တို့​အား မိန့်​တော်မူ​၏။


ထို​နေ့ရက်​တို့​၏​ဆင်းရဲ​ဒုက္ခ​ပြီးဆုံး​သည်​နှင့် ချက်ချင်း​ပင် နေ​သည် မှောင်မည်း​သွား​၍ လ​သည်​လည်း မိမိ​၏​အလင်းရောင်​ကို​မ​ပေး​ဘဲ​နေ​လိမ့်မည်။ ကြယ်​တို့​သည်​လည်း ကောင်းကင်​မှ​ကြွေကျ​ကာ အာကာသ​ကောင်းကင်​၏​စွမ်းအား​တို့​သည် တုန်လှုပ်​ကြ​လိမ့်မည်။


နိုင်ငံ​တော်​၏​သား​တို့​မူကား အပြင်​ဘက်​အမှောင်​ထဲသို့ နှင်ထုတ်​ခြင်း​ခံရ​ကြ​လိမ့်မည်။ ထို​နေရာ​၌ ငိုကြွေး​ခြင်း​နှင့်​အံကြိတ်​ခြင်း​ရှိ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။


မိမိ​တို့​အရှက်​ကို အမြှုပ်​ကဲ့သို့​ပေါ်​စေ​သည့် ပြင်းထန်​သော​ပင်လယ်​လှိုင်းတံပိုး​များ၊ လှည့်လည်​သွားလာ​သော ကြယ်​များ​ဖြစ်​ကြ​၏။ သူ​တို့​အတွက် မှောင်မည်း​သော​အမှောင်​ကို ထာဝရ​ထိန်းသိမ်း​ထား​လျက်​ရှိ​၏။


ပဉ္စမ​ကောင်းကင်​တမန်​သည် သူ​၏​ဖလား​ကို သားရဲ​၏​ပလ္လင်​ပေါ်သို့​သွန်းလောင်း​သောအခါ သားရဲ​၏​နိုင်ငံ​သည် မှောင်မိုက်​အတိ​ဖြစ်​သွား​၍ လူ​တို့​သည် နာကျင်​ခြင်း​ဝေဒနာ​ကြောင့် မိမိ​တို့​လျှာ​ကို​ကိုက်ခဲ​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ