Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ရ​မိ 14:2 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

2 ယုဒ​ပြည် ငိုကြွေးမြည်တမ်း​လေ​ပြီ​။ မြို့​တံခါး​တို့​လည်း အားလျော့​ကြ​ပြီ​။ မြေကြီး​ပေါ်တွင် ဝမ်းနည်း​ပူဆွေး​ကြ​လေ​ပြီ​။ ဂျေရုဆလင်​မြို့​၏​အော်ဟစ်ငိုကြွေးသံ​သည် ထွက်ပေါ်​လာ​ပြီ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

2 ``ယု​ဒ​ပြည်​သည်​ငို​ကြွေး​လျက်​နေ​၏။ ယု​ဒ​မြို့​တို့​သည်​နွမ်း​လျ​လျက်​နေ​၏။ ယု​ဒ​ပြည်​အ​တွက်​ဝမ်း​နည်း​ကြေ​ကွဲ​ကြ​၏။ ယေ​ရု​ရှ​လင်​မြို့​သည်​အော်​ဟစ်​လျက် အ​ကူ​အ​ညီ​တောင်း​ခံ​၍​နေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

2 ယု ဒ ပြည် သည် မြည် တမ်း လျက်၊ မြို့ ရွာ တံ ခါး များ လည်း၊ မြေ ပေါ် တွင် အား လျော့ ညှိုး ငယ် စွာ နေ လျက်၊ ယေ ရု ရှ လင် မြို့ မှ အော် ဟစ် သံ တက် လေ ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

2 ယု​ဒ​ပြည်​သည်​ညည်း​တွား၏။ မြို့​တံ​ခါး​တို့၌ မြည်​တမ်း​သော အ​သံ​ရှိ၏။ နက်​သော​အ​ဝတ်​ကို မြေ​တိုင်​အောင်​ဝတ်၍၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့၏​ငို​ကြွေး​ခြင်း​အ​သံ​သည် တက်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 14:2
30 ပူးပေါင်းရင်းမြစ်များ  

ဆင်းရဲ​သော​သူ​တို့​၏​ငိုကြွေးသံ​ကို အထံ​တော်​သို့ ရောက်​စေ​၍ အဖိနှိပ်​ခံရ​သော​သူ​တို့​၏​ငိုကြွေးသံ​ကို ကိုယ်တော်​ကြား​တော်မူ​၏​။


အကျွန်ုပ်​တို့​၏​နွား​တို့​သည် ထမ်းပိုး​ကောင်း​ကြ​ပါစေသော​။ မြို့ရိုး​ကျိုးပေါက်​ခြင်း​မ​ရှိ​၊ သိမ်းသွား​ခံရ​ခြင်း​လည်း​မ​ရှိ​၊ အကျွန်ုပ်​တို့​၏​လမ်း​များ​၌ ငိုကြွေးပူဆွေး​ခြင်း​လည်း မ​ရှိ​ပါစေ​နှင့်​။


ဘုရားသခင်​သည် သူ​တို့​၏​ညည်းတွား​မြည်တမ်း​သံ​ကို​ကြား​တော်မူ​လျှင် အာဗြဟံ​၊ ဣဇက်​၊ ယာကုပ်​တို့​နှင့် ပြု​ခဲ့​သော​ပဋိညာဉ်​ကို အောက်မေ့​တော်မူ​၏​။


ငါ့​စိတ်နှလုံး​သည် မောဘ​ပြည်​အတွက် အော်ဟစ်​၏​။ ထို​ပြည်​မှ​ထွက်ပြေး​သော​သူ​တို့​သည် ဇောရ​မြို့​၊ ဧဂလတ်ရှလိရှ​မြို့​အထိ ပြေး​ကြ​၏​။ လုဟိတ်​မြို့​သို့​တက်သွား​သောအခါ ငိုကြွေး​လျက်​တက်သွား​ကြ​၏​။ ပျက်စီး​ခြင်း​ကြောင့် ဟောရနိမ်​မြို့​သို့​သွား​ရာ​လမ်း​၌ အသံ​ကို​လွှင့်​၍ အော်ဟစ်​ကြ​၏​။


စပျစ်ဝိုင်​ပြတ်​သောကြောင့် လမ်း​များ​ပေါ်တွင် အော်ဟစ်တောင့်တ​ကြ​၏​။ ဝမ်းမြောက်​ခြင်း​ရှိသမျှ​တို့​သည် ချုပ်ငြိမ်း​သွား​လေ​ပြီ​။ ကမ္ဘာမြေ​ပေါ်ရှိ ပျော်ရွှင်​ခြင်း​သည် ပျောက်ကွယ်​လေ​ပြီ​။


ကမ္ဘာမြေကြီး​သည် ငိုကြွေးမြည်တမ်း​၍ ညှိုးနွမ်း​၏​။ ကမ္ဘာလောက​သည် အားလျော့​ချည့်နဲ့​၏​။ ဂုဏ်မြင့်​သူမြေကြီးသား​တို့​သည် အားလျော့​ကြ​၏​။


စပျစ်ဝိုင်​အသစ်​သည် ငိုကြွေးမြည်တမ်း​ရ​ပြီ​။ စပျစ်ပင်​သည် ညှိုးနွမ်းခြောက်သွေ့​သွား​ပြီ​။ စိတ်နှလုံး​ဝမ်းမြောက်​ခဲ့​သော​သူ​အပေါင်း​တို့​သည်​လည်း ညည်းတွား​ကြ​ရ​လေ​ပြီ​။


ဇိအုန်​မြို့​တံခါး​တို့​သည် ညည်းတွား​၍ ငိုကြွေးမြည်တမ်း​ကြ​လိမ့်မည်​။ ဇိအုန်​မြို့​သည် လူသူကင်းမဲ့​လိမ့်မည်​။ မြေကြီး​ပေါ်​ထိုင်​ရ​လိမ့်မည်​။


တိုင်းပြည်​သည် ငိုကြွေးမြည်တမ်း​၍ အားလျော့​လေ​ပြီ​။ လက်ဘနွန်​တောင်​သည် အရှက်ရ​၍ ညှိုးနွမ်း​လေ​ပြီ​။ ရှာရုန်​အရပ်​သည် အရာဗ​လွင်ပြင်​နှင့်​တူ​လေ​ပြီ​။ ဗာရှန်​တောင်​၊ ကရမေလ​တောင်​သည် မိမိ​တို့​အရွက်​များ​ကို​ခါချ​ပြီ​။


ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​၏​စပျစ်ခြံ​ကား အစ္စရေး​အမျိုးအနွယ်​ပေတည်း​။ ကိုယ်တော်​နှစ်သက်​တော်မူ​သော​အပင်​ကား ယုဒ​အမျိုးသား​ပေတည်း​။ ကိုယ်တော်​သည် တရားမျှတမှု​ကို စောင့်မျှော်​တော်မူ​သော်လည်း ကြည့်ရှု​လော့​။ သတ်ဖြတ်မှု​သာ​ဖြစ်​ပါ​သည်​တကား​။ ဖြောင့်မတ်​ခြင်း​အစား အော်ဟစ်ငိုကြွေး​ခြင်း​သာ​ရှိ​ပါ​သည်​တကား​။


ထို့ကြောင့် ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ သူ​တို့​ပြေး​၍​မ​လွတ်​နိုင်​သော​ဘေးအန္တရာယ်​ကို သူ​တို့​အပေါ် ငါ​ကျရောက်​စေ​မည်​။ ငါ့​ကို​ဟစ်အော်​သော်လည်း ငါ​နားထောင်​မည်​မ​ဟုတ်​။


သူ​တို့​သည် ငါ့​လယ်မြေ​ကို လူသူကင်းမဲ့​ရာ​ဖြစ်​စေ​ပြီ​။ လူသူကင်းမဲ့​သော​လယ်မြေ​သည် ငါ့​အား ငိုကြွေးမြည်တမ်း​ပြ​ပြီ​။ မည်သူ​မျှ​အလေး​မ​ထား​ကြ​သောကြောင့် ပြည်​တစ်ပြည်လုံး​ပျက်စီး​သွား​လေ​ပြီ​။


တိုင်းပြည်​သည် မည်သည့်​အချိန်​ထိ ငိုကြွေးမြည်တမ်း​ရ​မည်နည်း​။ ကွင်းပြင်​ရှိ​မြက်​တို့​သည် မည်သည့်​အချိန်​ထိ ခြောက်သွေ့​ရ​မည်နည်း​။ “​ငါ​တို့​၏​အဆုံး​ကို ကိုယ်တော်​မ​မြင်​”​ဟု ပြောဆို​ကြ​သော ပြည်သား​တို့​၏​မကောင်းမှု​ကြောင့် တိရစ္ဆာန်​များ​၊ ငှက်​များ သေကျေပျက်စီး​ကုန်​ပါ​ပြီ​။


ဓားပြ​တို့​သည် သူ​တို့​ကို ရုတ်တရက်​ဝင်ရောက်​တိုက်ခိုက်​သဖြင့် သူ​တို့​၏​အိမ်သား​များ အော်ဟစ်​ကြ​ရ​ပါစေ​။ အကြောင်းမူကား သူ​တို့​သည် အကျွန်ုပ်​ကို​ဖမ်းဆီး​ရန် တွင်း​ကို​တူး​ကြ​ပါ​ပြီ​။ ကျော့ကွင်း​ကို​ထောင်​ထား​ကြ​ပါ​ပြီ​။


ထို့ကြောင့် မြေကြီး​သည် ငိုကြွေးမြည်တမ်း​လိမ့်မည်​။ အထက်​ကောင်းကင်​သည် မှောင်မည်း​လိမ့်မည်​။ ငါ​မိန့်ဆို​ခဲ့​ပြီ​။ ကြံစည်​ခဲ့​ပြီ​။ စိတ်ပြောင်းလဲ​မည်​မ​ဟုတ်​။ နောက်ပြန်လှည့်​မည်​မ​ဟုတ်​။


သင်​အရှက်ကွဲ​သည်​ကို လူမျိုးတကာ​တို့ ကြားသိ​လေ​ပြီ​။ သင့်​အော်ဟစ်ငိုကြွေးသံ​သည်​လည်း မြေ​တစ်ပြင်လုံး​ကို ဖုံးလွှမ်း​လေ​ပြီ​။ စစ်သူရဲ​အချင်းချင်း​တိုက်မိ​၍ သူ​တို့​နှစ်​ယောက်​စလုံး အတူတကွ​လဲကျ​လေ​ပြီ​။


ငါ့​လူမျိုး​သမီးပျို​ဒဏ်ရာ​ရ​သောကြောင့် ငါ​ကြေကွဲ​၏​၊ ငါ​ဝမ်းနည်းပူဆွေး​၏​၊ ထိတ်လန့်​ခြင်း​သည် ငါ့​ကို​ဖမ်းစား​လေ​ပြီ​။


ထာဝရဘုရား​သည် ဇိအုန်​သမီးပျို​၏​မြို့ရိုး​ကို ဖျက်ဆီး​မည်​ဟု ကြံရွယ်​တော်မူ​ပြီ​။ မျဉ်းကြိုး​ကို​ချ​ပြီး လက်​တော်​ကို​ဆန့်​လျက် ဖျက်ဆီး​တော်မူ​ပြီ​။ တံတိုင်း​နှင့်​မြို့ရိုး​တို့​အား ငိုကြွေးမြည်တမ်း​စေ​တော်မူ​ပြီ​။ အားလုံး​ပြိုကျပျက်စီး​လေ​ပြီ​။


မြို့​တံခါး​တို့​သည် မြေကြီး​ထဲသို့​နစ်ဝင်​သွား​ကြ​ပြီ​။ ကန့်လန့်ကျင်​တို့​ကို ကျိုးပဲ့​ပျက်စီး​စေ​တော်မူ​ပြီ​။ ရှင်ဘုရင်​နှင့်​မှူးမတ်​တို့​သည် လူမျိုးခြား​တို့​တွင် နေ​ရ​လေ​ပြီ​။ ပညတ်တရား​လည်း​မ​ရှိ​တော့​ပြီ​။ ပရောဖက်​တို့​သည်​လည်း ထာဝရဘုရား​ထံ​တော်​မှ ဗျာဒိတ်နိမိတ်​ကို​မ​ရ​ကြ​တော့​ပြီ​။


ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေးဒဏ်​ကြောင့် အကျွန်ုပ်​တို့ အရေပြား​သည် မီးဖို​မှ​မီး​ကဲ့သို့ ပူလောင်​နေ​ပါ​၏​။


ထို့ကြောင့် တိုင်းပြည်​သည် ငိုကြွေးမြည်တမ်း​လိမ့်မည်​။ ပြည်သူပြည်သား​များ​လည်း ချုံးချုံးကျ​ကုန်​လိမ့်မည်​။ တောရိုင်းတိရစ္ဆာန်​များ​၊ မိုးကောင်းကင်​ငှက်​များ​နှင့် ပင်လယ်​ငါး​များ​ပါ​မကျန် သေကျေ​ကြ​လိမ့်မည်​။


လယ်ယာ ဖျက်ဆီး​ခံရ​ပြီ​။ ကောက်ပဲသီးနှံ ဖျက်ဆီး​ခံရ​သောကြောင့် မြေ​သည် ငိုကြွေးမြည်တမ်း​လေ​ပြီ​။ စပျစ်ဝိုင်​အသစ် ခန်း​လေ​ပြီ​။ ဆီ​လည်း လျော့​လေ​ပြီ​။


အို လယ်လုပ်သား​တို့​၊ ရှက်​ကြ​လော့​။ အို စပျစ်ခြံလုပ်သား​တို့​၊ ညည်းတွား​ကြ​လော့​။ အကြောင်းမူကား လယ်မြေ​တွင် ရိတ်သိမ်းစရာ ဂျုံစပါး​၊ မုယောစပါး​တို့ ပျက်စီး​လေ​ပြီ​။


အစာရှောင်​ဖို့ အသင့်ပြင်​ကြ​လော့​။ ဓမ္မစည်းဝေးပွဲ​ကို ဆင့်ခေါ်​ကြ​လော့​။ သက်ကြီးဝါကြီး​များ​၊ ပြည်သူပြည်သား​များ​အားလုံး သင်​တို့​ဘုရားသခင်​ထာဝရဘုရား​၏​အိမ်​တော်​၌ စုရုံး​၍ ထာဝရဘုရား​ထံ အော်ဟစ်​ကြ​လော့​။


လူ​တို့​သည် သူ​တို့​ရှေ့​တွင် တုန်လှုပ်​လျက် မျက်နှာ​ဖြူဖတ်ဖြူရော်​ဖြစ်​လိမ့်မည်​။


မြေကြီး​နှင့် တောင်​များ​အပေါ်​၌​လည်းကောင်း​၊ ကောက်ပဲသီးနှံ​၊ စပျစ်ဝိုင်​အသစ်​၊ ဆီ​၊ မြေ​၌ ပေါက်​သော​အပင်​များ​၊ လူ​နှင့်​တိရစ္ဆာန်​များ​နှင့် ပင်ပန်းခက်ခဲ​စွာ​လုပ်ဆောင်​ထား​သော​အရာ​အားလုံး​အပေါ်​၌​လည်းကောင်း မိုးခေါင်​ခြင်း​ဘေး​ကျရောက်​စေ​လေ​ပြီ”​ဟု မိန့်ဆို​၏​။


ထို့ကြောင့် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ‘ငါ​ခေါ်​သောအခါ သူ​တို့​မ​ထူး​သကဲ့သို့ သူ​တို့​ခေါ်​သောအခါ​၌​လည်း ငါ​မ​ထူး’​ဟု မိန့်​တော်မူ​၏​။


အသက်​မ​သေ​ဘဲ ကျန်ရစ်​သူ​တို့​မှာ ပလိပ်ရောဂါ​ဖြင့် ဒဏ်ခတ်​ခံရ​သောကြောင့် တစ်မြို့လုံး​၏​အော်ဟစ်သံ​သည် မိုးကောင်းကင်​အထိ ရောက်​လေ​၏​။


“​မနက်ဖြန် ယခုလို​အချိန်​တွင် ဗင်္ယာမိန်​ပြည်သား​တစ်​ယောက်​ကို သင့်​ထံသို့ ငါ​စေလွှတ်​မည်​။ ငါ​၏​လူမျိုး​တော်​အစ္စရေး​တို့​ကို အုပ်ချုပ်သူမင်း​အဖြစ် သူ့​ကို သင်​ဘိသိက်ပေး​ရ​မည်​။ သူ​သည် ငါ့​လူမျိုး​တော်​ကို ဖိလိတ္တိ​လူမျိုး​တို့​လက်​မှ ကယ်တင်​လိမ့်မည်​။ သူ​တို့​၏​အော်ဟစ်ငိုကြွေးသံ​သည် ငါ့​ထံသို့​ရောက်လာ​သည်​ဖြစ်၍ ငါ​၏​လူမျိုး​တော်​တို့​ကို ငါ​ကြည့်ရှု​ပြီ​”​ဟု ကြားသိ​စေ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ