ယေရမိ 48:33 - မြန်မာ့စံမီသမ္မာကျမ်း33 သီးနှံဖြစ်ထွန်းသောမြေနှင့် မောဘပြည်၌ ဝမ်းမြောက်ရွှင်လန်းခြင်း ပျောက်ကွယ်လေပြီ။ စပျစ်သီးနယ်ရာကျင်းမှ စပျစ်ဝိုင်ပြတ်လေပြီ။ ဝမ်းမြောက်စွာကြွေးကြော်လျက် စပျစ်သီးကိုနင်းနယ်ကြတော့မည်မဟုတ်။ ကြွေးကြော်သောအသံသည်လည်း ဝမ်းမြောက်သောကြွေးကြော်သံမဟုတ်။ အခန်းကိုကြည့်ပါ။Common Language Bible33 အသီးအနှံကြွယ်ဝသည့်မောဘပြည်မှ ရွှင်လန်းဝမ်းမြောက်မှုကိုရုပ်သိမ်းလိုက်လေ ပြီ။ စပျစ်သီးနယ်ရာကျင်းမှစပျစ်ရည် များယိုထွက်၍မလာတော့ပေ။ စပျစ်သီး ကိုနယ်၍ဝမ်းမြောက်စွာကြွေးကြော်မည့် သူလည်းတစ်ဦးတစ်ယောက်မျှမရှိတော့ပေ။ အခန်းကိုကြည့်ပါ။Garrad Bible33 မော ဘ ပြည် မှ လည်း ကောင်း၊ ခြံ ထဲ မှ လည်း ကောင်း၊ ဝမ်း မြောက် ရွှင် လန်း ခြင်း များ ကို ရုပ် သိမ်း သည့် အ လျောက်၊ စ ပျစ် ကျင်း မှ အ သီး ပြတ် စဲ စေ တော် မူ သ ဖြင့်၊ ပျော် ရွှင် စွာ ဖိ နင်း သူ မ ရှိ။ ကြွေး ကြော် သံ လည်း ရွှင် လန်း သံ မ ဟုတ် ချေ။ အခန်းကိုကြည့်ပါ။Judson Bible33 ဝပြောသောလယ်ပြင်နှင့် မောဘပြည်ထဲမှာ ဝမ်းမြောက်ရွှင်လန်းခြင်း ပြတ်လေပြီ။ စပျစ်သီးနယ်ရာ ကျင်း၌ စပျစ်ရည်ကို ငါပြတ်စေပြီ။ ကြွေးကြော်သံကိုပြု၍ စပျစ်သီးကို မနင်းရ။ ကြွေးကြော်သော အသံလည်း ကြွေးကြော်သောအသံ မဟုတ်ရ။ အခန်းကိုကြည့်ပါ။ |