ဟေရှာယ 10:13 - မြန်မာ့စံမီသမ္မာကျမ်း
အကြောင်းမူကား ထိုဘုရင်က “ငါ၌ အသိဉာဏ်ရှိ၏။ ငါ့လက်ရုံးရည်၊ ငါ့ဉာဏ်ပညာဖြင့် ငါပြုပြီ။ လူမျိုးတို့၏နယ်နိမိတ်ကို ငါရွှေ့ပြီ။ သူတို့၏ဘဏ္ဍာကို တိုက်ခိုက်လုယက်ပြီ။ စိုးစံသောဘုရင်တို့ကို စစ်သူရဲသဖွယ် ငါဖြုတ်ချပြီ။
အခန်းကိုကြည့်ပါ။
အာရှုရိဘုရင်က``ဤအမှုကိုငါကိုယ်တိုင် ပြုခဲ့၏။ ငါသည်ခွန်အားကြီး၏။ ပညာရှိ၍ တတ်သိလိမ္မာ၏။ တိုင်းနိုင်ငံတို့၏နယ်နိမိတ် ကိုဖယ်ရှားပြီးလျှင် သူတို့သိုလှောင်ထားသည့် ရိက္ခာများကိုသိမ်းယူခဲ့၏။ ထိုတိုင်းနိုင်ငံ များတွင်နေထိုင်သူတို့အား ငါသည်နွား နင်းသကဲ့သို့နင်းချေပစ်ခဲ့၏။-
အခန်းကိုကြည့်ပါ။
ထို မင်း က ဉာဏ် ပ ဋိ ဘာန် ရှိ သည့် အ လျောက် ကိုယ့် လက် သ တ္တိ၊ ဉာဏ် သ တ္တိ အား ဖြင့် ငါ ပြု ခဲ့ ပြီ။ လူ မျိုး တို့ နယ် နိ မိတ် များ ကို ရွှေ့ ပြောင်း လျက် ဆည်း ပူး သော ဥ စ္စာ များ ကို လု ယူ ပြီး လျှင်၊ နန်း စံ တို့ ကို လည်း နွား ဥဿ ဘ သ ဘွယ် နန်း ချ သ ဖြင့်၊
အခန်းကိုကြည့်ပါ။
ထိုမင်းက၊ ငါသည် ကိုယ်လက်ရုံးသတ္တိနှင့် ကိုယ်ဉာဏ်အားဖြင့် ငါတတ်နိုင်၏။ ပညာသတိနှင့် ငါပြည့်စုံ၏။ လူမျိုးနေရာ အပိုင်းအခြားတို့ကို ငါရွှေ့ပြီ။ သူတို့၏ဘဏ္ဍာကိုလုယူပြီ။ ဘုရင်တို့ကို သူရဲကဲ့သို့နှိမ့်ချပြီ။
အခန်းကိုကြည့်ပါ။