Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ဇ​ကျေ​လ 26:2 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

2 “​အချင်း​လူသား​၊ တိုင်ရာ​မြို့​က ဂျေရုဆလင်​မြို့​ကို​ဆန့်ကျင်​၍ ‘​အဟား​၊ လူမျိုးတကာ​တို့​၏​တံခါး​ကြီး ကျိုးပဲ့​လေ​ပြီ​။ ဟင်းလင်းပွင့်​လေ​ပြီ​။ ထို​မြို့​သည် လူဆိတ်ညံ​ရာ​ဖြစ်​လေ​ပြီ​။ ငါ့​အလို​ပြည့်စုံ​လေ​ပြီ​’​ဟု ဆို​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

2 ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ တု​ရု​မြို့​သား တို့​က`ယေ​ရု​ရှ​လင်​မြို့​တံ​ခါး​သည်​ပျက်​ပြုန်း လေ​ပြီ။ ထို​မြို့​၌​တံ​ခါး​များ​ပွင့်​လျက်​ရှိ​၏။ ထို​မြို့​သည်​ငါ​တို့​နှင့်​ပြိုင်​ဘက်​မ​ဖြစ်​တော့ ပြီ' ဟု​ဝမ်း​မြောက်​စွာ​ဟစ်​အော်​ကြွေး​ကြော် လျက်​နေ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

2 အ ချင်း လူ့ သား၊ တု ရု မြို့ က၊ လူ အ မျိုး မျိုး တို့၏ တံ ခါး ပေါက် ပျက် လျက်၊ ငါ့ ဘက် သို့ လှည့် ခဲ့ ပြီ။ ဆိတ် ညံ ရာ ရောက် သော ကြောင့်၊ ငါ စည် ကား တော့ မည် ဟု ယေ ရု ရှ လင် မြို့ ကို ရည်၍ ကဲ့ ရဲ့ သော ကြောင့်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

2 အ​ချင်း​လူ​သား၊ တု​ရု​မြို့​က၊ အေ့​ဟေ၊ တိုင်း​နိုင်​ငံ​တို့၏​တံ​ခါး​ဖြစ်​သော ယေ​ရု​ရှ​လင်​မြို့​သည် ပျက်​စီး​သည်​ဖြစ်၍၊ ငါ့​လက်​သို့ ရောက်​လိမ့်​မည်။ ထို​မြို့​ဆိတ်​ညံ​သော​ကြောင့် ငါ​စည်​ပင်​လိမ့်​မည်​ဟု ယေ​ရု​ရှ​လင်​မြို့​တစ်​ဖက်၌ ဆို​မိ​သော​ကြောင့်၊

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ဇ​ကျေ​လ 26:2
27 ပူးပေါင်းရင်းမြစ်များ  

တိုင်ရာ​ဘုရင်​ဟိရံ​မင်းကြီး​သည်​လည်း သစ်ကတိုးသား​များ​နှင့်တကွ လက်သမား​များ​၊ ကျောက်ဆစ်သမား​များ​နှင့် တမန်​တို့​ကို​ဒါဝိဒ်​မင်းကြီး​ထံ စေလွှတ်​၏​။ သူ​တို့​သည် ဒါဝိဒ်​မင်းကြီး​အဖို့ နန်းတော်​ကို တည်ဆောက်​ပေး​ကြ​၏​။


သူ​တို့​သည် အကျွန်ုပ်​ကို​ကြည့်​လျက် မိမိ​တို့​ပါးစပ်​ကို​ကျယ်စွာ​ဖွင့်​ကာ “​ဟား​ဟား​၊ ငါ​တို့​မျက်စိ​နှင့် မြင်​ခဲ့​ရ​ပြီ​”​ဟု ဆို​ကြ​ပါ​၏​။


အကျွန်ုပ်​ကို “​ဟား​ဟား​”​ဟု ရယ်မော​ပြောဆို​သော​သူ​တို့​သည် မိမိ​တို့​ခံရ​သော​အရှက်ကွဲ​ခြင်း​ကြောင့် တုန်လှုပ်ချောက်ချား​ကြ​ပါစေသော​။


ကိုယ်တော်​ကို​ရှာ​သော​သူ​အပေါင်း​တို့​သည် ကိုယ်တော်​၌​ရွှင်မြူး​လျက်​ဝမ်းမြောက်​ကြ​ပါစေသော​။ ကိုယ်တော်​၏​ကယ်တင်​ခြင်း​ကို​မြတ်နိုး​သော​သူ​တို့​က “​ထာဝရဘုရား​သည် ကြီးမြတ်​တော်မူ​၏​”​ဟု အစဉ်​မြွက်ဆို​ကြ​ပါစေသော​။


အကျွန်ုပ်​ကို “​ဟား ဟား​”​ဟု ရယ်မော​ပြောဆို​သော​သူ​တို့​သည် မိမိ​တို့​ခံရ​သော​အရှက်ကွဲ​ခြင်း​ကြောင့် နောက်ပြန်ဆုတ်​ကြ​ရ​ပါစေသော​။


ဂေဗလ​လူမျိုး​၊ အမ္မုန်​လူမျိုး​နှင့်​အာမလက်​လူမျိုး​များ​၊ တိုင်ရာ​မြို့သား​များ​နှင့် ဖိလိတ္တိ​ပြည်သား​များ ပါဝင်​ကြ​ပါ​၏​။


ဖြတ်သွား​ကြ​။ မြို့​တံခါး​ကို ဖြတ်သွား​ကြ​။ လူမျိုးတကာ​တို့​သွား​ရာ​လမ်း​ကို​ပြင်​ကြ​။ ဖို့​ကြ​။ လမ်းမကြီး​ကို​ဖို့​ကြ​။ ကျောက်ခဲ​ကို​ဖယ်​ကြ​။ လူမျိုးတကာ​တို့​အတွက် အချက်ပြအလံ​ကို​လွှင့်ထူ​ကြ​။


တိုင်ရာ​ဘုရင်​အားလုံး​၊ ဆီဒုန်​ဘုရင်​အားလုံး​၊ ပင်လယ်​တစ်ဖက်ကမ်း​ရှိ ကမ်းရိုးတန်းဒေသ​များ​မှ​ဘုရင်​များ​၊


ထို့နောက် ဂျေရုဆလင်​မြို့​ရှိ ယုဒ​ဘုရင်​ဇေဒကိ​မင်းကြီး​ရှိ​ရာ​သို့ ရောက်လာ​သော သံတမန်​တို့​မှတစ်ဆင့် ဧဒုံ​ဘုရင်​၊ မောဘ​ဘုရင်​၊ အမ္မုန်​ဘုရင်​၊ တိုင်ရာ​ဘုရင်​၊ ဆီဒုန်​ဘုရင်​တို့​ထံသို့ ကြိုး​နှင့်​ထမ်းပိုး​တို့​ကို ပေးပို့​လော့​။


ဖိလိတ္တိ​လူမျိုး​အားလုံး​ကို ဖျက်ဆီး​မည့်​နေ့​၊ တိုင်ရာ​မြို့​နှင့်​ဆီဒုန်​မြို့​တို့​ကို စစ်ကူပေး​သော​ကြွင်းကျန်သူ​ရှိသမျှ​တို့​ကို ပယ်ဖျက်​မည့်​နေ့ ရောက်လာ​ပြီ​။ ထာဝရဘုရား​သည် ကတ္တောရ​ကျွန်း​ရှိ ကြွင်းကျန်​သော​ဖိလိတ္တိ​လူမျိုး​တို့​ကို ဖျက်ဆီး​မည်​။


အမ္မုန်​အမျိုးသား​တို့​နှင့်​ပတ်သက်၍ ထာဝရဘုရား​က “​အစ္စရေး​လူမျိုး​၌ သား​မ​ရှိ​သလော​၊ အမွေခံ​မ​ရှိ​သလော​။ အဘယ်ကြောင့် မိလကုံ​ဘုရား​သည် ဂဒ်​ပြည်​ကို သိမ်းပိုက်​သနည်း​။ အဘယ်ကြောင့် သူ့​လူမျိုး​တို့​သည် ဂဒ်​ပြည်​ရှိ​မြို့​များ​တွင် နေထိုင်​ကြ​သနည်း​”​ဟု မိန့်ဆို​တော်မူ​၏​။


လူ​စည်ကား​ခဲ့​သော​မြို့​ကြီး အထီးကျန်​နေ​ပါ​ပြီ​တကား​။ တိုင်းနိုင်ငံ​တို့​၏ အထွတ်​ရောက်​ခဲ့​ဖူး​သော​မြို့​ကြီး မုဆိုးမ​ဘဝ​သို့​ရောက်​ရ​ပါ​ပြီ​တကား​။ ပြည်တကာ​တို့​၏​ဘုရင်မကြီး အစေခံ​ဘဝ​သို့​ရောက်​ရ​ပါ​ပြီ​တကား​။


ထို​မြို့​တို့​ကို အမ္မုန်​အမျိုးသား​တို့​နှင့်အတူ အရှေ့​ပြည်သား​တို့​လက်​သို့ အပိုင်​ပေး​လိုက်​မည်​။ ထို့ကြောင့် လူမျိုးတကာ​တို့​သည် အမ္မုန်​အမျိုးသား​ကို သတိရ​ကြ​တော့​မည်​မ​ဟုတ်​။


ဘုရားရှင်​ထာဝရဘုရား​က ‘သင်​သည် ဝမ်းမြောက်ဝမ်းသာ​လက်ခုပ်တီး​ကခုန်​လျက် အစ္စရေး​ပြည်​ကို ပြောင်လှောင်​သောကြောင့်


တစ်ဖန် ဘုရားရှင်​ထာဝရဘုရား​က ‘မောဘ​ပြည်​နှင့် စိရ​ပြည်​တို့​က ယုဒ​အမျိုး​သည် လူမျိုးခြား​တို့​နှင့် အတူတူ​ပင်​ဖြစ်​၏​ဟု ဆို​ကြ​သောကြောင့်


တစ်ဆယ့်တစ်​နှစ်​မြောက်​၊ ပထမ​လ​တွင် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​၍


ထို​အရပ်​တွင် ထာဝရဘုရား​ရှိ​လျက်​နှင့် သင်​တို့​က ဤ​ပြည်​နှစ်​ပြည်​၊ ဤ​လူမျိုး​နှစ်​မျိုး​ကို ငါ​တို့​သိမ်းပိုက်​၍ ငါ​တို့​အပိုင်​ဖြစ်​မည်​ဟု ဆို​သောကြောင့်


သင်​တို့​၏​ရန်သူ​က ရှေးက​ရှိ​ခဲ့​သော အထွတ်အမြတ်​ထား​ရာ​ကုန်းမြင့်​တို့​ကို ငါ​တို့​ပိုင်​ပြီ​ဟေ့​ဟူ၍ ဆို​လေ​ပြီ’​ဟု ဘုရားရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။


အို တိုင်ရာ​မြို့​၊ ဆီဒုန်​မြို့​နှင့် ဖိလိတ္တိ​ပြည်သား​အပေါင်း​တို့​၊ အဘယ်ကြောင့် ငါ့​ကို​ဆန့်ကျင်​ကြ​သနည်း​။ တစ်စုံတစ်ရာ​ကြောင့် ငါ့​ကို​တုံ့ပြန်​ကြ​သလော​။ သင်​တို့ ငါ့​ကို​တုံ့ပြန်​လျှင် ငါ​သည်​လည်း မနှေးအမြန် သင်​တို့​ပြု​သော​အမှု​ကို သင်​တို့​ခေါင်း​ပေါ် ပြန်ရောက်​စေ​မည်​။


တစ်ဖန် ထို​နယ်နိမိတ်​သည် ရာမ​မြို့​၊ တိုင်ရာ​ခံတပ်​မြို့​တို့​ဘက်​သို့ လှည့်သွား​၏​။ ထိုမှ နယ်နိမိတ်​သည် ဟောသ​မြို့​သို့ လှည့်သွား​၍ အာခဇိပ်​နယ်မြေ​ရှိ ပင်လယ်​တွင် ဆုံး​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ