ဟေရှာယ 10:13 - Common Language Bible13 အာရှုရိဘုရင်က``ဤအမှုကိုငါကိုယ်တိုင် ပြုခဲ့၏။ ငါသည်ခွန်အားကြီး၏။ ပညာရှိ၍ တတ်သိလိမ္မာ၏။ တိုင်းနိုင်ငံတို့၏နယ်နိမိတ် ကိုဖယ်ရှားပြီးလျှင် သူတို့သိုလှောင်ထားသည့် ရိက္ခာများကိုသိမ်းယူခဲ့၏။ ထိုတိုင်းနိုင်ငံ များတွင်နေထိုင်သူတို့အား ငါသည်နွား နင်းသကဲ့သို့နင်းချေပစ်ခဲ့၏။- အခန်းကိုကြည့်ပါ။Garrad Bible13 ထို မင်း က ဉာဏ် ပ ဋိ ဘာန် ရှိ သည့် အ လျောက် ကိုယ့် လက် သ တ္တိ၊ ဉာဏ် သ တ္တိ အား ဖြင့် ငါ ပြု ခဲ့ ပြီ။ လူ မျိုး တို့ နယ် နိ မိတ် များ ကို ရွှေ့ ပြောင်း လျက် ဆည်း ပူး သော ဥ စ္စာ များ ကို လု ယူ ပြီး လျှင်၊ နန်း စံ တို့ ကို လည်း နွား ဥဿ ဘ သ ဘွယ် နန်း ချ သ ဖြင့်၊ အခန်းကိုကြည့်ပါ။Judson Bible13 ထိုမင်းက၊ ငါသည် ကိုယ်လက်ရုံးသတ္တိနှင့် ကိုယ်ဉာဏ်အားဖြင့် ငါတတ်နိုင်၏။ ပညာသတိနှင့် ငါပြည့်စုံ၏။ လူမျိုးနေရာ အပိုင်းအခြားတို့ကို ငါရွှေ့ပြီ။ သူတို့၏ဘဏ္ဍာကိုလုယူပြီ။ ဘုရင်တို့ကို သူရဲကဲ့သို့နှိမ့်ချပြီ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း13 အကြောင်းမူကား ထိုဘုရင်က “ငါ၌ အသိဉာဏ်ရှိ၏။ ငါ့လက်ရုံးရည်၊ ငါ့ဉာဏ်ပညာဖြင့် ငါပြုပြီ။ လူမျိုးတို့၏နယ်နိမိတ်ကို ငါရွှေ့ပြီ။ သူတို့၏ဘဏ္ဍာကို တိုက်ခိုက်လုယက်ပြီ။ စိုးစံသောဘုရင်တို့ကို စစ်သူရဲသဖွယ် ငါဖြုတ်ချပြီ။ အခန်းကိုကြည့်ပါ။ |
ထိုပြည်သူတို့အားငါအရှင်ထာဝရဘုရား မိန့်တော်မူသည်ကိုနားထောင်ကြလော့၊ အရှင် ထာဝရဘုရားဤသို့မိန့်တော်မူ၏။ သင်တို့ သည်ငါ၏ဗိမာန်တော်ညစ်ညမ်းသွားသည် ကိုလည်းကောင်း၊ ဣသရေလပြည်ပျက်ပြုန်း သွားခြင်း၊ ယုဒအမျိုးသားတို့ပြည်နှင်ဒဏ် သင့်ကြခြင်းကိုမြင်သောအခါဝမ်းမြောက် ကြ၏။-
သို့ဖြစ်၍ကိုယ်တော်သည်(တိဂလတ်ပိလေ သာဟုလည်းနာမည်တွင်သော) အာရှုရိ ပြည်ဧကရာဇ်ဘုရင်ပုလအားသူတို့ ၏တိုင်းပြည်ကိုချင်းနင်းဝင်ရောက်စေ တော်မူ၏။ ကိုယ်တော်သည်ရုဗင်အနွယ်ဝင်၊ ဂဒ်အနွယ်ဝင်နှင့် အရှေ့ပိုင်းမနာရှေအနွယ် ဝင်တို့အားပြည်နှင်ဒဏ်ပေးတော်မူ၍ ဟေလ၊ ဟာဗော်နှင့်ဟာရနယ်များတွင် လည်းကောင်း၊ ဂေါဇန်မြစ်အနီးတွင်လည်း ကောင်း၊ အမြဲတမ်းအခြေစိုက်၍နေ ထိုင်စေတော်မူ၏။
အာရှုရိဧကရာဇ်ဘုရင်သည်ဗာဗုလုန်မြို့၊ ကုသမြို့၊ အာဝမြို့၊ ဟာမတ်မြို့နှင့်သေဖရ ဝိမ်မြို့တို့မှလူတို့အားခေါ်ဆောင်၍ ပြည်နှင် ဒဏ်သင့်သူဣသရေလအမျိုးသားတို့နေ ထိုင်ခဲ့သောမြို့ရွာများတွင်နေထိုင်စေလေ သည်။ သူတို့သည်ရှမာရိပြည်မြို့ရွာများ ကို အပိုင်ရလျက်အတည်တကျနေထိုင် ကြ၏။-
ဟောရှေ၏နန်းစံကိုးနှစ်မြောက်၌အာရှုရိ ဧကရာဇ်ဘုရင်သည် ရှမာရိမြို့ကိုသိမ်းယူ၍ ဣသရေလအမျိုးသားတို့အားသုံ့ပန်းများ အဖြစ်အာရှုရိပြည်သို့ဖမ်းသွားပြီးလျှင် အချို့ကိုဟာလမြို့၌လည်းကောင်း၊ အချို့ ကိုဂေါဇန်ခရိုင်၊ ဟာဗော်မြစ်အနီး၌လည်း ကောင်း၊ အချို့ကိုမေဒိပြည်ရှိမြို့များ၌ လည်းကောင်းနေထိုင်စေ၏။
ပေကာမင်းလက်ထက်တွင်အာရှုရိဧကရာဇ် ဘုရင်တိဂလတ်ပိလေသာသည်ဣယုန်မြို့၊ အဗေလဗက်မာခါမြို့၊ ယာနောမြို့၊ ကေဒေရှ မြို့နှင့်ဟာဇော်မြို့များနှင့်တကွဂိလဒ်ပြည်၊ ဂါလိလဲနှင့်နဿလိပြည်တို့ကိုသိမ်းယူ၍ လူတို့အား အာရှုရိပြည်သို့သုံ့ပန်းများ အဖြစ်ဖမ်းဆီးသွားလေသည်။
စစ်ရှုံးသူတို့သည်စစ်နိုင်သူတို့အားမခံချိ% မခံသာပြောဆိုလျက်မထီလေးစားပြုကြ% လိမ့်မည်။ သူတို့က``မိမိတို့မပိုင်သည့်ဥစ္စာပစ္စည်း% ကိုသိမ်းယူကြသူသင်တို့သည်အမင်္ဂလာရှိ% ကြ၏။ သင်တို့သည်အဘယ်မျှကြာအောင် မိမိ% တို့၏ကြွေးမြီစားများကိုလိမ်လည်လှည့်စား% ၍သင်တို့ကိုယ်ကိုချမ်းသာကြွယ်ဝအောင်ပြု% နေကြပါဦးမည်နည်း'' ဟုဆိုကြလိမ့်မည်။ %
ထာဝရဘုရားကဂိဒေါင်အား``သင်နှင့် အတူပါလာသောလူတို့သည်အရေအတွက် အားဖြင့်များလွန်းသဖြင့် သူတို့အားမိဒျန် အမျိုးသားတို့အပေါ်အောင်မြင်ခွင့်ကိုငါ မပေးလို။ အကယ်၍ပေးခဲ့သော်သူတို့သည် မိမိတို့၏စွမ်းရည်ဖြင့်အောင်ပွဲရသည်ဟု ထင်မှတ်ကာငါ့ကျေးဇူးကိုမသိဘဲနေ ကြလိမ့်မည်။-