၄ ရာ 18:15 - မြန်မာ့စံမီသမ္မာကျမ်း15 ထို့ကြောင့် ဟေဇကိမင်းကြီးသည် ထာဝရဘုရား၏အိမ်တော်နှင့် ဘုရင့်နန်းတော်ရှိ ဘဏ္ဍာတိုက်တို့ထဲမှတွေ့ရှိသမျှငွေတို့ကို ပေးလိုက်၏။ အခန်းကိုကြည့်ပါ။Common Language Bible15 ဟေဇကိသည်ဗိမာန်တော်နှင့်နန်းတော်ဘဏ္ဍာ တိုက်၌ ရှိသမျှသောငွေကိုလည်းကောင်း၊- အခန်းကိုကြည့်ပါ။Garrad Bible15 ဗိ မာန် တော်၊ နန်း တော် ဘ ဏ္ဍာ တိုက်၌ ရှိ သ မျှ ငွေ ကို ဟေ ဇ ကိ မင်း ပို့ သွင်း သည့် ပြင် အခန်းကိုကြည့်ပါ။Judson Bible15 ဟေဇကိသည် ဗိမာန်တော်၌လည်းကောင်း၊ နန်းတော် ဘဏ္ဍာတိုက်၌လည်းကောင်း၊ တွေ့သမျှသောငွေကို ပေး၏။ အခန်းကိုကြည့်ပါ။ |
ထိုအခါ ယုဒဘုရင်ယဟောရှမင်းကြီးသည် ဘိုးဘေးများဖြစ်သော ယုဒဘုရင်ယောရှဖတ်မင်းကြီး၊ ယဟောရံမင်းကြီး၊ အာခဇိမင်းကြီးတို့ ဆက်ကပ်ခဲ့သောသန့်ရှင်းသောအလှူများနှင့် သူကိုယ်တိုင်လှူထားသောသန့်ရှင်းသောအလှူပစ္စည်းများအားလုံး၊ ထာဝရဘုရား၏အိမ်တော်နှင့် ဘုရင့်နန်းတော်ဘဏ္ဍာတိုက်တို့တွင်ရှိသော ရွှေအားလုံးကို ဆီးရီးယားဘုရင်ဟာဇေလမင်းကြီးထံ ပို့လိုက်၏။ ထိုအခါ ဟာဇေလမင်းကြီးသည် ဂျေရုဆလင်မြို့မှ ပြန်လည်ဆုတ်ခွာသွားလေ၏။
ဟေဇကိမင်းကြီးသည် သူတို့ကို ဝမ်းမြောက်ဝမ်းသာကြိုဆို၍ မိမိဘဏ္ဍာတိုက်ထဲမှ ရွှေငွေ၊ အမွှေးနံ့သာ၊ အဖိုးတန်ဆီမှစ၍ လက်နက်တိုက်အားလုံးနှင့် တွေ့သမျှအဖိုးတန်ရတနာတို့ကို သူတို့အား ပြလေ၏။ နန်းတွင်းနှင့် နိုင်ငံတစ်ဝန်းလုံးတွင် ထိုသူတို့အား ဟေဇကိမင်းကြီး မပြပေးသောအရာတစ်စုံတစ်ခုမျှမရှိ။