သင်၏ဘုရားသခင်ထာဝရဘုရားသည် ထိုသူတို့ကို သင့်ရှေ့မှောက်မှနှင်ထုတ်တော်မူသောအခါ သင့်စိတ်ထဲ၌ ‘ထာဝရဘုရားသည် ငါ၏ဖြောင့်မတ်ခြင်းကြောင့် ဤပြည်ကိုပိုင်ဆိုင်ရန် ငါ့ကိုပို့ဆောင်တော်မူ၏’ဟု မအောက်မေ့ရ။ ထာဝရဘုရားသည် ထိုလူမျိုးတို့ကို သူတို့၏ဆိုးယုတ်မှုကြောင့် သင့်ရှေ့မှောက်မှ နှင်ထုတ်တော်မူခြင်းဖြစ်၏။