အကြောင်းမူကား ကိုယ်တော်သည် လူကို သူ၏လုပ်ဆောင်မှုအတိုင်း ပြန်ပေးဆပ်စေမည်။ လူကို သူ၏အကျင့်အတိုင်း ပြန်ခံရစေမည်။
သုတ္တံကျမ်း။ 24:12 - မြန်မာ့စံမီသမ္မာကျမ်း “ထိုအမှုကို ငါတို့မသိခဲ့ပါ”ဟု သင်ဆိုလျှင်လည်း စိတ်နှလုံးတို့ကိုချိန်တွယ်တော်မူသောအရှင်သည် ထိုအရာကိုမသိနားမလည်ဘဲနေမည်လော။ သင်၏စိတ်ဝိညာဉ်ကို ထိန်းသိမ်းစောင့်ရှောက်တော်မူသောအရှင်သည် မသိဘဲနေမည်လော။ ကိုယ်တော်သည် လူတို့အား မိမိလုပ်ဆောင်မှုနှင့်အညီ မဆပ်ပေးဘဲနေမည်လော။ Common Language Bible ငါ့တို့မသိဟုဆိုသော်လည်း၊ နှလုံးသဘောကို ဆင်ခြင်သောသူသည် မမှတ်၊ သင်၏စိတ်ဝိညာဉ်ကို စောင့်သောသူသည် မသိဘဲ၊ လူအသီးအသီးတို့အား သူတို့အကျင့်နှင့်အလျောက်၊ အကျိုးအပြစ်ကို မဆပ် မပေးဘဲ နေတော်မူမည်လော။ Garrad Bible သင် က၊ ငါ မ သိ ဟု ဆို လျှင်၊ စိတ် နှ လုံး ကို ချိန် တော် မူ ထ သော သင့် အသက် ၀ိ ညာဉ် ကို စောင့် ထိန်း တော် မူ ထ သော အ ရှင် သည် သိ မြင် လျက်၊ လူ အ သီး သီး တို့ အား၊ အ ပြု အ မူ နှင့် အ လျောက် ဆပ် ပေး တော် မူ မည် မ ဟုတ် လော။ Judson Bible ငါ့တို့မသိဟုဆိုသော်လည်း၊ နှလုံးသဘောကို ဆင်ခြင်သောသူသည် မမှတ်၊ သင်၏စိတ်ဝိညာဉ်ကို စောင့်သောသူသည် မသိဘဲ၊ လူအသီးအသီးတို့အား သူတို့အကျင့်နှင့်အလျောက်၊ အကျိုးအပြစ်ကို မဆပ်မပေးဘဲ နေတော်မူမည်လော။ |
အကြောင်းမူကား ကိုယ်တော်သည် လူကို သူ၏လုပ်ဆောင်မှုအတိုင်း ပြန်ပေးဆပ်စေမည်။ လူကို သူ၏အကျင့်အတိုင်း ပြန်ခံရစေမည်။
ကိုယ်တော်သည် သင်၏ခြေကိုချော်စေတော်မမူ။ သင့်ကို စောင့်ရှောက်တော်မူသောအရှင်သည် ငိုက်မျဉ်းခြင်းရှိတော်မမူ။
ထာဝရဘုရားသည် သင်၏သွားခြင်း၊ လာခြင်းတို့ကို ယခုမှစ၍ ကာလအစဉ်အဆက် စောင့်ရှောက်တော်မူလိမ့်မည်။
ကိုယ်တော်သည် အကျွန်ုပ်၏စိတ်နှလုံးကိုစစ်ဆေးတော်မူ၏။ ညအချိန်၌ အကျွန်ုပ်ကို စစ်ကြောတော်မူ၏။ အကျွန်ုပ်ကိုစစ်ကြောလျှင်လည်း အကျွန်ုပ်၌မည်သည့်အရာမျှတွေ့ရမည်မဟုတ်ပါ။ အကျွန်ုပ်၏နှုတ်သည် အပြစ်မကျူးလွန်မိစေရန် အကျွန်ုပ်စိတ်ပိုင်းဖြတ်ထားပါ၏။
ဘုရားသခင်သည် ထိုအမှုကို မစစ်ကြောဘဲနေတော်မူမည်လော။ အကြောင်းမူကား ကိုယ်တော်သည် စိတ်နှလုံး၏လျှို့ဝှက်ချက်များကို သိတော်မူ၏။
အို ဘုရားရှင်၊ မေတ္တာကရုဏာကို ကိုယ်တော်ပိုင်တော်မူ၏။ အကြောင်းမူကား ကိုယ်တော်သည် လူအသီးသီးတို့အား မိမိတို့ပြုသောအမှုနှင့်အညီ အကျိုးအပြစ်ကို ဆပ်ပေးတော်မူ၏။
ကိုယ်တော်သည် ငါတို့ကို ဆက်၍အသက်ရှင်စေတော်မူပြီး ငါတို့ခြေကို ချော်ခွင့်ပေးတော်မမူ။
ဆိုးယုတ်သောသူတို့၏မကောင်းမှုသည် ပပျောက်သွားပါစေ။ သို့သော် ဖြောင့်မတ်သောသူကိုတည်မြဲစေတော်မူပါ။ ဖြောင့်မတ်တော်မူသောဘုရားသခင်သည် စိတ်နှလုံးအတွင်းသဘောကို စစ်ဆေးတော်မူ၏။
နားကိုစိုက်ထားသောအရှင်သည် မကြားဘဲနေတော်မူမည်လော။ မျက်စိကိုပုံဖော်ဖန်ဆင်းသောအရှင်သည် မမြင်ဘဲနေတော်မူမည်လော။
လူသည် မိမိနှုတ်၏အသီးအပွင့်အားဖြင့် ကောင်းသောအရာနှင့်ပြည့်စုံကြွယ်ဝလိမ့်မည်။ သူ့လက်၏လုပ်ဆောင်မှုသည်လည်း သူ့ထံသို့ပြန်လာလိမ့်မည်။
လူသည် မိမိပြုမူကျင့်ကြံသမျှသောအမှုအရာတို့ကို သန့်ရှင်းစင်ကြယ်သည်ဟု ထင်မြင်တတ်၏။ သို့သော် ထာဝရဘုရားသည် စိတ်သဘောကိုချိန်တွယ်တော်မူ၏။
လူသည် မိမိပြုမူကျင့်ကြံသမျှသောအမှုအရာတို့ကို မှန်သည်ဟု ထင်မြင်တတ်၏။ သို့သော် ထာဝရဘုရားသည် စိတ်နှလုံးကိုချိန်တွယ်တော်မူ၏။
အကယ်စင်စစ် လူသွားရာလမ်းတို့သည် ထာဝရဘုရား၏မျက်မှောက်တော်၌ရှိ၍ ကိုယ်တော်သည် သူ၏လမ်းရှိသမျှတို့ကို ချင့်ချိန်သုံးသပ်တော်မူ၏။
ဆိုးယုတ်သောသူသည် မိမိဒုစရိုက်များဖြင့် ဖမ်းဆီးခြင်းခံရ၍ မိမိအပြစ်ကြိုးများဖြင့် ချည်နှောင်ခြင်းခံရလိမ့်မည်။
နယ်မြေဒေသတစ်ခုခုတွင် ဆင်းရဲသားတို့ကိုဖိနှိပ်ချုပ်ချယ်ခြင်းကိုလည်းကောင်း၊ တရားမျှတခြင်းနှင့် ဖြောင့်မတ်ခြင်းတို့မှသွေဖည်ခြင်းကိုလည်းကောင်း သင်မြင်ရလျှင်လည်း ထိုအမှုကိုအံ့ဩခြင်းမရှိနှင့်။ အကြောင်းမူကား ရာထူးမြင့်သောသူတစ်ဦးကို သူ့ထက်ရာထူးမြင့်သောသူက စောင့်ကြည့်နေ၏။ ထိုသူတို့ထက် ရာထူးမြင့်သောသူများလည်း ရှိကြ၏။
ငါထာဝရဘုရားသည် လူအသီးသီးတို့အား မိမိတို့ပြုမူကျင့်ကြံသည့်အတိုင်း၊ မိမိတို့လုပ်ဆောင်မှုအသီးအပွင့်အတိုင်း ပေးဆပ်ရန် လူတို့၏စိတ်နှလုံးကို စစ်ကြောတတ်၏။ အတွင်းသဘောကို စစ်ဆေးတတ်၏။
ကိုယ်တော်၏အကြံအစည်တော်သည် ထူးကဲပါ၏။ ပြုတော်မူသောအမှုတော်သည် ကြီးမြတ်ပါ၏။ လူအသီးသီးတို့အား မိမိတို့ပြုမူကျင့်ကြံသည့်အတိုင်း၊ မိမိတို့လုပ်ဆောင်မှုအသီးအပွင့်အတိုင်း ပေးဆပ်ရန် လူသားတို့လျှောက်သောလမ်းအားလုံးကို စောင့်ကြည့်တော်မူ၏။
အမှုကိစ္စများကို တရားမျှတစွာမစီရင်ခြင်း စသည်တို့ကို ဘုရားရှင် နှစ်သက်တော်မမူ။
ကောင်းကင်ဘုံရှင်ကို ဆန့်ကျင်၍ ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်၏။ ထိုအရှင်၏ဗိမာန်တော်မှခွက်ဖလားများကို သင့်ရှေ့မှောက်သို့ယူလာစေပြီး သင်မှစ၍ မှူးမတ်များ၊ မိဖုရားများ၊ ကိုယ်လုပ်တော်များသည် ထိုခွက်များဖြင့် စပျစ်ဝိုင်ကိုသောက်ပြီး မျက်စိလည်းမမြင်၊ နားလည်းမကြား၊ ဘာမျှလည်း မသိနိုင်သော ရွှေ၊ ငွေ၊ ကြေးနီ၊ သံ၊ သစ်သား၊ ကျောက်တို့ဖြင့် လုပ်ထားသောဘုရားများကို ထောမနာပြုကြ၏။ သင့်အသက်၊ သင့်ဘဝလမ်းတစ်ခုလုံးကိုပိုင်တော်မူသောဘုရားသခင်ကိုမူ သင်မချီးမြှောက်ခဲ့။
အကြောင်းမူကား လူ့သားသည် မိမိ၏ကောင်းကင်တမန်များနှင့်အတူ မိမိခမည်းတော်၏ဘုန်းအသရေကိုဆောင်လျက် ကြွလာလိမ့်မည်။ ထိုအခါ လူအသီးသီးတို့အား သူတို့၏လုပ်ဆောင်မှုနှင့်အညီ အကျိုးအပြစ်ကိုပေးတော်မူလိမ့်မည်။
အကြောင်းမူကား သင်တို့ထဲမှ ကဗျာဆရာအချို့တို့က ‘စင်စစ်ဆိုသော် ငါတို့သည်ကား ကိုယ်တော့်အမျိုးအနွယ် ဖြစ်ကြကုန်၏’ဟု စပ်ဆိုထားသည့်အတိုင်း ငါတို့သည် ကိုယ်တော်၌ အသက်ရှင်လျက်၊ လှုပ်ရှားလျက်၊ ဖြစ်တည်လျက် ရှိကြ၏။
ဤအမှုအရာများသည် ငါဟောပြောသည့်ကောင်းမြတ်သောသတင်းအရ လူတို့၏လျှို့ဝှက်သောအကျင့်အကြံတို့ကို ခရစ်တော်ယေရှုအားဖြင့် ဘုရားသခင်စစ်ဆေးစီရင်တော်မူသောနေ့၌ ဖြစ်လိမ့်မည်။
ဘုရားသခင်သည် လူအသီးသီးတို့အား မိမိတို့ပြုသောအမှုနှင့်အညီ အကျိုးအပြစ်ကိုပေးတော်မူလိမ့်မည်။
သို့ဖြစ်၍ သခင်ဘုရားကြွလာတော်မမူမီ မည်သည့်အရာကိုမျှ အချိန်မတန်ဘဲ မစီရင်ကြနှင့်။ ထိုသခင်သည် အမှောင်ထဲ၌ ကွယ်ဝှက်ထားသောအရာများကို အလင်းသို့ယူဆောင်လာပြီး စိတ်နှလုံးအကြံအစည်များကို ထင်ရှားစေတော်မူလိမ့်မည်။ ထိုအခါ လူအသီးသီးတို့သည် ဘုရားသခင်ထံတော်မှ ချီးမွမ်းခြင်းကိုခံရကြလိမ့်မည်။
အကြောင်းမူကား ငါတို့အားလုံးသည် ကိုယ်ခန္ဓာ၌ရှိစဉ် ပြုကျင့်သည့်အတိုင်း ကောင်းသောအမှုအတွက်ဖြစ်စေ၊ ဆိုးညစ်သောအမှုအတွက်ဖြစ်စေ အကျိုးအပြစ်ကို အသီးသီးခံစားရရန် ခရစ်တော်၏တရားပလ္လင်ရှေ့၌ ပေါ်လာကြရမည်။
အသက်ရှင်သောသူလည်းဖြစ်၏။ ငါသည် သေခဲ့၏။ သို့သော် ကြည့်ရှုလော့။ ငါသည် ကမ္ဘာအဆက်ဆက်အသက်ရှင်လျက်ရှိ၏။ သေခြင်းနှင့်မရဏာနိုင်ငံတို့၏သော့များကိုလည်း ငါကိုင်ထား၏။
သွာတိရမြို့၌ရှိသော အသင်းတော်၏စေတမန်အား ဤသို့ရေးလိုက်လော့။ မီးလျှံကဲ့သို့သောမျက်စိနှင့် တောက်ပသောကြေးဝါနှင့်တူသောခြေရှိသည့် ဘုရားသခင်၏သားတော်က ဤသို့မိန့်တော်မူ၏။
သူ၏သားသမီးတို့ကိုလည်း သေဘေးဖြင့် ငါအဆုံးစီရင်မည်။ ထိုအခါ ငါသည် စိတ်နှလုံးနှင့် အတွင်းသဘောကို စူးစမ်းသောသူဖြစ်ကြောင်း အသင်းတော်အားလုံးသိရကြလိမ့်မည်။ သင်တို့အသီးသီးကိုလည်း မိမိတို့ပြုသောအမှုများနှင့်အညီ အကျိုးအပြစ်ကို ငါပေးမည်။
“ကြည့်ရှုလော့။ ငါသည်အလျင်အမြန်လာမည်။ ငါပေးမည့်အကျိုးအပြစ်ကိုယူဆောင်လာ၍ လူအသီးသီးတို့အား မိမိတို့ပြုသောအမှုအတိုင်း ငါပေးဆပ်မည်။
ထိုအခါ ထာဝရဘုရားက ရှမွေလအား “သူ၏ရုပ်ရည်အဆင်းနှင့် အရပ်အမောင်းကို မကြည့်နှင့်။ သူ့ကို ငါပယ်ပြီ။ ထာဝရဘုရားသည် လူမြင်သကဲ့သို့ မြင်တော်မူသည်မဟုတ်။ လူသည် အပြင်ပန်းသဏ္ဌာန်ကိုသာ ကြည့်တတ်၏။ ထာဝရဘုရားမူကား စိတ်နှလုံးကို ကြည့်တော်မူ၏”ဟု မိန့်တော်မူ၏။
ထာဝရဘုရားသည် အလုံးစုံကိုသိမြင်တော်မူသောဘုရားဖြစ်ပြီး လုပ်ဆောင်မှုတိုင်းကို ကြည့်မှတ်တော်မူသည်ဖြစ်၍ သင်တို့သည် ဝါကြွားထောင်လွှားသောစကားကို ထပ်၍မပြောဆိုကြနှင့်။ မောက်မာသောစကားကို သင်တို့၏နှုတ်မှ မထွက်စေကြနှင့်။
ထာဝရဘုရားသည် အသက်ကိုသေစေနိုင်၏။ အသက်ကို ရှင်စေနိုင်၏။ မရဏာနိုင်ငံသို့ ကျစေနိုင်၏။ မရဏာနိုင်ငံမှလည်း ထုတ်ဆောင်ပေးနိုင်၏။
တစ်စုံတစ်ယောက်သည် ထ၍ သခင့်ကိုလိုက်ပြီး သခင့်အသက်ကို ရန်ရှာမည်ဆိုလျှင် သခင်၏ဘုရားသခင်ထာဝရဘုရားသည် အကျွန်ုပ်သခင်၏အသက်ကို အသက်အိတ်ထဲ၌လုံခြုံစွာ ထုပ်ထားတော်မူပါစေသော။ သခင့်ရန်သူတို့၏အသက်ကိုကား လောက်လွှဲထဲမှလောက်စာလုံးကို လွှဲပစ်သကဲ့သို့ လွှဲပစ်တော်မူပါစေသော။