၁ ရာ 2:3 - မြန်မာ့စံမီသမ္မာကျမ်း3 ထာဝရဘုရားသည် အလုံးစုံကိုသိမြင်တော်မူသောဘုရားဖြစ်ပြီး လုပ်ဆောင်မှုတိုင်းကို ကြည့်မှတ်တော်မူသည်ဖြစ်၍ သင်တို့သည် ဝါကြွားထောင်လွှားသောစကားကို ထပ်၍မပြောဆိုကြနှင့်။ မောက်မာသောစကားကို သင်တို့၏နှုတ်မှ မထွက်စေကြနှင့်။ အခန်းကိုကြည့်ပါ။Common Language Bible3 ထာဝရဘုရားသည်သဗ္ဗညုတဉာဏ်နှင့် ပြည့်စုံတော်မူ၍၊ လူတို့ပြုသောအမှုရှိသမျှကိုစစ်ဆေး စီရင်တော်မူသည်ဖြစ်ရာ၊ သင်တို့သည်ကျယ်လောင်စွာကြွားဝါမှုကို မပြုကြနှင့်။ မောက်မာသောစကားကိုနှုတ်မှမထွက်စေနှင့်။ အခန်းကိုကြည့်ပါ။Garrad Bible3 မောက် မာ များ ပြား သော စကား နှင့် စော် ကား သော စ ကား များ ကို နှုတ် မ မြွက် ကြ နှင့်။ ထာ ဝ ရ ဘု ရား သည် အ သိ ပ ညာ နှင့် ပြည့် စုံ သော ဘု ရား ဖြစ်၍၊ အ ပြု အ ကျင့် များ ကို ချင့် ချိန် တော် မူ ၏။ အခန်းကိုကြည့်ပါ။Judson Bible3 ငါတို့ ဘုရားသခင်ကဲ့သို့သော ခိုလှုံစရာမရှိ။ ကိုယ်ကိုကိုယ် မချီးမြှောက်ကြနှင့်။ ဝါကြွားစော်ကားသော စကားကို မပြောကြနှင့်။ အဓမ္မစကားကို နှုတ်ထဲက မထွက်စေကြနှင့်။ အကြောင်းမူကား၊ ထာဝရဘုရားသည် သဗ္ဗညုတဘုရား ဖြစ်တော်မူ၏။ အမှုအရာတို့ကို ညှိညွှတ်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
ကိုယ်တော်သည် ကိန်းဝပ်တော်မူရာကောင်းကင်ဘုံမှ နားညောင်းတော်မူ၍ ခွင့်လွှတ်တော်မူပါ။ ကိုယ်တော်သည် လူသားအားလုံးတို့၏စိတ်နှလုံးအကြံအစည်ကို သိတော်မူပါ၏။ သူတို့၏စိတ်နှလုံးအကြံအစည်ကို သိတော်မူသည်နှင့်အညီ သူတို့ကို စီရင်တော်မူပါ။ သူတို့၏အကျင့်အတိုင်း သူတို့ကို ပြန်ပေးဆပ်စေတော်မူပါ။
“ထိုအမှုကို ငါတို့မသိခဲ့ပါ”ဟု သင်ဆိုလျှင်လည်း စိတ်နှလုံးတို့ကိုချိန်တွယ်တော်မူသောအရှင်သည် ထိုအရာကိုမသိနားမလည်ဘဲနေမည်လော။ သင်၏စိတ်ဝိညာဉ်ကို ထိန်းသိမ်းစောင့်ရှောက်တော်မူသောအရှင်သည် မသိဘဲနေမည်လော။ ကိုယ်တော်သည် လူတို့အား မိမိလုပ်ဆောင်မှုနှင့်အညီ မဆပ်ပေးဘဲနေမည်လော။
ဘုရားသခင်၏နှုတ်ကပတ်တော်သည် အသက်ရှင်၍ ထက်မြက်ကာ အသွားနှစ်ဖက်ပါသည့် ဓားရှိသမျှတို့ထက် သာ၍ထက်သဖြင့် အသက်နှင့်ဝိညာဉ်တို့အထိလည်းကောင်း၊ အဆစ်အမြစ်နှင့်ခြင်ဆီတို့အထိလည်းကောင်း ထိုးဖောက်ပိုင်းခြားတတ်၏။ စိတ်နှလုံး၏စဉ်းစားဆင်ခြင်မှုနှင့်သဘောထားတို့ကိုလည်း ထိုးထွင်းသိမြင်နိုင်၏။
ယခုတွင် ငါနေဗုခဒ်နေဇာမင်းကြီးသည် ကောင်းကင်ဘုံရှင်ဘုရင်ကို ချီးမွမ်းထောမနာပြုပါ၏၊ ချီးမြှောက်ပါ၏။ ကိုယ်တော်ပြုတော်မူသောအမှုသည် သစ္စာတော်နှင့်ပြည့်စုံတော်မူပါ၏။ ကိုယ်တော်၏နည်းလမ်းတော်တို့သည် တရားမျှတတော်မူ၏။ ကိုယ်တော်သည် မာနထောင်လွှားသောသူတို့ကို နှိမ့်ချနိုင်စွမ်းရှိတော်မူပါ၏။