Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




သုတ္တံကျမ်း။ 24:13 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

13 ငါ့​သား​၊ ပျားရည်​သည် ကောင်း​သောကြောင့် စားသုံး​လော့​။ ပျားလပို့​မှ​ပျားရည်​သည် သင်​၏​လျှာ​၌​ချိုမြိန်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

13 ငါ့သား၊ ပျားရည်ကောင်းသောကြောင့် စား လော့။ ချိုမြိန်သော ပျားလပို့ကိုလည်း စားလော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

13 ငါ့ သား၊ ပျား ရည် ကောင်း သော ကြောင့်၊ စား လော့။ ပျား လ ပို့ လည်း ခံ တွင်း၌ ချို မြိန် သ ကဲ့ သို့၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

13 ငါ့​သား၊ ပျား​ရည်​ကောင်း​သော​ကြောင့် စား​လော့။ ချို​မြိန်​သော ပျား​လ​ပို့​ကို​လည်း စား​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ




သုတ္တံကျမ်း။ 24:13
12 ပူးပေါင်းရင်းမြစ်များ  

ကိုယ်တော်​၏​မိန့်​တော်မူ​ချက်​သည် အကျွန်ုပ်​၏​လျှာ​၌ ချိုမြ​လှ​ပါ​၏​။ အကျွန်ုပ်​၏​ခံတွင်း​၌ ပျားရည်​ထက် ပို၍​ချိုမြ​ပါ​၏​။


၎င်း​တို့​သည် ရွှေ​ထက်​မက များစွာ​သော​ရွှေစင်​ထက်​ပင် နှစ်လိုဖွယ်​ဖြစ်​ပြီး ပျားရည်​ထက်​မက ပျားလပို့​မှ​ပျားရည်​ထက်ပင် ချိုမြိန်​၏​။


နှစ်လို​ဖွယ်​စကား​တို့​သည် ပျားလပို့​မှ​ပျားရည်​ကဲ့သို့ စိတ်ဝိညာဉ်​၌​ချိုမြိန်​၍ အရိုး​ကို​ကျန်းမာ​စေ​တတ်​၏​။


ပျားရည်​ကို​တွေ့​လျှင် သင့်​အတွက် လုံလောက်​ရုံ​မျှသာ​စား​လော့​။ ထိုသို့​မ​စား​ဘဲ ဝအီ​အောင်​စား​လျှင် ၎င်း​ကို​အန်ထုတ်​ရ​လိမ့်မည်​။


ပျားရည်​ကို များစွာ​စားသုံး​ခြင်း​သည်​မ​ကောင်း​ပေ​။ ဂုဏ်သရေ​ပေါ် ဂုဏ်သရေ​ထပ်၍​ရှာခြင်း​သည်​လည်း ထိုနည်းတူ​ဖြစ်​၏​။


အစာဝ​သော​သူ​သည် ပျားလပို့​မှ​ပျားရည်​ကို​ပင် နင်းချေ​တတ်​၏​။ ဆာလောင်မွတ်သိပ်​သော​သူ​အတွက်​မူကား ခါး​သော​အရာ​ရှိသမျှ​သည် ချိုမြိန်​နေ​တတ်​၏​။


အို ငါ့​သတို့သမီး​၊ သင့်​နှုတ်ခမ်း​တို့​သည် ပျားလပို့​မှ ပျားရည်​ယို​သကဲ့သို့ ဖြစ်​ပါ​၏​။ သင့်​လျှာ​အောက်​တွင် ပျားရည်​၊ နို့ရည်​တို့ ရှိ​ပါ​၏​။ သင့်​အဝတ်အစား​တို့​၏​ရနံ့​သည်​လည်း လက်ဘနွန်​ရနံ့​နှင့် တူ​ပါ​၏​။


“အို ငါ့​နှမ​၊ ငါ့​သတို့သမီး​၊ ငါ့​ဥယျာဉ်​ထဲသို့ ငါ​လာ​ပြီ​။ မုရန်​နှင့် အမွှေးနံ့သာ​တို့​ကို ငါ​စုသိမ်း​ပြီ​။ ပျားလပို့​မှ​ပျားရည်​တို့​ကို ငါ​စား​ပြီ​။ စပျစ်ဝိုင်​နှင့် နို့​ကို​လည်း ငါ​သောက်​ရ​ပြီ​။” “အို မိတ်ဆွေ​တို့​၊ စား​ကြ​ပါ​။ အို ချစ်သူ​တို့​၊ သောက်​၍ ယစ်မူး​ကြ​ပါ​။”


သူ​သည် အဆိုး​ကို​ပယ်​၍ အကောင်း​ကို​ရွေးချယ်​တတ်​သည်​အထိ ထောပတ်​နှင့်​ပျားရည်​ကို​သာ စားသုံး​ရ​လိမ့်မည်​။


ယောဟန်​သည် ကုလားအုတ်​အမွေး​ဖြင့်​လုပ်​ထား​သော​အဝတ်​ကို​ဝတ်​၍ ခါး​၌​သားရေ​ခါးပန်း​ကို​စည်း​ထား​၏။ သူ​၏​အစားအစာ​မူကား ကျိုင်းကောင်​နှင့်​တော​ပျားရည်​တို့​ဖြစ်​ကြ​၏။


သူ​သည် ပျားရည်​ကို လက်​နှင့်​နှိုက်​စား​ပြီး ဆက်လာ​ရာ မိဘ​ရှိ​ရာ​နေရာ​ပြန်ရောက်​လာ​သောအခါ မိဘ​ကို​လည်း​ကျွေး​၏​။ သို့သော် ပျားရည်​ကို ခြင်္သေ့​အသေကောင်​ထဲမှ နှိုက်လာ​ကြောင်း​ကို မိဘ​တို့​အား မ​ပြောပြ​ချေ​။


သို့သော် ခမည်းတော်​သည် လူ​တို့​အား ကျိန်ဆို​စေ​သည်​ကို ယောနသန်​မ​သိ​။ ထို့ကြောင့် သူ​၏​လက်​ကို​ဆန့်​ပြီး သူ​ကိုင်​ထား​သော​တောင်ဝှေး​အဖျား​ကို ပျားလပို့​ထဲသို့​နှစ်​၍ ပျားရည်​ကို​လက်​နှင့်​ယူစား​လိုက်​ရာ အားပြည့်​လန်းဆန်း​လာ​လေ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ