ဆိုးယုတ်သောသူတို့၏ယဇ်ကောင်ကို ထာဝရဘုရားစက်ဆုပ်ရွံရှာတော်မူ၏။ ဖြောင့်မှန်သောသူတို့၏ဆုတောင်းချက်ကိုကား ကိုယ်တော်နှစ်သက်တော်မူ၏။
ဝတ်ပြု 7:18 - မြန်မာ့စံမီသမ္မာကျမ်း သုံးရက်မြောက်သောနေ့၌ မိတ်သဟာယယဇ်အသားကို အနည်းငယ်မျှပင်စားမိလျှင် ထိုယဇ်ကို လက်ခံတော်မူမည်မဟုတ်။ ပူဇော်သောသူကိုလည်း အသိအမှတ်ပြုမည်မဟုတ်။ ထိုယဇ်သည် ရွံရှာဖွယ်ဖြစ်၏။ ၎င်းကိုစားမိသောသူသည် ကိုယ့်အပြစ်ကိုယ်ခံရမည်။ Common Language Bible အသားအကြွင်းအကျန်ကိုတတိယနေ့၌ စားလျှင် ဘုရားသခင်သည်ထိုသူပူဇော်သော ယဇ်ကိုလက်ခံတော်မူမည်မဟုတ်။ ပူဇော်သော သူသည်လည်းအကျိုးကိုမခံရ။ ထိုယဇ်သည် မစင်ကြယ်သဖြင့် အသားကိုစားသောသူ၌ အပြစ်ရောက်လိမ့်မည်။- Garrad Bible တ တိ ယ နေ့ မှာ မိတ် သ ဟာ ယ ပူ ဇော် သ က္ကာ၏ အ သား ကို စား လျှင် ဆက် ကပ် သူ အား အ ရေး ယူ၍ လက် ခံ တော် မူ မည် မ ဟုတ်။ ရွံ ရှာ ဖွယ် ဖြစ် သည့် အ တိုင်း စား သော သူ သည် ဒု စ ရိုက် ဝန် ကို ထမ်း ရ မည်။ Judson Bible မိတ်သဟာယယဇ်အသားအနည်းငယ်ကို၊ သန်ဘက်နေ့၌စားမိလျှင် စိတ်တော်နှင့်မတွေ့။ ပူဇော်သောသူသည် အကျိုးကိုမရ။ ရွံရှာဖွယ်ဖြစ်လိမ့်မည်။ စားသောသူသည် ကိုယ်အပြစ်ကိုခံရလိမ့်မည်။ |
ဆိုးယုတ်သောသူတို့၏ယဇ်ကောင်ကို ထာဝရဘုရားစက်ဆုပ်ရွံရှာတော်မူ၏။ ဖြောင့်မှန်သောသူတို့၏ဆုတောင်းချက်ကိုကား ကိုယ်တော်နှစ်သက်တော်မူ၏။
သူတို့သည် သင်္ချိုင်းများတွင်ထိုင်ကြ၏။ ကွယ်ရာအရပ်တို့၌ ညအိပ်ကြ၏။ ဝက်သားကိုစားကြ၏။ သူတို့ခွက်များထဲ၌ ရွံရှာဖွယ်အသားပြုတ်ရည်ရှိ၏။
နွားကိုသတ်သောသူသည် လူကိုသတ်သောသူ၊ သိုးသငယ်ကိုယဇ်ပူဇော်သောသူသည် ခွေး၏လည်ပင်းကိုချိုးသောသူဖြစ်၏။ ဘောဇဉ်ပူဇော်သက္ကာကိုပူဇော်သောသူသည် ဝက်၏သွေးကိုပူဇော်သောသူ၊ လော်ဗန်ကိုပူဇော်သောသူသည် ရုပ်တုဆင်းတုကိုကောင်းချီးပေးသောသူဖြစ်၏။ သူတို့သည် မိမိတို့နှစ်သက်ရာလမ်းကိုရွေးချယ်ကြ၍ သူတို့၏စိတ်ဝိညာဉ်သည် ရွံရှာဖွယ်ရာတို့ကို နှစ်သက်ကြ၏။
ထာဝရဘုရားက ဤလူမျိုးအား “သူတို့သည် ဟိုဟိုသည်သည်သွားလာရသည်ကို နှစ်သက်အားရကြ၏။ ကိုယ့်ခြေကိုယ်မထိန်းချုပ်ကြ။ ထို့ကြောင့် ထာဝရဘုရားသည် သူတို့ကို နှစ်သက်တော်မမူ။ သူတို့၏ဒုစရိုက်များကို မှတ်တော်မူမည်။ သူတို့အပြစ်များကြောင့် သူတို့ကိုဒဏ်ခတ်တော်မူမည်”ဟု မိန့်တော်မူ၏။
သူတို့အစာရှောင်အော်ဟစ်လျှင်လည်း ငါနားညောင်းမည်မဟုတ်။ မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော်သက္ကာကို ပူဇော်လျှင်လည်း ငါလက်ခံမည်မဟုတ်။ ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ ကပ်ရောဂါဘေးတို့ဖြင့် သူတို့ကို ငါဖျက်ဆီးပစ်မည်”ဟု မိန့်တော်မူ၏။
အပြစ်ပြုသောဝိညာဉ်သည် သေရမည်။ သားသည် ဖခင်၏အပြစ်အတွက် ခံရမည်မဟုတ်။ ဖခင်သည်လည်း သား၏အပြစ်အတွက် ခံရမည်မဟုတ်။ ဖြောင့်မတ်သောသူသည် သူ၏ဖြောင့်မတ်ခြင်းအကျိုးကို ခံစားရလိမ့်မည်။ ဆိုးယုတ်သောသူသည် သူ၏ဆိုးယုတ်ခြင်းအကျိုးကို ခံရလိမ့်မည်။
သူတို့သည် ငါ့ထံ လှူဖွယ်ဝတ္ထုများကို ပူဇော်သောအခါ ယဇ်ကောင်များကိုပူဇော်၍ အသားကို စားကြ၏။ ထိုပူဇော်သက္ကာတို့ကို ထာဝရဘုရား လက်ခံတော်မမူ။ သူတို့၏ဒုစရိုက်ကို မှတ်ထားပြီး သူတို့၏အပြစ်ကို ဒဏ်ခတ်မည်။ သူတို့ကို အီဂျစ်ပြည်သို့ ပြန်သွားစေမည်။
“အပြစ်ဖြေရာယဇ်၏အသားသည် အထူးသန့်ရှင်း၏။ လူထုတို့၏ဒုစရိုက်ကိုယူဆောင်သွားရန်နှင့် ထာဝရဘုရားရှေ့တော်၌ သူတို့အတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုရန် ထိုအသားကို သင်တို့အားပေးထားတော်မူပြီ။ သို့ဖြစ်၍ သင်တို့သည် အဘယ်ကြောင့် သန့်ရှင်းရာဌာနတော်၌ မစားကြသနည်း။
ထိုအခါ အာရုန်က မောရှေအား “ကြည့်ပါလော့။ ယနေ့ လူတို့သည် မိမိတို့၏အပြစ်ဖြေရာယဇ်နှင့်မီးရှို့ရာယဇ်တို့ကို ထာဝရဘုရားရှေ့တော်၌ ပူဇော်ကြပါ၏။ သို့သော် အကျွန်ုပ်၌ ဤကဲ့သို့သောအရာများဖြစ်ပျက်ခဲ့သည်ဖြစ်၍ ယနေ့ အပြစ်ဖြေရာယဇ်၏အသားကိုအကျွန်ုပ်စားလျှင် ထာဝရဘုရားသည် နှစ်သက်သဘောကျပါမည်လော”ဟု ဆို၏။
သူသည် အဝတ်မလျှော်၊ ရေမချိုးလျှင် ကိုယ့်အပြစ် ကိုယ်ခံရမည်”ဟု သူတို့အား ပြောကြားရမည်။
သင်တို့သည် ထာဝရဘုရားအား မိတ်သဟာယယဇ်ပူဇော်သောအခါ ထာဝရဘုရားလက်ခံအောင် ပူဇော်ရမည်။
တစ်စုံတစ်ယောက်သည် မိမိဖခင်၏သမီး၊ သို့မဟုတ် မိမိမိခင်၏သမီးဖြစ်သည့် မိမိအစ်မ၊ သို့မဟုတ် နှမကိုယူ၍ ဆက်ဆံခြင်းကိုပြုလျှင် ထိုအမှုသည် ရှက်ဖွယ်သောအမှုဖြစ်၏။ သူတို့သည် မိမိတို့၏လူမျိုးမှ ပယ်ဖျက်ခြင်းခံရမည်။ သူသည် မိမိအစ်မ၊ သို့မဟုတ် နှမနှင့်ဆက်ဆံခြင်းကိုပြုသောကြောင့် ကိုယ့်အပြစ် ကိုယ်ခံရမည်။
သင့်မိခင်၏အစ်မ၊ သို့မဟုတ် နှမနှင့်ဖြစ်စေ၊ သင့်ဖခင်၏အစ်မ၊ သို့မဟုတ် နှမနှင့်ဖြစ်စေ ဆက်ဆံခြင်းကိုမပြုရ။ မိမိနှင့်ဆွေမျိုးနီးစပ်သူကို ရှုတ်ချခြင်းဖြစ်သောကြောင့် သူတို့သည် ကိုယ့်အပြစ် ကိုယ်ခံရမည်။
သန့်ရှင်းသောပူဇော်သက္ကာကို စားမိစေခြင်းဖြင့် သူတို့အပေါ် ဒုစရိုက်အပြစ်ဒဏ် မကျရောက်စေရ။ ငါသည် သူတို့ကို သန့်ရှင်းစေသောထာဝရဘုရားဖြစ်၏”ဟု မိန့်တော်မူ၏။
ကိုယ်အင်္ဂါပုံပျက်၍ ပိန်လှီသော နွား၊ သို့မဟုတ် သိုးသငယ်ကို စေတနာအလျောက် ပူဇော်သောပူဇော်သက္ကာအဖြစ် ပူဇော်နိုင်သော်လည်း ကတိသစ္စာဝတ်ကိုဖြေရန်အတွက်ကား လက်ခံတော်မူမည်မဟုတ်။
ထိုသို့သောအကောင်ကို တိုင်းတစ်ပါးသားတို့ထံမှလက်ခံယူ၍ သင်တို့ဘုရားသခင်အဖို့ စားဖွယ်ရာအဖြစ် မပူဇော်ရ။ ထိုအကောင်တို့သည် ပုံပန်းပျက်၍ အနာအဆာရှိနေသောကြောင့် သင်တို့ကို လက်ခံတော်မူမည်မဟုတ်”ဟု မိန့်တော်မူ၏။
တစ်စုံတစ်ယောက်သည် ‘မလုပ်ရ’ဟု ထာဝရဘုရားပညတ်ထားတော်မူသော ပညတ်ချက်တစ်ခုခုကို လုပ်မိ၍ အပြစ်ပြုမိမှန်းကို မသိလျှင်လည်း သူ့အပေါ် အပြစ်သက်ရောက်၍ သူသည် ကိုယ့်အပြစ်ကိုယ်ခံရမည်။
မစင်ကြယ်သောအရာတစ်စုံတစ်ခုနှင့်ထိမိသောအသားကို မစားရ။ မီးရှို့ပစ်ရမည်။ သန့်ရှင်းသောအသားကို စင်ကြယ်သောသူတိုင်း စားခွင့်ရှိ၏။
သင်တို့ပူဇော်သော မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော်သက္ကာတို့ကို ငါလက်ခံမည်မဟုတ်။ ဆူဖြိုးသောယဇ်ကောင်တို့ကို မိတ်သဟာယယဇ်အဖြစ် ပူဇော်လျှင်လည်း ငါအရေးစိုက်မည်မဟုတ်။
“ငါ့ယဇ်ပလ္လင်ရှိရာသို့ဝင်၍ မီးကိုအချည်းနှီးမထွန်းရအောင် တံခါးကို မည်သူပိတ်ပေးမည်နည်း။ ငါသည် သင်တို့ကို မနှစ်သက်။ သင်တို့လက်နှင့်ပူဇော်သောယဇ်ကို ငါလက်မခံ”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားမိန့်တော်မူ၏။
သင်တို့သည် နှာခေါင်းရှုံ့လျက် ‘ငြီးငွေ့ဖွယ်ကောင်းလှသည်တကား’ဟု ဆိုပြီး လုယူထားသောအကောင်၊ ခြေမသန်သောအကောင်၊ နာနေသောအကောင်တို့ကို ယူဆောင်လာ၍ ယဇ်ပူဇော်ကြ၏။ ထိုသို့သော သင်တို့၏ပူဇော်သက္ကာကို ငါလက်ခံရမည်လော”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
သင်တို့၏အလှူပစ္စည်းကို ကောက်နယ်တလင်းမှ ကောက်ပဲသီးနှံကဲ့သို့လည်းကောင်း၊ စပျစ်သီးနယ်ရာကျင်းမှ စပျစ်ရည်ကဲ့သို့လည်းကောင်း မှတ်ယူမည်။
သို့သော် ကိုယ်တော်က“သင်တို့သည် လူတို့ရှေ့၌ မိမိတို့ကိုယ်ကိုဖြောင့်မတ်ကြောင်း ဖော်ပြတတ်သူများဖြစ်ကြ၏။ သို့ရာတွင် ဘုရားသခင်သည် သင်တို့၏စိတ်နှလုံးကိုသိတော်မူ၏။ လူတို့အမြတ်တနိုးထားသောအရာသည် ဘုရားသခင်၏ရှေ့တော်၌ ရွံရှာဖွယ်ဖြစ်၏။
ဤသို့ဖြင့် အာဗြဟံသည် အရေဖျားမလှီးမီ ယုံကြည်ခြင်းအားဖြင့်ရရှိသော ဖြောင့်မတ်ခြင်း၏တံဆိပ်အဖြစ် အရေဖျားလှီးခြင်း၏အမှတ်လက္ခဏာကိုခံယူ၏။ ဤသည်ကား အာဗြဟံအား အရေဖျားမလှီးဘဲယုံကြည်သောသူအပေါင်းတို့၏အဖဖြစ်စေရန်နှင့် ထိုသူတို့သည်လည်း ဖြောင့်မတ်ခြင်းကိုရရှိကြစေရန်အတွက်ဖြစ်၏။
ခရစ်တော်သည်လည်း များစွာသောလူတို့၏အပြစ်များကိုဆောင်ယူသွားရန် မိမိကိုယ်ကိုတစ်ကြိမ်တည်းပူဇော်ပြီးမှ ဒုတိယအကြိမ်၌ကား အပြစ်အတွက်မဟုတ်ဘဲ မိမိကိုစောင့်မျှော်နေသောသူတို့အား ကယ်တင်ရန်အတွက် ပေါ်ထွန်းတော်မူလိမ့်မည်။
ငါတို့သည် အပြစ်အရာ၌ သေဆုံး၍ ဖြောင့်မတ်ခြင်းအရာ၌ အသက်ရှင်မည့်အကြောင်း ကိုယ်တော်သည် သစ်တိုင်ပေါ်တွင် ငါတို့အပြစ်များကို မိမိ၏ကိုယ်ခန္ဓာ၌ ကိုယ်တော်တိုင်ဆောင်ယူတော်မူ၏။ သင်တို့သည် ကိုယ်တော်၏ဒဏ်ချက်တော်အားဖြင့် အနာရောဂါပျောက်ကင်းခြင်းအခွင့်ကိုရရှိကြ၏။