Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဝတ်​ပြု 22:23 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

23 ကိုယ်အင်္ဂါပုံပျက်​၍ ပိန်လှီ​သော နွား​၊ သို့မဟုတ် သိုးသငယ်​ကို စေတနာ​အလျောက် ပူဇော်​သော​ပူဇော်သက္ကာ​အဖြစ် ပူဇော်​နိုင်​သော်လည်း ကတိသစ္စာဝတ်​ကို​ဖြေ​ရန်​အတွက်​ကား လက်ခံ​တော်မူ​မည်​မ​ဟုတ်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

23 ပု​ကွ​သော​တိ​ရစ္ဆာန်​သို့​မ​ဟုတ်​ပုံ​ပန်း​မ​ကျ သော​တိ​ရစ္ဆာန်​ကို မိ​မိ​စေ​တ​နာ​အ​လျောက် ပူ​ဇော်​သော​ယဇ်​အ​ဖြစ်​ဆက်​သ​နိုင်​သော် လည်း က​တိ​သစ္စာ​အ​လျောက်​ပူ​ဇော်​သော ယဇ်​အ​ဖြစ်​မ​ဆက်​သ​နိုင်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

23 စေ တ နာ အ လျောက် ဖြစ် လျှင်၊ အင်္ဂါ တို ရှည် သော နွား၊ သိုး၊ ဆိတ် ကို တင် သွင်း ခွင့် ရှိ သော် လည်း သ စ္စာ ဝတ် အ လျောက် မူ ကား လက် ခံ ဖွယ် မ ဟုတ် ချေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

23 သို့​ရာ​တွင် အင်္ဂါ​ပို​ခြင်း၊ ချို့​တဲ့​ခြင်း​အ​ပြစ်​ရှိ​သော သိုး၊ ဆိတ်၊ နွား​ကို အ​လို​လို ပူ​ဇော်​သ​ကာ​ဖို့​ပူ​ဇော်​ရ​မည်။ သ​စ္စာ​က​တိ​နှင့်​ဆိုင်၍​ပူ​ဇော်​လျှင် စိတ်​တော်​နှင့်​မ​တွေ့။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဝတ်​ပြု 22:23
7 ပူးပေါင်းရင်းမြစ်များ  

မောရှေ​အားဖြင့် ထာဝရဘုရား​မိန့်မှာ​တော်မူ​သော လုပ်ဆောင်​ရ​မည့်​အလုပ်​အမျိုးမျိုး​အတွက် စိတ်စေတနာ​ရှိ​သော အစ္စရေး​အမျိုးသား​ယောက်ျား​မိန်းမ​အပေါင်း​တို့​သည် ထာဝရဘုရား​ထံ စေတနာ​အလျောက်​လှူ​သော​အလှူပစ္စည်း​ကို ယူဆောင်​လာ​ကြ​၏​။


မျက်မမြင်​သူ​၊ ခြေမသန်သူ​၊ မျက်နှာပုံပျက်​သူ​၊ ကိုယ်အင်္ဂါပုံပျက်​သူ​၊


မျက်စိကန်း​သော​အကောင်​၊ ဒဏ်ရာ​ရ​သော​အကောင်​၊ အင်္ဂါ​ချို့ယွင်း​သော​အကောင်​၊ ပြည်တည်နာ​စွဲ​သော​အကောင်​၊ နှင်းခူ​စွဲ​သော​အကောင်​၊ ယားနာ​စွဲ​သော​အကောင် တို့​ကို ထာဝရဘုရား​အား မ​ပူဇော်​ရ​။ ထိုသို့သော​အကောင်​တို့​ကို ထာဝရဘုရား​ထံ မီး​ဖြင့်​ပူဇော်​သော​ယဇ်​အဖြစ် ယဇ်ပလ္လင်​ပေါ် မ​တင်​ရ​။


ဝှေးစေ့​ပွန်းပဲ့​၊ ကြေမွ​၊ ကွဲပြဲ​၊ စုတ်ပြတ်​သော​အကောင်​ကို ထာဝရဘုရား​အား မ​ပူဇော်​ရ​။ ထိုသို့သော​အကောင်​ကို သင်​တို့​ပြည်​တွင် မ​ပူဇော်​ရ​။


တစ်ဖန် ကောင်းကင်​ဗိုလ်ခြေ​အရှင် ထာဝရဘုရား​က “မျက်စိကန်း​သော​အကောင်​ကို ယဇ်ပူဇော်​ရန် ယူဆောင်​လာ​ခြင်း​သည် အပြစ်​မ​ဟုတ်​လော​၊ ခြေမသန်​သော​အကောင်​၊ နာ​နေ​သော​အကောင်​တို့​ကို ယဇ်ပူဇော်​ခြင်း​သည် အပြစ်​မ​ဟုတ်​လော​၊ ထိုသို့​သော​အကောင်​ကို သင့်​ဘုရင်ခံ​အား ဆက်သ​ကြည့်​ပါ​လော့​။ သူ​လက်ခံ​ပြီး သင့်​ကို မျက်နှာသာ​ပေး​လိမ့်မည်​လော​”​ဟု မိန့်​တော်မူ​၏​။


အကယ်၍ ထို​အကောင်​သည် ခြေမသန်​ခြင်း​၊ မျက်စိမမြင်​ခြင်း စသည့် ဆိုးရွား​သော​အနာအဆာ​တစ်စုံတစ်ရာ​ဖြစ်​နေ​လျှင် ထို​အနာအဆာ​ရှိ​သော​အကောင်​ကို သင်​၏​ဘုရားသခင်​ထာဝရဘုရား​အား ယဇ်​မ​ပူဇော်​ရ​။


နွား​၊ သို့မဟုတ် သိုး​တို့​၏​ကိုယ်ခန္ဓာ​၌ ဆိုးရွား​သော​အနာအဆာ​တစ်စုံတစ်ရာ​ရှိ​လျှင် သင်​၏​ဘုရားသခင်​ထာဝရဘုရား​အား မ​ပူဇော်​ရ​။ ထို​အမှု​ကို သင်​၏​ဘုရားသခင်​ထာဝရဘုရား စက်ဆုပ်ရွံရှာ​တော်မူ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ