Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဝတ်​ပြု 20:17 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

17 တစ်စုံတစ်ယောက်​သည် မိမိ​ဖခင်​၏​သမီး​၊ သို့မဟုတ် မိမိ​မိခင်​၏​သမီး​ဖြစ်​သည့် မိမိ​အစ်မ​၊ သို့မဟုတ် နှမ​ကို​ယူ​၍ ဆက်ဆံ​ခြင်း​ကို​ပြု​လျှင် ထို​အမှု​သည် ရှက်ဖွယ်​သော​အမှု​ဖြစ်​၏​။ သူ​တို့​သည် မိမိ​တို့​၏​လူမျိုး​မှ ပယ်ဖျက်​ခြင်း​ခံရ​မည်​။ သူ​သည် မိမိ​အစ်မ​၊ သို့မဟုတ် နှမ​နှင့်​ဆက်ဆံ​ခြင်း​ကို​ပြု​သောကြောင့် ကိုယ့်​အပြစ် ကိုယ်​ခံရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

17 တစ်​စုံ​တစ်​ယောက်​သည် မိ​မိ​၏​နှ​မ​အ​ရင်း​သို့​မ​ဟုတ်​ဖ​အေ​တူ​မ​အေ​ကွဲ​နှ​မ​နှင့်​ထိမ်း​မြား​လျှင် သူ​တို့​ကို​လူ​ထု​ရှေ့​မှောက်​တွင်​ရှုတ်​ချ​၍ ဣ​သ​ရေ​လ​အ​မျိုး​မှ​ထုတ်​ပယ်​ရ​မည်။ သူ​သည်​မိ​မိ​၏​နှ​မ​နှင့်​ကာ​မ​စပ်​ယှက်​သော​ကြောင့်​အ​ပြစ်​ကို​ခံ​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

17 လူ တစ် ဦး တစ် ယောက် သည် အ ဘ ပါ သ မီး သော် လည်း ကောင်း၊ အ မိ ပါ သ မီး သော် လည်း ကောင်း၊ နှ မ ကို သိမ်း ယူ ၍ ဆက် ဆံ လျှင် ရှက် ကြောက် ဖွယ် မှု ဖြစ် သော ကြောင့် အ မျိုး သား တို့ မျက် မှောက် တွင် ပင် ပယ် ရှား ခံ ကြ စေ။ ကိုယ့် နှ မ နှင့် ဆက် ဆံ သည့် အ လျောက် ဒု စ ရိုက် ဝန် ကို ထမ်း ရ မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

17 ယောက်ျား​သည် အ​ဘ၏​သ​မီး၊ အ​မိ၏​သ​မီး​ဖြစ်​သော မိ​မိ​နှ​မ​နှင့်​သင့်​နေ​လျှင်၊ မ​တ​ရား​သော​အ​မှု​ဖြစ်၏။ ထို​သူ​တို့​သည် အ​မျိုး​သား​ချင်း​တို့​ရှေ့​မှောက်၌ ပယ်​ရှင်း​ခြင်း​ကို​ခံ​ရ​ကြ​မည်။ ထို​ယောက်ျား​သည် နှ​မ​နှင့်​သင့်​နေ​သော​ကြောင့်၊ မိ​မိ​အ​ပြစ်​ကို​ခံ​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဝတ်​ပြု 20:17
8 ပူးပေါင်းရင်းမြစ်များ  

ထို့ပြင် သူ​သည် အမှန်ပင် အကျွန်ုပ်​၏​နှမ​ဖြစ်​ပါ​၏​။ အကျွန်ုပ်​ဖခင်​၏​သမီး​ဖြစ်​သော်လည်း အကျွန်ုပ်​မိခင်​၏​သမီး​မ​ဟုတ်​ပါ​။ နောက်တွင် အကျွန်ုပ်​၏​မယား ဖြစ်လာ​ပါ​၏​။


တာမာ​က​လည်း သူ့​အား “​မ​လုပ်​ပါ​နှင့် အစ်ကို​။ အကျွန်ုပ်​ကို အဓမ္မ​မ​ပြု​ပါ​နှင့်​။ အစ္စရေး​လူမျိုး​တွင် ဤသို့​ပြု​လေ့​မ​ရှိ​။ ဤသို့ ယုတ်ညံ့​သော​အမှု​ကို မ​ပြု​ပါ​နှင့်​။


ထို​ဆီ​မျိုး​ဖော်စပ်​သော​သူ​၊ မဆိုင်​သော​သူ​အား ထို​ဆီ​ကို​လိမ်းပေး​သော​သူ​မည်သူမဆို မိမိ​၏​လူမျိုး​မှ ပယ်ဖျက်​ခြင်း​ခံရ​မည်​’​ဟူ၍ ဆင့်ဆို​လော့​”​ဟု မိန့်​တော်မူ​၏​။


တစ်ယောက်​က အိမ်နီးချင်း​မယား​နှင့် ဖောက်ပြန်​၍ တစ်ယောက်​က ချွေးမ​ကို ညစ်ညမ်း​အောင်​ပြု​၏​။ တစ်ယောက်​က အဖေတူအမေကွဲ​အစ်မ​၊ သို့မဟုတ် နှမ​ကို အဓမ္မပြုကျင့်​၏​။


သင်​နှင့်​တစ်အိမ်တည်း​၌​မွေး​သော​၊ သို့မဟုတ် အခြား​တစ်နေရာရာ​၌​မွေး​သော သင့်​ဖခင်​၏​သမီး​၊ သို့မဟုတ် သင့်​မိခင်​၏​သမီး​ဖြစ်​သည့် သင်​၏​နှမ​နှင့်​ဆက်ဆံ​ခြင်း​ကို​မ​ပြု​ရ​။


မိန်းမ​သည် တိရစ္ဆာန်​တစ်ကောင်ကောင်​ထံသို့​ချဉ်းကပ်​၍ မိတ်လိုက်​ခြင်း​ကို​ပြု​လျှင် ထို​မိန်းမ​နှင့်တကွ တိရစ္ဆာန်​ကို​ပါ သတ်​ရ​မည်​။ သူ​တို့​သည် မုချ​အသတ်​ခံရ​မည်​။ သူ​တို့​၏​သွေး​သည် သူ​တို့​အပေါ်​၌ ကျရောက်​မည်​။


လင်ယောက်ျား​သည် ထို​ဒုစရိုက်​ကြောင့် သင့်ရောက်​မည့်​အပြစ်ဒဏ်​နှင့်​ကင်းလွတ်​၍ ထို​မိန်းမ​သည် ကိုယ့်​အပြစ်​ကိုယ်​ခံရ​မည်​”​ဟု မိန့်​တော်မူ​၏​။


‘​မိမိ​ဖခင်​၏​သမီး​၊ သို့မဟုတ် မိမိ​မိခင်​၏​သမီး​ဖြစ်​သည့် မိမိ​အစ်မ​၊ သို့မဟုတ် နှမ​နှင့် မေထုန်ပြု​သော​သူ​သည် ကျိန်ဆဲ​ခြင်း​ခံရ​မည်​’​ဟု ဆို​လျှင် လူ​အပေါင်း​တို့​က ‘​အာမင်​’​ဟု ဆို​ရ​မည်​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ