Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ရ​မိ 14:10 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

10 ထာဝရဘုရား​က ဤ​လူမျိုး​အား “​သူ​တို့​သည် ဟိုဟိုသည်သည်​သွားလာ​ရ​သည်​ကို နှစ်သက်အားရ​ကြ​၏​။ ကိုယ့်​ခြေ​ကိုယ်​မ​ထိန်းချုပ်​ကြ​။ ထို့ကြောင့် ထာဝရဘုရား​သည် သူ​တို့​ကို နှစ်သက်​တော်​မ​မူ​။ သူ​တို့​၏​ဒုစရိုက်​များ​ကို မှတ်​တော်မူ​မည်​။ သူ​တို့​အပြစ်​များ​ကြောင့် သူ​တို့​ကို​ဒဏ်ခတ်​တော်မူ​မည်​”​ဟု မိန့်​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

10 ထာ​ဝ​ရ​ဘု​ရား​သည်​ထို​သူ​တို့​အ​ကြောင်း နှင့်​ပတ်​သက်​၍``သူ​တို့​သည်​ငါ့​ထံ​မှ​ထွက် ပြေး​ရန်​နှစ်​သက်​ကြ​၏။ မိ​မိ​တို့​ခြေ​ကို မ​ချုပ်​တည်း​လို​ကြ။ ထို့​ကြောင့်​ငါ​သည်​သူ တို့​ကို​မ​နှစ်​သက်။ သူ​တို့​ပြု​ခဲ့​သည့်​ဒု​စ​ရိုက် များ​ကို​အောက်​မေ့​သ​တိ​ရ​၍ သူ​တို့​အား အ​ပြစ်​ဒဏ်​ခတ်​မည်'' ဟု​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

10 ဤ လူ မျိုး အား ထာ ဝ ရ ဘု ရား က၊ ခြေ လှမ်း ခြင်း ကို မ ချုပ် တည်း ဘဲ၊ ထို နှင့် အ မျှ အ လေ အ လွင့် ခင် မင် သော သင် တို့ ကို၊ ငါ ထာ ဝ ရ ဘု ရား လက် ခံ မည် မ ဟုတ်။ ယ ခု ပင် ဒု စ ရိုက် ကို သ တိ မူ လျက်၊ အ ပြစ် ဒဏ် စီ ရင် မည် ဟု မိန့် တော် မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

10 ဤ​လူ​မျိုး​ကို​ရည်​မှတ်၍ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ဤ​လူ​တို့​သည် လှည့်​လည်​ခြင်း​ငှာ အ​လွန်​အ​လို​ရှိ​ကြ၏။ မိ​မိ​တို့​ခြေ​ကို မ​ချုပ်​တည်း​ကြ။ ထို​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​နှစ်​သက်​တော်​မ​မူ။ သူ​တို့​ပြု​သော ဒု​စ​ရိုက်​ကို​အောက်​မေ့၍၊ သူ​တို့​အ​ပြစ်​များ​ကြောင့် စစ်​ကြော​တော်​မူ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 14:10
25 ပူးပေါင်းရင်းမြစ်များ  

ထိုအခါ သူ​က ဧလိယ​အား “​အို ဘုရားသခင်​၏​လူ​၊ သင်​နှင့်​အကျွန်ုပ် အဘယ်သို့​ဆိုင်​သနည်း​။ အကျွန်ုပ်​၏​အပြစ်​များ​ကို ပြန်သတိရ​စေရန်​နှင့် အကျွန်ုပ်​သား​ကို​သေ​စေရန် အကျွန်ုပ်​ထံ ရောက်လာ​ခဲ့​သလော​”​ဟု ဆို​လေ​၏​။


ကိုယ်တော်​၏​နှုတ်ကပတ်တော်​ကို စောင့်ထိန်း​နိုင်​ရန် အကျွန်ုပ်​၏​ခြေ​ကို မကောင်း​သော​လမ်း​ရှိသမျှ​တို့​မှ ကင်းဝေး​စေ​ပါ​၏​။


ငါ​သည် အနှစ်​လေးဆယ်​အတွင်း ထို​မျိုးဆက်​ကို​စက်ဆုပ်​၍ “​သူ​တို့​သည် စိတ်သဘော​မှားယွင်း​သော​လူမျိုး​ဖြစ်​ကြ​၏​။ ငါ​၏​လမ်း​တို့​ကို​လည်း မ​သိ​ကြ​”​ဟု ဆို​၏​။


ယခု သွား​၍ သင့်​အား ငါ​မိန့်ဆို​သော​နေရာ​သို့ ထို​လူ​တို့​ကို ပို့ဆောင်​လော့​။ ကြည့်ရှု​လော့​။ ငါ​၏​ကောင်းကင်တမန်​သည် သင့်​ရှေ့​မှ သွား​လိမ့်မည်​။ သို့သော် ငါ​အပြစ်ဒဏ်​ပေး​မည့်​နေ့ရက်​၌ သူ​တို့​၏​အပြစ်​အတွက် သူ​တို့​ကို​ဒဏ်ခတ်​မည်​”​ဟု မိန့်​တော်မူ​၏​။


သင်​သည် အဘယ်ကြောင့် ဤမျှလောက်​လှည့်လည်​သွားလာ​၍ သင်​၏​အပြုအမူ​ကို ပြောင်းလဲ​ရ​သနည်း​။ အဆီးရီးယား​ပြည်​အားဖြင့် အရှက်ကွဲ​ရ​သကဲ့သို့ အီဂျစ်​ပြည်​အားဖြင့် အရှက်ကွဲ​ရ​လိမ့်မည်​။


သင်​၏​ဒုစရိုက်​တို့​ကို ဝန်ခံ​လော့​။ သင်​သည် သင်​၏​ဘုရားသခင်​ထာဝရဘုရား​ကို​ပုန်ကန်​၍ စိမ်းလန်း​သော​သစ်ပင်​ရှိသမျှ​အောက်​၌ တစ်ပါးအမျိုးသား​တို့​နှင့် မွေ့လျော်​၏​။ ငါ့​စကား​ကို​လည်း သင်​နား​မ​ထောင်​’​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။


ထာဝရဘုရား​က “​သူ​တို့​သည် အိမ်နီးချင်း​၊ ညီအစ်ကိုချင်း​တို့​အား ‘​ထာဝရဘုရား​နှင့် သိကျွမ်း​ခြင်း​ရှိ​လော့​’​ဟု သင်ကြား​ပေး​စရာ​မ​လို​။ အကြောင်းမူကား အငယ်ဆုံး​သော​သူ​မှစ၍ အကြီးဆုံး​သော​သူ​တိုင်အောင် လူ​တိုင်း ငါ့​ကို သိကျွမ်း​ကြ​လိမ့်မည်​။ သူ​တို့​၏​ဒုစရိုက်​များ​ကို ခွင့်လွှတ်​မည်​။ သူ​တို့​၏​အပြစ်​များ​ကို အောက်မေ့​တော့​မည်​မ​ဟုတ်​”​ဟု မိန့်​တော်မူ​၏​။


ငါ့​ထံ သင်​တို့​ယူလာ​သော ရှေဘ​ပြည်​မှ​လော်ဗန်​၊ ဝေး​သော​ပြည်​မှ​မွှေးကြိုင်​သော​ခါနဲ​ကို ငါ​ဘာ​လုပ်​ရ​မည်နည်း​။ သင်​တို့​၏​မီးရှို့ရာယဇ်​ကို ငါ​လက်​မ​ခံ​။ သင်​တို့​၏​ပူဇော်သက္ကာ​ကို ငါ​မ​နှစ်သက်​”​ဟု မိန့်​တော်မူ​၏​။


ဤ​ဂျေရုဆလင်​မြို့သူမြို့သား​တို့​သည် အဘယ်ကြောင့် ထွက်သွား​၍ ဖောက်ပြန်​မြဲ​ဖောက်ပြန်​ကြ​သနည်း​။ သူ​တို့​သည် လှည့်စားမှု​ကို​ဆုပ်ကိုင်​ထား​ကြ​၏​။ ပြန်လှည့်​လာ​ရန် ငြင်းဆန်​ကြ​၏​။


အီဂျစ်​ပြည်​သည် အစ္စရေး​အမျိုးအနွယ်​တို့​အတွက် အားကိုးစရာ​ဖြစ်​တော့​မည်​မ​ဟုတ်​။ သူ​တို့​သည် အီဂျစ်​ပြည်​ကို အားကိုး​မိ​ခြင်း​အတွက် မိမိ​တို့​မှား​ကြောင်း​ကို သိ​ရ​ကြ​လိမ့်မည်​။ သို့မှ ငါ​သည် ဘုရားရှင်​ထာဝရဘုရား​ဖြစ်ကြောင်း သူ​တို့​သိ​ကြ​လိမ့်မည်’​ဟူ၍ မိန့်​တော်မူ​သည်”​ဟု မိန့်ဆို​၏​။


ငါ့​လူမျိုး​တော်​သည် ငါ့​ထံမှ​လမ်းလွဲဖောက်ပြန်​လို​စိတ်​အားကြီး​ကြ​ပြီ​။ သူ​တို့​သည် ကောင်းကင်ဘုံရှင်​ကို​ခေါ်​သော်လည်း သူ​တို့​တစ်ဦးတစ်ယောက်​မျှ ကိုယ်တော်​ကို မ​ချီးမြှောက်​ကြ​။


ငါ​သည် အမျက်ထွက်​သည့်​အလျောက် မ​ပြု​။ ဧဖရိမ်​ကို နောက်တစ်ဖန် မ​ဖျက်ဆီး​။ အကြောင်းမှာ ငါ​သည် လူ​မ​ဟုတ်​၊ ဘုရားသခင်​ဖြစ်​၏​။ သင်​တို့​နှင့်အတူ​ရှိ​သည့်​သန့်ရှင်း​သော​အရှင် ဖြစ်​၏​။ သင့်​ထံ အမျက်​ဖြင့်​လာ​မည်​မ​ဟုတ်​။


သူ​တို့​သည် ငါ့​ထံမှ လမ်းလွဲ​သွား​သောကြောင့် သူ​တို့​၌ အမင်္ဂလာ​ရှိ​၏​။ ငါ့​ကို​ပုန်ကန်​သောကြောင့် သူ​တို့​ပျက်စီး​ရ​လိမ့်မည်​။ သူ​တို့​ကို ငါ​ရွေးနုတ်​လို​သော်လည်း သူ​တို့​သည် ငါ့​ကို​ဆန့်ကျင်​လိမ်လည်​ကြ​၏​။


သူ​တို့​ပြု​သော​မကောင်းမှု​အားလုံး​ကို ငါ​မှတ်ထား​ကြောင်း သူ​တို့​၏​စိတ်​ထဲ၌ မ​တွေးမိ​ကြ​။ ယခုမှာ သူ​တို့​ပြု​သော​အမှု​သည် သူ​တို့​ကို​ဝိုင်း​ထား​လေ​ပြီ​။ သူ​တို့​လုပ်​သမျှ​ကို ငါ​မြင်​လေ​ပြီ​။


သူ​တို့​သည် ငါ့​ထံ လှူဖွယ်ဝတ္ထု​များ​ကို ပူဇော်​သောအခါ ယဇ်ကောင်​များ​ကို​ပူဇော်​၍ အသား​ကို စား​ကြ​၏​။ ထို​ပူဇော်သက္ကာ​တို့​ကို ထာဝရဘုရား လက်ခံ​တော်​မ​မူ​။ သူ​တို့​၏​ဒုစရိုက်​ကို မှတ်ထား​ပြီး သူ​တို့​၏​အပြစ်​ကို ဒဏ်ခတ်​မည်​။ သူ​တို့​ကို အီဂျစ်​ပြည်​သို့ ပြန်သွား​စေ​မည်​။


သူ​တို့​သည် ဂိဗာ​မြို့သား​တို့​လက်ထက်​က​ကဲ့သို့ အလွန်​အကျင့်ပျက်ပြား​ကြ​၏​။ ကိုယ်တော်​သည် သူ​တို့​၏​ဒုစရိုက်​များ​ကို မှတ်ထား​ပြီး သူ​တို့​၏​အပြစ်​များ​ကို ဒဏ်ခတ်​တော်မူ​မည်​။


“မြေကြီး​ပေါ်ရှိ​လူသား​မျိုးနွယ်​တို့​တွင် သင်​တို့​တစ်မျိုးနွယ်တည်း​ကို​သာ ငါ​သိမှတ်​သည်​ဖြစ်၍ သင်​တို့​အပြစ်​ရှိသမျှ​ကို ငါ​စစ်ကြော​မည်”​ဟု မိန့်​တော်မူ​၏​။


သင်​တို့​ပူဇော်​သော မီးရှို့ရာယဇ်​၊ ဘောဇဉ်ပူဇော်သက္ကာ​တို့​ကို ငါ​လက်ခံ​မည်​မ​ဟုတ်​။ ဆူဖြိုး​သော​ယဇ်ကောင်​တို့​ကို မိတ်သဟာယယဇ်​အဖြစ် ပူဇော်​လျှင်​လည်း ငါ​အရေးစိုက်​မည်​မ​ဟုတ်​။


အဘယ်ကြောင့်​ဆိုသော် ငါ​သည် သူ​တို့​၏​မတရားမှု​များ​အပေါ်​ကရုဏာ​ထား​၍ သူ​တို့​၏​အပြစ်​များ​ကို လုံးဝ​သတိရ​တော့မည်​မ​ဟုတ်”​ဟု မိန့်​တော်မူ​၏။


ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ‘​အစ္စရေး​လူမျိုး​တို့ အီဂျစ်​ပြည်​မှ​ထွက်လာ​စဉ် လမ်းခရီး​တွင် သူ​တို့​အား အာမလက်​လူမျိုး​တို့ ဆီးတား​ခဲ့​သည့်​အမှု​ကို ငါ​မှတ်​ထား​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ