မာလခိ 1:10 - မြန်မာ့စံမီသမ္မာကျမ်း10 “ငါ့ယဇ်ပလ္လင်ရှိရာသို့ဝင်၍ မီးကိုအချည်းနှီးမထွန်းရအောင် တံခါးကို မည်သူပိတ်ပေးမည်နည်း။ ငါသည် သင်တို့ကို မနှစ်သက်။ သင်တို့လက်နှင့်ပူဇော်သောယဇ်ကို ငါလက်မခံ”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Common Language Bible10 အနန္တတန်ခိုးရှင်ထာဝရဘုရားက``ငါ ၏ယဇ်ပလ္လင်ပေါ်တွင်ညစ်ညမ်းသည့်မီးများ ကိုသင်တို့မထည့်နိုင်စေရန် ဗိမာန်တော် တံခါးများကိုပိတ်ထားမည့်သူရှိလျှင် အဘယ်မျှကောင်းလိမ့်မည်နည်း။ ငါသည် သင်တို့ကိုမနှစ်သက်။ ငါ့ထံသို့သင်တို့ ယူဆောင်လာသောပူဇော်သကာကိုလည်း လက်မခံလို။- အခန်းကိုကြည့်ပါ။Garrad Bible10 ပူ ဇော် ရာ ပ လ္လင် တော့် ပေါ် တွင်၊ အ ကျိုး မဲ့ သော မီး ရှို့ ခွင့် ကို၊ သင် တို့ မ ရ စေ ခြင်း ငှာ၊ တံ ခါး တော် များ ကို တစ် စုံ တစ် ယောက် ပိတ် ထား ပါ စေ သော။ သင် တို့ ကို ငါ မ နှစ် သက်။ အ လှူ ကို လည်း ငါ လက် မ ခံ ဟု၊ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ ၏။ အခန်းကိုကြည့်ပါ။Judson Bible10 သင်တို့တွင် အဘယ်သူသည် ငါ့တံခါးတို့ကို ပိတ်လိမ့်မည်နည်း။ သင်တို့သည် ငါ့ယဇ်ပလ္လင်ပေါ်မှာ မီးကို အချည်းနှီးမညှိရကြ။ သင်တို့ကို ငါအလိုမရှိ၊ သင်တို့ပြုသော ပူဇော်သကာကို ငါလက်မခံဟု ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားက ဤလူမျိုးအား “သူတို့သည် ဟိုဟိုသည်သည်သွားလာရသည်ကို နှစ်သက်အားရကြ၏။ ကိုယ့်ခြေကိုယ်မထိန်းချုပ်ကြ။ ထို့ကြောင့် ထာဝရဘုရားသည် သူတို့ကို နှစ်သက်တော်မမူ။ သူတို့၏ဒုစရိုက်များကို မှတ်တော်မူမည်။ သူတို့အပြစ်များကြောင့် သူတို့ကိုဒဏ်ခတ်တော်မူမည်”ဟု မိန့်တော်မူ၏။
အကြီးအမှူးတို့သည် တံစိုးလက်ဆောင်ရရန် တရားစီရင်ကြ၏။ ယဇ်ပုရောဟိတ်တို့သည်လည်း အဖိုးအခရရန် သွန်သင်ကြ၏။ ပရောဖက်တို့သည်လည်း ငွေရရန် ဂမ္ဘီရအတတ်ဖြင့် ဟောပြောကြ၏။ ထာဝရဘုရားကို အမှီပြု၍လည်း “ထာဝရဘုရားသည် ငါတို့အလယ်တွင်ရှိတော်မူသည် မဟုတ်လော။ ငါတို့အပေါ်ဘေးအန္တရာယ်ကျရောက်မည်မဟုတ်”ဟု ဆိုတတ်ကြ၏။