Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဝတ်​ပြု 7:18 - Common Language Bible

18 အ​သား​အ​ကြွင်း​အ​ကျန်​ကို​တ​တိ​ယ​နေ့​၌ စား​လျှင် ဘု​ရား​သ​ခင်​သည်​ထို​သူ​ပူ​ဇော်​သော ယဇ်​ကို​လက်​ခံ​တော်​မူ​မည်​မ​ဟုတ်။ ပူ​ဇော်​သော သူ​သည်​လည်း​အ​ကျိုး​ကို​မ​ခံ​ရ။ ထို​ယဇ်​သည် မ​စင်​ကြယ်​သ​ဖြင့် အ​သား​ကို​စား​သော​သူ​၌ အ​ပြစ်​ရောက်​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

18 တ တိ ယ နေ့ မှာ မိတ် သ ဟာ ယ ပူ ဇော် သ က္ကာ၏ အ သား ကို စား လျှင် ဆက် ကပ် သူ အား အ ရေး ယူ၍ လက် ခံ တော် မူ မည် မ ဟုတ်။ ရွံ ရှာ ဖွယ် ဖြစ် သည့် အ တိုင်း စား သော သူ သည် ဒု စ ရိုက် ဝန် ကို ထမ်း ရ မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

18 မိတ်​သ​ဟာ​ယ​ယဇ်​အ​သား​အ​နည်း​ငယ်​ကို၊ သန်​ဘက်​နေ့၌​စား​မိ​လျှင် စိတ်​တော်​နှင့်​မ​တွေ့။ ပူ​ဇော်​သော​သူ​သည် အ​ကျိုး​ကို​မ​ရ။ ရွံ​ရှာ​ဖွယ်​ဖြစ်​လိမ့်​မည်။ စား​သော​သူ​သည် ကိုယ်​အ​ပြစ်​ကို​ခံ​ရ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

18 သုံး​ရက်​မြောက်​သော​နေ့​၌ မိတ်သဟာယယဇ်​အသား​ကို အနည်းငယ်​မျှပင်​စား​မိ​လျှင် ထို​ယဇ်​ကို လက်ခံ​တော်မူ​မည်​မ​ဟုတ်​။ ပူဇော်​သော​သူ​ကို​လည်း အသိအမှတ်​ပြု​မည်​မ​ဟုတ်​။ ထို​ယဇ်​သည် ရွံရှာဖွယ်​ဖြစ်​၏​။ ၎င်း​ကို​စား​မိ​သော​သူ​သည် ကိုယ့်​အပြစ်​ကိုယ်​ခံရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဝတ်​ပြု 7:18
31 ပူးပေါင်းရင်းမြစ်များ  

မတရားသောသူ ပူဇော်သောယဇ်ကို ထာဝရ ဘုရားစက်ဆုပ် ရွံ့ရှာတော်မူ၏။ သဘောဖြောင့်သောသူ ဆုတောင်းသော ပဌနာကိုကား၊ နှစ်သက်တော်မူ၏။


ညဥ့်​အ​ခါ​၌​သူ​တို့​သည်​ဂူ​များ​သင်္ချိုင်း​တွင်း များ​သို့​သွား​၍​သူ​သေ​ဝိ​ညာဉ်​များ​နှင့်​နှီး နှော​တိုင်​ပင်​ကြ​၏။ သူ​တို့​သည်​ဝက်​သား​ကို စား​၍​သူ​တို့​၏​အိုး​များ​တွင် မ​သန့်​ရှင်း သော​အ​သား​ပြုတ်​ရည်​ရှိ​ကြ​၏။-


လူ​တို့​သည်​မိ​မိ​တို့​စိတ်​အ​လို​ဆန္ဒ​အ​တိုင်း ပြု​ကျင့်​တတ်​ကြ​၏။ သူ​တို့​အ​တွက်​နွား​ကို သတ်​၍​ယဇ်​ပူ​ဇော်​ခြင်း​သည်​လူ​ကို​သတ်​၍ ပူ​ဇော်​ခြင်း​နှင့်​အ​တူ​တူ​ဖြစ်​၏။ သိုး​ကို​ပူ ဇော်​ခြင်း​နှင့်​ခွေး​ကို​ပူ​ဇော်​ခြင်း​အ​တူ​တူ ဖြစ်​၏။ သီး​နှံ​ပူ​ဇော်​သ​ကာ​သည်​ဝက်​သွေး ပူ​ဇော်​သ​ကာ​နှင့်​တူ​၏။ နံ့​သာ​ပေါင်း​ကို​မီး ရှို့​ပူ​ဇော်​ခြင်း​သည်​ရုပ်​တု​ရှေ့​တွင်​ဆု​တောင်း ခြင်း​နှင့်​အ​တူ​တူ​ပင်​ဖြစ်​သည်။ သူ​တို့​သည် စက်​ဆုတ်​ရွံ​ရှာ​ဖွယ်​ကောင်း​သည့်​အ​ရာ​များ ၌​မွေ့​လျော်​တတ်​ကြ​၏။-


ထာ​ဝ​ရ​ဘု​ရား​သည်​ထို​သူ​တို့​အ​ကြောင်း နှင့်​ပတ်​သက်​၍``သူ​တို့​သည်​ငါ့​ထံ​မှ​ထွက် ပြေး​ရန်​နှစ်​သက်​ကြ​၏။ မိ​မိ​တို့​ခြေ​ကို မ​ချုပ်​တည်း​လို​ကြ။ ထို့​ကြောင့်​ငါ​သည်​သူ တို့​ကို​မ​နှစ်​သက်။ သူ​တို့​ပြု​ခဲ့​သည့်​ဒု​စ​ရိုက် များ​ကို​အောက်​မေ့​သ​တိ​ရ​၍ သူ​တို့​အား အ​ပြစ်​ဒဏ်​ခတ်​မည်'' ဟု​မိန့်​တော်​မူ​၏။


အ​ကယ်​၍​သူ​တို့​သည်​အ​စာ​ရှောင်​၍​ပင် အ​ကူ​အ​ညီ​ဟစ်​အော်​တောင်း​ခံ​ကြ​စေ ကာ​မူ ငါ​သည်​လူ​တို့​၏​ဟစ်​အော်​သံ​ကို နား​ထောင်​လိမ့်​မည်​မ​ဟုတ်။ အ​ကယ်​၍​သူ တို့​သည်​ငါ့​အား​မီး​ရှို့​ရာ​ယဇ်​များ​နှင့် ပူ​ဇော်​သ​ကာ​များ​ကို​ပင်​ဆက်​သ​သော် လည်း ငါ​သည်​သူ​တို့​အား​နှစ်​သက်​လိမ့် မည်​မ​ဟုတ်။ ယင်း​သို့​နှစ်​သက်​မည့်​အ​စား သူ​တို့​အား​စစ်​ပွဲ​များ​တွင်​ကျ​ဆုံး​စေ​မည်။ ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး၊ အ​နာ​ရော​ဂါ ဘေး​သင့်​၍​သေ​စေ​မည်'' ဟု​မိန့်​တော်​မူ ပါ​၏။


သေ​ရ​မည့်​သူ​ကား​အ​ပြစ်​ကူး​လွန်​သူ ဖြစ်​၏။ သား​ဖြစ်​သူ​သည်​ဖ​ခင်​ပြု​သည့် အ​ပြစ်​များ​၏​အ​ကျိုး​ဆက်​ကို​ခံ​ရ​မည် မ​ဟုတ်။ ဖ​ခင်​ဖြစ်​သူ​သည်​လည်း​သား​ပြု သည့်​အ​ပြစ်​များ​၏​အ​ကျိုး​ဆက်​ကို​ခံ ရ​မည်​မ​ဟုတ်။ လူ​ကောင်း​သည်​ကောင်း​မှု ကို​ပြု​သည့်​အ​တွက်​ကောင်း​ကျိုး၊ ဆိုး​ညစ် သော​သူ​သည်​ဆိုး​ညစ်​မှု​ကို​ပြု​သည့် အ​တွက်​ဆိုး​ကျိုး​ကို​လည်း​ကောင်း​ခံ​ရ လိမ့်​မည်။


သူ​တို့​သည်​ငါ့​အား​ယဇ်​ပူ​ဇော်​၍​ယဇ်​ကောင် ၏​အ​သား​ကို​စား​ကြ​၏။ သို့​ရာ​တွင်​ငါ ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​၏​အ​ပြု​အ​စု ကို​နှစ်​သက်​တော်​မ​မူ၊ ယ​ခု​ငါ​သည်​သူ​တို့ ၏​အ​ပြစ်​ကို​သ​တိ​ရ​၍​အ​ပြစ်​အ​တွက် ဒဏ်​စီ​ရင်​မည်။ သူ​တို့​ကို​အီ​ဂျစ်​ပြည်​သို့ ပြန်​ပို့​မည်။


``သင်​တို့​သည်​အ​ဘယ်​ကြောင့်​ထို​ယဇ်​ကောင်​၏ အ​သား​ကို သန့်​ရှင်း​ရာ​ဌာ​န​တွင်​မ​စား​ကြ သ​နည်း။ အ​ပြစ်​ဖြေ​ရာ​ယဇ်​သည်​အ​ထူး​ပူ ဇော်​သော​ပူ​ဇော်​သ​ကာ​ဖြစ်​၍ ထာ​ဝ​ရ​ဘု​ရား သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​အ​ပြစ် ကို​ဖြေ​ရန်​အ​တွက် သင်​တို့​အား​ထို​ယဇ် ကောင်​အ​သား​ကို​ပေး​တော်​မူ​ပြီ။-


ထို​အ​ခါ​အာ​ရုန်​က​မော​ရှေ​အား``အ​ကယ်​၍ အ​ကျွန်ုပ်​သည်​အ​ပြစ်​ဖြေ​ရာ​ယဇ်​ကောင်​၏ အ​သား​ကို ယ​နေ့​စား​ခဲ့​သော်​ထာ​ဝ​ရ​ဘု​ရား နှစ်​သက်​တော်​မူ​ပါ​မည်​လော။ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် ယ​နေ့​ထာ​ဝ​ရ​ဘု​ရား အား​အ​ပြစ်​ဖြေ​ရာ​ယဇ်​နှင့် မီး​ရှို့​ရာ​ယဇ်​တို့ ကို​ပူ​ဇော်​ကြ​ပါ​ပြီ။ သို့​ဖြစ်​ပါ​လျက်​နှင့် အ​ကျွန်ုပ်​၌ ဤ​အ​ဖြစ်​ဆိုး​နှင့်​တွေ့​ကြုံ​ရ ပါ​သည်​တ​ကား'' ဟု​ဖြေ​ကြား​လေ​၏။-


မြေ​ကြီး​ပေါ်​တွင်​တွား​သွား​တတ်​သော သို့ မ​ဟုတ်​ခြေ​လေး​ချောင်း​ရှိ​သော သို့​မ​ဟုတ် ခြေ​လေး​ချောင်း​ထက်​များ​သော​ခြေ​ရှိ​သော သတ္တ​ဝါ​ငယ်​များ​ကို​သင်​တို့​မ​စား​ရ။-


ထို​ပ​ညတ်​ကို​မ​လိုက်​နာ​သူ​သည် မိမိ အ​ပြစ်​၏​ဆိုး​ကျိုး​ဆက်​ကို​ခံ​ရ​မည်။


``သင်​တို့​သည်​မိတ်​သ​ဟာ​ယ​ယဇ်​ကို​ပူ​ဇော် သည့်​အ​ခါ ငါ​၏​ပြ​ဋ္ဌာန်း​ချက်​များ​နှင့်​အ​ညီ ပူ​ဇော်​လျှင် ငါ​သည်​ထို​ပူ​ဇော်​သ​ကာ​ကို လက်​ခံ​မည်။-


တစ်​စုံ​တစ်​ယောက်​သည် မိ​မိ​၏​နှ​မ​အ​ရင်း​သို့​မ​ဟုတ်​ဖ​အေ​တူ​မ​အေ​ကွဲ​နှ​မ​နှင့်​ထိမ်း​မြား​လျှင် သူ​တို့​ကို​လူ​ထု​ရှေ့​မှောက်​တွင်​ရှုတ်​ချ​၍ ဣ​သ​ရေ​လ​အ​မျိုး​မှ​ထုတ်​ပယ်​ရ​မည်။ သူ​သည်​မိ​မိ​၏​နှ​မ​နှင့်​ကာ​မ​စပ်​ယှက်​သော​ကြောင့်​အ​ပြစ်​ကို​ခံ​ရ​မည်။-


တစ်​စုံ​တစ်​ယောက်​သည်​မိ​မိ​အ​ဒေါ်​နှင့်​ကာ​မ​စပ်​ယှက်​လျှင် သွေး​နီး​စပ်​သူ​ချင်း​ဖောက်​ပြန်​သ​ဖြင့်​နှစ်​ဦး​စ​လုံး​အ​ပြစ်​ခံ​ရ​မည်။-


ပု​ကွ​သော​တိ​ရစ္ဆာန်​သို့​မ​ဟုတ်​ပုံ​ပန်း​မ​ကျ သော​တိ​ရစ္ဆာန်​ကို မိ​မိ​စေ​တ​နာ​အ​လျောက် ပူ​ဇော်​သော​ယဇ်​အ​ဖြစ်​ဆက်​သ​နိုင်​သော် လည်း က​တိ​သစ္စာ​အ​လျောက်​ပူ​ဇော်​သော ယဇ်​အ​ဖြစ်​မ​ဆက်​သ​နိုင်။-


လူ​မျိုး​ခြား​ထံ​မှ ရ​ရှိ​သော​တိ​ရစ္ဆာန်​ကို ပူ​ဇော်​သကာ​အ​ဖြစ်​မ​ပူ​ဇော်​ရ။ ထို​ကဲ့​သို့ သော​တိ​ရစ္ဆာန်​သည် အ​နာ​အ​ဆာ​ရှိ​သည်​ဟု ယူ​ဆ​ရ​မည်​ဖြစ်​သော​ကြောင့်​ယင်း​ကို​မ​ပူ ဇော်​ရ။


တစ်​စုံ​တစ်​ယောက်​သည် ထာ​ဝ​ရ​ဘု​ရား​၏ ပ​ညတ်​တော်​တစ်​ပါး​ပါး​ကို​အ​မှတ်​မ​ထင် ချိုး​ဖောက်​မိ​လျှင် သူ​သည်​အ​ပြစ်​ကူး​လွန် သ​ဖြင့်​အ​ပြစ်​ဒဏ်​ကို​ပေး​ဆောင်​ရ​မည်။-


ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​မ​စင်​ကြယ်​သော အ​ရာ​တစ်​စုံ​တစ်​ခု​နှင့် ထိ​မိ​သော​အ​သား ကို​မ​စား​ရ။ ၎င်း​ကို​မီး​ရှို့​ပစ်​ရ​မည်။ ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​သန့်​ရှင်း​သော​သူ သည် မိတ်​သ​ဟာ​ယ​ယဇ်​ကောင်​၏​အ​သား​ကို စား​နိုင်​သည်။-


သင်​တို့​မီး​ပူ​ဇော်​ခြင်း၊ ဂျုံ​စ​ပါး​ဆက်​ကပ် ခြင်း​ကို​ငါ​လက်​မ​ခံ​နိုင်။ ဆူ​ဖြိုး​သော​သား ကောင်​တို့​ဖြင့် ပူ​ဇော်​ခြင်း​ကို​လည်း​ငါ အ​လို​မ​ရှိ။-


အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ငါ ၏​ယဇ်​ပလ္လင်​ပေါ်​တွင်​ညစ်​ညမ်း​သည့်​မီး​များ ကို​သင်​တို့​မ​ထည့်​နိုင်​စေ​ရန် ဗိ​မာန်​တော် တံ​ခါး​များ​ကို​ပိတ်​ထား​မည့်​သူ​ရှိ​လျှင် အ​ဘယ်​မျှ​ကောင်း​လိမ့်​မည်​နည်း။ ငါ​သည် သင်​တို့​ကို​မ​နှစ်​သက်။ ငါ့​ထံ​သို့​သင်​တို့ ယူ​ဆောင်​လာ​သော​ပူ​ဇော်​သ​ကာ​ကို​လည်း လက်​မ​ခံ​လို။-


သင်​တို့​က`ဤ​အ​မှု​များ​ပြု​ရ​သည်​ကို​ငါ တို့​ငြီး​ငွေ့​လှ​ပါ​ပြီ' ဟု​ဆို​ကာ​နှာ​ခေါင်း ရှုတ်​၍​ငါ့​အား​မ​လေး​မ​ခန့်​ပြု​ကြ​၏။ သင် တို့​သည်​မိ​မိ​တို့​ခိုး​ယူ​ရ​ရှိ​သည့်​ယဇ်​ကောင် ကို​သော်​လည်း​ကောင်း၊ ခြေ​ကျိုး​သို့​မ​ဟုတ် ဖျား​နာ​သည့်​ယဇ်​ကောင်​ကို​သော်​လည်း​ကောင်း ငါ​၏​အ​တွက်​ပူ​ဇော်​သ​ကာ​အ​ဖြစ်​နှင့်​ယူ ဆောင်​ခဲ့​ကြ​၏။ ငါ​သည်​ဤ​ပူ​ဇော်​သ​ကာ များ​ကို​လက်​ခံ​လိမ့်​မည်​ဟု​သင်​တို့​ထင် မှတ်​ကြ​ပါ​သ​လော။-''


ထို​အ​ထူး​အ​လှူ​ကို​လယ်​သ​မား၊ ခြံ​သ​မား ဆက်​သ​သော​ကောက်​သစ်၊ စ​ပျစ်​ရည်​သစ် အ​လှူ​ကဲ့​သို့​ငါ​မှတ်​ယူ​မည်။-


ကိုယ်​တော်​က ``သင်​တို့​သည်​မိ​မိ​တို့​ကိုယ်​ကို သူ​တော်​ကောင်း​များ​ဟု​လူ​တို့​အား​ထင်​မြင် စေ​ကြ​၏။ သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​သင် တို့​၏​စိတ်​နှ​လုံး​ကို​သိ​တော်​မူ​၏။ လူ​တို့​အ​မြတ် တ​နိုး​ထား​သော​အ​ရာ​သည်​ဘု​ရား​သ​ခင်​၏ ရှေ့​တော်​မှာ​စက်​ဆုပ်​ဖွယ်​ဖြစ်​၏။


သူ့​အား​ဘု​ရား​သ​ခင်​ယင်း​သို့​လက်​ခံ​တော်​မူ ပြီး​မှ​အာ​ဗြ​ဟံ​သည်​အ​ရေ​ဖျား​လှီး​မင်္ဂလာ ခံ​ရ​၏။ ထို​အ​ရေ​ဖျား​လှီး​မင်္ဂလာ​ကား​ဘု​ရား သ​ခင်​သည်​အာ​ဗြ​ဟံ​၏​ယုံ​ကြည်​မှု​ကို​ထောက် လျက် အ​ရေ​ဖျား​လှီး​မင်္ဂလာ​မ​ခံ​မီ​ဖြောင့်​မတ်​သူ အ​ဖြစ်​လက်​ခံ​တော်​မူ​ကြောင်း​ကို​သက်​သေ​ပြ သော​အ​မှတ်​လက္ခ​ဏာ​ပင်​ဖြစ်​၏။ သို့​ဖြစ်​၍ အာ​ဗြ​ဟံ​သည်​အ​ရေ​ဖျား​လှီး​မင်္ဂလာ​ကို မ​ခံ​သော်​လည်း​ဘု​ရား​သ​ခင်​ကို​ယုံ​ကြည် ခြင်း​အား​ဖြင့် ဖြောင့်​မတ်​သူ​အ​ဖြစ်​ကိုယ်​တော် လက်​ခံ​သူ​အ​ပေါင်း​တို့​၏​အ​ဖ​ဖြစ်​လာ ၏။-


ထို​နည်း​တူ​စွာ​ခ​ရစ်​တော်​သည်​လည်း​လူ​အ​များ ၏​အ​ပြစ်​ကို​ဖြေ​လွှတ်​ရန်​အ​တွက် မိ​မိ​၏​ကိုယ် ကို​တစ်​ကြိမ်​တည်း​တင်​လှူ​ပူ​ဇော်​တော်​မူ​သည်။ အ​ပြစ်​ဒု​စ​ရိုက်​ကို​သုတ်​သင်​ပယ်​ရှင်း​ရန် မ​ဟုတ်​ဘဲ မိ​မိ​ကို​စောင့်​မျှော်​နေ​သူ​တို့​အား ကယ်​တင်​တော်​မူ​ရန် ကိုယ်​တော်​သည်​ဒု​တိ​ယ အ​ကြိမ်​ကြွ​လာ​တော်​မူ​ပေ​အံ့။


ငါ​တို့​သည်​အ​ပြစ်​ဒု​စ​ရိုက်​ကို​အ​မြစ်​ဖြတ် ၍​ဖြောင့်​မတ်​ခြင်း​အ​တွက်​အ​သက်​ရှင်​နိုင် ကြ​စေ​ရန် ကိုယ်​တော်​တိုင်​ပင်​လျှင်​ငါ​တို့​၏ အ​ပြစ်​များ​ကို​ကိုယ်​ခန္ဓာ​တော်​ပေါ်​တွင်​ယူ ဆောင်​ကာ​လက်​ဝါး​ကပ်​တိုင်​၌​ဒုက္ခ​ဝေ​ဒ​နာ ခံ​တော်​မူ​၏။ ငါ​တို့​သည်​ကိုယ်​တော်​၏​ဒဏ်​ရာ ဒဏ်​ချက်​များ​အား​ဖြင့်​အ​နာ​ပျောက်​လျက် ရှိ​ကြ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ