ကိုယ်တော်၏အစေအပါးကို တမင်ကျူးလွန်သောအပြစ်များနှင့်လည်း ကင်းဝေးစေတော်မူပါ။ ထိုအပြစ်များသည် အကျွန်ုပ်ကိုမစိုးမိုးပါစေနှင့်။ သို့မှသာ အကျွန်ုပ်သည် အပြစ်ကင်း၍ ကြီးမားသောအပြစ်ကျူးလွန်ခြင်းနှင့် ကင်းလွတ်ပါလိမ့်မည်။
ဝတ်ပြု 4:22 - မြန်မာ့စံမီသမ္မာကျမ်း ခေါင်းဆောင်ဖြစ်သူသည် ‘မလုပ်ရ’ဟု မိမိ၏ဘုရားသခင် ထာဝရဘုရားပညတ်ထားတော်မူသော ပညတ်ချက်တစ်ခုခုကို မရည်ရွယ်ဘဲလုပ်၍ အပြစ်ပြုမိသဖြင့် သူ့အပေါ် အပြစ်သက်ရောက်၍ Common Language Bible အကယ်၍အုပ်ချုပ်သောမင်းသည်ထာဝရ ဘုရား၏ပညတ်တော်တစ်ပါးပါးကို အမှတ် မထင်ချိုးဖောက်မိသဖြင့်အပြစ်ကူးလွန် ခဲ့သည်ရှိသော်၊- Garrad Bible မှူး မတ် တစ် ဦး သည် မ ပြု ရ ဟု ကိုယ် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ပ ညတ် တော် မူ သော အ ရာ ကို မ တော် မ ဆ ပြစ် မှား ပြု ကျင့် လျက် ပြစ် ဒဏ် ခံ ထိုက် သည် ဖြစ် လျှင်၊ Judson Bible မင်းသည်လည်း တရားကိုမသိ၊ မိမိဘုရားသခင် ထာဝရဘုရား၏ ပညတ်တော်ကို လွန်ကျူးပြစ်မှား၍ မပြုအပ်သောအမှုကို ပြုမိသဖြင့် အပြစ်ရောက်လျှင်၊ |
ကိုယ်တော်၏အစေအပါးကို တမင်ကျူးလွန်သောအပြစ်များနှင့်လည်း ကင်းဝေးစေတော်မူပါ။ ထိုအပြစ်များသည် အကျွန်ုပ်ကိုမစိုးမိုးပါစေနှင့်။ သို့မှသာ အကျွန်ုပ်သည် အပြစ်ကင်း၍ ကြီးမားသောအပြစ်ကျူးလွန်ခြင်းနှင့် ကင်းလွတ်ပါလိမ့်မည်။
လူအပေါင်းတို့ထဲမှ အရည်အချင်းရှိသောသူ၊ ဘုရားသခင်ကိုကြောက်ရွံ့သောသူ၊ သစ္စာရှိသောသူ၊ မတရားသောအကျိုးစီးပွားကိုမုန်းသောသူတို့ကို ရွေးချယ်၍ သူတို့ကို လူတစ်ထောင်အုပ်၊ တစ်ရာအုပ်၊ ငါးဆယ်အုပ်၊ တစ်ဆယ်အုပ်အဖြစ် ခန့်ထားရမည်။
သင်၏နှုတ်ကြောင့် သင့်အပေါ်၌ အပြစ်မရောက်စေနှင့်။ စေတမန်ရှေ့၌ “ထိုကတိသစ္စာကို မတော်တဆပြုမိပါသည်”ဟု ပြောရသောအကြောင်းမရှိစေနှင့်။ အဘယ်ကြောင့် သင်၏စကားအားဖြင့် ဘုရားသခင်ကို အမျက်ထွက်စေ၍ သင်၏လက်ဖြင့်ပြုသောအမှုကို ဖျက်ဆီးစေမည်နည်း။
အစ္စရေးလူထုအပေါင်းတို့သည် ‘မလုပ်ရ’ဟု ထာဝရဘုရားပညတ်ထားတော်မူသော ပညတ်ချက်တစ်ခုခုကို မရည်ရွယ်ဘဲလုပ်မိပြီး လူအစုအဝေးတို့သည် ထိုအမှုကို အပြစ်ဖြစ်မှန်းမသိမမြင်သော်လည်း သူတို့အပေါ်အပြစ်သက်ရောက်၍
“အစ္စရေးအမျိုးသားတို့အား ဆင့်ဆိုလော့။ ‘မလုပ်ရ’ဟု ထာဝရဘုရားပညတ်ထားတော်မူသောပညတ်တော်ထဲမှ ပညတ်ချက်တစ်ခုခုကို တစ်စုံတစ်ယောက်သည် မရည်ရွယ်ဘဲလုပ်၍ အပြစ်ပြုမိလျှင်လည်းကောင်း၊
သာမန်လူထဲမှတစ်စုံတစ်ယောက်သည် ‘မလုပ်ရ’ဟု ထာဝရဘုရားပညတ်ထားတော်မူသော ပညတ်ချက်တစ်ခုခုကို မရည်ရွယ်ဘဲလုပ်၍ အပြစ်ပြုမိသဖြင့် သူ့အပေါ် အပြစ်သက်ရောက်၍
တစ်စုံတစ်ယောက်သည် ‘မလုပ်ရ’ဟု ထာဝရဘုရားပညတ်ထားတော်မူသော ပညတ်ချက်တစ်ခုခုကို လုပ်မိ၍ အပြစ်ပြုမိမှန်းကို မသိလျှင်လည်း သူ့အပေါ် အပြစ်သက်ရောက်၍ သူသည် ကိုယ့်အပြစ်ကိုယ်ခံရမည်။
မောရှေအားဖြင့် ထာဝရဘုရားမိန့်မှာထားသော ဤပညတ်တော်အလုံးစုံကို သင်တို့မစောင့်ထိန်း၊ မရည်ရွယ်ဘဲကျူးလွန်မိခြင်းတည်းဟူသော
လူမမြင်ကွယ်ရာတွင် မရည်ရွယ်ဘဲကျူးလွန်မိမည်ဆိုလျှင် လူထုအပေါင်းတို့သည် စီရင်ထုံးဖွဲ့ချက်နှင့်အညီ မီးရှို့ရာယဇ်အတွက် နွားအုပ်ထဲမှနွားထီးပျိုတစ်ကောင်ကို မွှေးကြိုင်သောရနံ့အဖြစ် ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာပူဇော်သက္ကာနှင့်အတူ ထာဝရဘုရားအား ပူဇော်ရမည်။ ဆိတ်ထီးကလေးတစ်ကောင်ကိုလည်း အပြစ်ဖြေရာယဇ်အဖြစ် ပူဇော်ရမည်။
လူအစုအဝေးထဲမှ ရွေးကောက်တင်မြှောက်ထားသည့် နာမည်ကျော်စောသော အစ္စရေးအမျိုးသား လူထုခေါင်းဆောင် အယောက်နှစ်ရာ့ငါးဆယ်တို့နှင့်အတူ မောရှေအား ဆန့်ကျင်ကြ၏။
မောရှေ၊ ယဇ်ပုရောဟိတ်ဧလာဇာနှင့် လူထုခေါင်းဆောင်အပေါင်းတို့သည် သူတို့ကိုကြိုဆိုရန် တပ်စခန်းအပြင်ဘက်သို့ ထွက်လာကြ၏။
ဂဒ်သားမြေး၊ ရုဗင်သားမြေးတို့သည် မောရှေ၊ ယဇ်ပုရောဟိတ်ဧလာဇာနှင့် လူထုခေါင်းဆောင်တို့ထံသို့လာ၍
မရည်ရွယ်ဘဲလူကိုသတ်မိသောလူသတ်သမားတို့ ထွက်ပြေးပြီး ခိုလှုံနိုင်သောမြို့တို့ကို သင်တို့ ရွေးချယ်ရမည်။