ဝတ်ပြု 4:21 - မြန်မာ့စံမီသမ္မာကျမ်း21 ထိုနွားထီးကို တပ်စခန်း၏အပြင်ဘက်သို့ ယူသွား၍ ပထမနွားထီးကိုရှို့သည့်အတိုင်း ရှို့ရမည်။ ဤသည်ကား လူအစုအဝေးအတွက်အပြစ်ဖြေရာယဇ်ဖြစ်၏။ အခန်းကိုကြည့်ပါ။Common Language Bible21 ထိုနောက်သူသည်မိမိ၏အပြစ်အတွက် ပူဇော်သောနွားကိုတပ်စခန်းအပြင်တွင် မီးရှို့သည့်နည်းတူ ဤနွားကိုလည်းစခန်း အပြင်တွင်မီးရှို့ရမည်။ ထိုယဇ်ပူဇော်နည်း သည်တစ်မျိုးလုံး၏အပြစ်ပြေစေရန်အတွက် ဖြစ်သတည်း။ အခန်းကိုကြည့်ပါ။Garrad Bible21 နွား ကောင် ကို တပ် စား ခန်း ပြင် သို့ ဆောင် သွား ပြီး လျှင် အ စည်း အ ဝေး အ ဖို့ အ ပြစ် ဖြေ ရာ သ က္ကာ ဖြစ် သည် နှင့် အ ညီ အ ထက် နွား ကဲ့ သို့ ကျွမ်း လောင် စေ ရ မည်။ အခန်းကိုကြည့်ပါ။Judson Bible21 ထိုနောက်မှ နွားကိုတပ်ပြင်သို့ဆောင်သွား၍၊ အရင်နွားကို မီးရှို့သကဲ့သို့ ရှို့ရမည်။ ပရိသတ်အဖို့ အပြစ်ဖြေရာယဇ်ဖြစ်သတည်း။ အခန်းကိုကြည့်ပါ။ |
ဖမ်းခေါ်သွားခြင်းခံရသောသုံ့ပန်းတို့သည် ပြန်လာ၍ အစ္စရေးလူမျိုးတို့၏ဘုရားသခင်ထံ မီးရှို့ရာယဇ်ကို ပူဇော်ကြ၏။ အစ္စရေးတစ်မျိုးသားလုံးအတွက် နွားထီး တစ်ဆယ့်နှစ်ကောင်၊ သိုးထီး ကိုးဆယ့်ခြောက်ကောင်၊ သိုးသငယ် ခုနစ်ဆယ့်ခုနစ်ကောင်၊ အပြစ်ဖြေရာယဇ်အတွက် ဆိတ်ထီး တစ်ဆယ့်နှစ်ကောင်တို့ကို ထာဝရဘုရားထံ မီးရှို့ရာယဇ်အဖြစ်ပူဇော်ကြ၏။
အာရုန်သည် မိမိလက်နှစ်ဖက်ကို အသက်ရှင်သောဆိတ်သငယ်၏ခေါင်းပေါ်၌ တင်၍ အစ္စရေးအမျိုးသားတို့၏ဒုစရိုက်ရှိသမျှ၊ သူတို့ကျူးလွန်သောအပြစ်ရှိသမျှတို့ကို ဖော်ပြဝန်ခံရမည်။ ထိုအပြစ်တို့ကို ဆိတ်သငယ်၏ခေါင်းပေါ်၌တင်ထားပြီး ထိုဆိတ်သငယ်ကို တာဝန်ရှိသူမှတစ်ဆင့် တောကန္တာရထဲသို့ လွှတ်လိုက်ရမည်။
လူမမြင်ကွယ်ရာတွင် မရည်ရွယ်ဘဲကျူးလွန်မိမည်ဆိုလျှင် လူထုအပေါင်းတို့သည် စီရင်ထုံးဖွဲ့ချက်နှင့်အညီ မီးရှို့ရာယဇ်အတွက် နွားအုပ်ထဲမှနွားထီးပျိုတစ်ကောင်ကို မွှေးကြိုင်သောရနံ့အဖြစ် ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာပူဇော်သက္ကာနှင့်အတူ ထာဝရဘုရားအား ပူဇော်ရမည်။ ဆိတ်ထီးကလေးတစ်ကောင်ကိုလည်း အပြစ်ဖြေရာယဇ်အဖြစ် ပူဇော်ရမည်။