နွားထီး၏အသား၊ အရေခွံ၊ မစင်တို့ကိုကား တပ်စခန်း၏အပြင်ဘက်၌ မီးရှို့ပစ်ရမည်။ ဤသည်ကား အပြစ်ဖြေရာယဇ်ဖြစ်၏။
ဝတ်ပြု 4:12 - မြန်မာ့စံမီသမ္မာကျမ်း နွားထီးကိုယ်ထည်တစ်ကိုယ်လုံးကို ပြာပုံထားရာတပ်စခန်းအပြင်ဘက်၊ သန့်ရှင်းသောနေရာသို့ယူသွား၍ ထင်းမီးပေါ်၌ ရှို့ရမည်။ ပြာပုံထားရာ နေရာတွင် ရှို့ရမည်။ Common Language Bible တပ်စခန်းအပြင်သို့ယူဆောင်၍ပြာသွန်ရာ သန့်ရှင်းသောနေရာတွင်ထင်းမီးပုံ၌မီးရှို့ ရမည်။ Garrad Bible တစ် ကောင် လုံး ကို ကား တပ် စ ခန်း ပြင်၊ ပြာ သွန် သော စင် ကြယ် ရာ အ ရပ် သို့ ဆောင် သွား လျက် မီး ထင်း ပေါ် တွင် ကျွမ်း လောင် စေ ရ မည်။ Judson Bible နွားတစ်ကောင်လုံးကို၊ တပ်ပြင်မှာ ပြာသွန်ထားရာ ရှင်းလင်းသော အရပ်သို့ယူသွား၍ ထင်းအပေါ်၌မီးရှို့ရမည်။ ပြာသွန်၍ထားရာအရပ်၌ မီးရှို့ရမည်။ |
နွားထီး၏အသား၊ အရေခွံ၊ မစင်တို့ကိုကား တပ်စခန်း၏အပြင်ဘက်၌ မီးရှို့ပစ်ရမည်။ ဤသည်ကား အပြစ်ဖြေရာယဇ်ဖြစ်၏။
အပြစ်ဖြေရာယဇ်ဖြစ်သောနွားထီးကို သန့်ရှင်းရာဌာနအပြင်ဘက် အိမ်တော်၏သတ်မှတ်ထားသောနေရာတွင် မီးရှို့ရမည်။
သူ၌ အနာစွဲနေသည့်ကာလပတ်လုံး သူသည် မစင်ကြယ်။ မစင်ကြယ်သဖြင့် သူတစ်ယောက်တည်းနေရမည်။ သူ၏နေရာသည် တပ်စခန်းအပြင်ဘက် ဖြစ်ရမည်။
သန့်ရှင်းရာဌာနထဲ၌ အပြစ်ဖြေလွှတ်ခြင်းကိုပြုရန် အသွေးယူဆောင်သွားခြင်းခံရသည့် အပြစ်ဖြေရာယဇ်ဖြစ်သောနွားထီးနှင့် အပြစ်ဖြေရာယဇ်ဖြစ်သောဆိတ်သငယ်ကို တပ်စခန်း၏အပြင်ဘက်သို့ ယူဆောင်သွား၍ ၎င်းတို့၏အရေခွံ၊ အသား၊ မစင်တို့ကို မီးရှို့ပစ်ရမည်။
ထိုနွားထီးကို တပ်စခန်း၏အပြင်ဘက်သို့ ယူသွား၍ ပထမနွားထီးကိုရှို့သည့်အတိုင်း ရှို့ရမည်။ ဤသည်ကား လူအစုအဝေးအတွက်အပြစ်ဖြေရာယဇ်ဖြစ်၏။
ယဇ်ပုရောဟိတ်ပူဇော်သမျှသော ဘောဇဉ်ပူဇော်သက္ကာသည် အကုန်အစင်လောင်ကျွမ်းရမည်။ ၎င်းကိုမစားရ”ဟု မိန့်တော်မူ၏။
မည်သည့်အပြစ်ဖြေရာယဇ်ကောင်မဆို ၎င်း၏သွေးကို သန့်ရှင်းရာဌာန၌ အပြစ်ဖြေလွှတ်ခြင်းပြုရန် တွေ့ဆုံစည်းဝေးရာတဲတော်တွင်းသို့ ယူဆောင်လာလျှင် ထိုယဇ်ကောင်၏အသားကို မစားရ။ မီးရှို့ပစ်ရမည်။
သူသည် အပြစ်ပြု၍ အပြစ်သက်ရောက်သောကြောင့် လုယူထားသောပစ္စည်းကိုဖြစ်စေ၊ အနိုင်အထက်ပြုခြင်းဖြင့်ရယူထားသောပစ္စည်းကိုဖြစ်စေ၊ ယုံကြည်၍အပ်နှံထားသောပစ္စည်းကိုဖြစ်စေ၊ တွေ့ထားသည့်ပစ္စည်းကိုဖြစ်စေ ပြန်ပေးရမည်။
ထိုနွားနှင့်အတူ အရေခွံ၊ အသား၊ မစင်တို့ကိုကား တပ်စခန်း၏အပြင်ဘက်၌ မီးရှို့ပစ်၏။
ထိုအခါ ထာဝရဘုရားက မောရှေအား “ထိုသူသည် မုချအသတ်ခံရမည်။ လူထုအပေါင်းတို့သည် ထိုသူကို တပ်စခန်း၏အပြင်ဘက်၌ ခဲနှင့်ပေါက်သတ်ရမည်”ဟု မိန့်တော်မူ၏။
ထိုနွားမတမ်းကို ယဇ်ပုရောဟိတ်ဧလာဇာအား ပေးရမည်။ သူသည် ထိုနွားမတမ်းကို တပ်စခန်းအပြင်ဘက်သို့ ထုတ်သွား၍ သူ့ရှေ့၌ သတ်စေရမည်။
ထိုနွားမတမ်းကို သူ့ရှေ့၌ ရှို့စေရမည်။ အရေခွံ၊ အသား၊ သွေးတို့ကို မစင်နှင့်တကွ ရှို့ပစ်ရမည်။
သူတို့နှင့်အတူ ငါကိန်းဝပ်ရာ သူတို့၏တပ်စခန်းကို မညစ်ညူးစေမည့်အကြောင်း ထိုသို့သောသူ ယောက်ျား၊ မိန်းမဟူသမျှကို တပ်စခန်းအပြင်သို့ ထွက်သွားစေရမည်”ဟု မိန့်တော်မူ၏။
အကြောင်းမူကား ယဇ်ပုရောဟိတ်မင်းသည် ယဇ်ကောင်တို့၏သွေးကို အပြစ်ဖြေရာယဇ်အဖြစ် သန့်ရှင်းရာဌာနထဲသို့ ယူဆောင်သွားသော်လည်း ယဇ်ကောင်တို့၏ကိုယ်မူကား စခန်းအပြင်၌မီးရှို့ရ၏။