တောလည် 15:35 - မြန်မာ့စံမီသမ္မာကျမ်း35 ထိုအခါ ထာဝရဘုရားက မောရှေအား “ထိုသူသည် မုချအသတ်ခံရမည်။ လူထုအပေါင်းတို့သည် ထိုသူကို တပ်စခန်း၏အပြင်ဘက်၌ ခဲနှင့်ပေါက်သတ်ရမည်”ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Common Language Bible35 ထာဝရဘုရားကမောရှေအား``ထိုသူ အားသေဒဏ်စီရင်ရမည်။ ဣသရေလအမျိုး သားအပေါင်းတို့သည်စခန်းအပြင်၌သူ့ ကိုကျောက်ခဲနှင့်ပစ်၍သတ်ရမည်'' ဟု မိန့်တော်မူ၏။- အခန်းကိုကြည့်ပါ။Garrad Bible35 မော ရှေ အား ထာ ဝ ရ ဘု ရား က၊ ထို သူ သည် တပ် စ ခန်း ပြင် အ ပေါင်း ပ ရိ သတ်၏ ခဲ ပစ် သတ် ဒဏ် ကို မု ချ ခံ စေ ဟု မိန့် မှာ တော် မူ သည့် အ တိုင်း၊ အခန်းကိုကြည့်ပါ။Judson Bible35 ထာဝရဘုရားကလည်း၊ ထိုသူသည် အသေသတ်ခြင်းကို အမှန်ခံရမည်။ ပရိသတ်အပေါင်းတို့သည် တပ်ပြင်မှာ သူ့ကိုကျောက်ခဲနှင့် ပစ်ရကြမည်ဟု မောရှေအားမိန့်တော်မူ၍၊ အခန်းကိုကြည့်ပါ။ |