ထို့နောက် ယေဟုက “ဗာလဘုရားအဖို့ ဓမ္မစည်းဝေးပွဲကို ပြင်ဆင်ကြလော့”ဟု အမိန့်ပေးသည့်အတိုင်း ထုတ်ပြန်ကြေညာကြလေ၏။
ဝတ်ပြု 23:2 - မြန်မာ့စံမီသမ္မာကျမ်း “အစ္စရေးအမျိုးသားတို့ကို ဆင့်ဆိုလော့။ သင်တို့ကြေညာရမည့် သန့်ရှင်းသောဓမ္မစည်းဝေးခြင်းတည်းဟူသော ထာဝရဘုရားသတ်မှတ်ထားသောဓမ္မပွဲတော်များကား ဤသို့ဖြစ်၏။ ဤပွဲတော်များသည် ငါသတ်မှတ်ထားသောပွဲတော်များဖြစ်၏။ Garrad Bible ငါ ထာ ဝ ရ ဘု ရား ချိန်း ချက် သည့် အ လျောက် သင် တို့ ကြော် ငြာ ရ သော ဓမ္မ အ စည်း အ ဝေး များ ၏ အ ခါ သ မ ယ တော် များ ကား၊ ဤ သို့ တည်း ဟု ဣ သ ရေ လ အ မျိုး သား တို့ အား ဆင့် ဆို လော့။ Judson Bible သင်တို့သည် စီရင်ရသော ဓမ္မစည်းဝေးခြင်းတည်းဟူသော ငါထာဝရဘုရား၏ ပွဲတော်များဟူမူကား၊ |
ထို့နောက် ယေဟုက “ဗာလဘုရားအဖို့ ဓမ္မစည်းဝေးပွဲကို ပြင်ဆင်ကြလော့”ဟု အမိန့်ပေးသည့်အတိုင်း ထုတ်ပြန်ကြေညာကြလေ၏။
ဥပုသ်နေ့၊ လဆန်းနေ့၊ သတ်မှတ်ထားသောပွဲတော်နေ့များတွင် ထာဝရဘုရားထံ ပူဇော်ရမည့်မီးရှို့ရာယဇ်အားလုံးကို စီရင်ထုံးဖွဲ့ထားသောအရေအတွက်နှင့်အညီ ထာဝရဘုရားရှေ့တော်၌ ပုံမှန်ပူဇော်ရ၏။
ထို့ပြင် ရှောလမုန်မင်းကြီးသည် တိုင်ရာဘုရင်ဟုရံမင်းကြီးထံသို့ တမန်ကိုစေလွှတ်၍ “အကျွန်ုပ်၏ခမည်းတော် ဒါဝိဒ်မင်းကြီးအား သူစံမြန်းရာနန်းတော်ကိုဆောက်လုပ်ရန်အတွက် သစ်ကတိုးသားများကို အရှင်မင်းကြီးပို့ပေးခဲ့သည့်နည်းတူ အကျွန်ုပ်ထံသို့လည်း ပို့ပေးပါလော့။
ထို့ကြောင့် အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားအဖို့ ပသခါပွဲတော်ကို ဂျေရုဆလင်မြို့တွင် ကျင်းပမည်ကို လာကြပါမည့်အကြောင်း စာထုတ်ပြန်ပြီး ဗေရရှေဘမြို့မှ ဒန်မြို့တိုင်အောင် အစ္စရေးပြည်တစ်ပြည်လုံးသို့ လူလွှတ်ကြေညာစေ၏။ အကြောင်းမှာ ပညတ္တိကျမ်း၌ရေးထားသည့်အတိုင်း ပသခါပွဲကို လူအများနှင့်မကျင်းပဖူးသောကြောင့် ဖြစ်၏။
ပုံမှန်မီးရှို့ရာယဇ်ကိုလည်း ပူဇော်ကြ၏။ ထို့ပြင် လဆန်းနေ့များ၊ ထာဝရဘုရားသတ်မှတ်ထားသောပွဲတော်နေ့များဆိုင်ရာ ပူဇော်သက္ကာများနှင့် ထာဝရဘုရားအား စေတနာအလျောက် အသီးသီးပေးလှူသောပူဇော်သက္ကာများကိုလည်း ပူဇော်ကြ၏။
ထိုအမှုကို အာရုန်တွေ့မြင်သောအခါ နွားသငယ်ရုပ်တုရှေ့၌ ယဇ်ပလ္လင်ကိုတည်လေ၏။ ထို့နောက် အာရုန်က “မနက်ဖြန်၌ ထာဝရဘုရားအဖို့ ပွဲတော်ရှိ၏”ဟု ကြေညာလေ၏။
ငါတို့ပွဲတော်မြို့ဖြစ်သည့် ဇိအုန်မြို့ကိုကြည့်ရှုလော့။ အပြောင်းအရွှေ့မရှိသောတဲဖြစ်သည့် ငြိမ်းအေးရာဂျေရုဆလင်မြို့ကို သင်သည် ကိုယ့်မျက်စိနှင့် မြင်ရလိမ့်မည်။ ထိုတဲ၏တိုင်များသည် မည်သည့်အခါမျှ ဆွဲနုတ်ခြင်းခံရမည်မဟုတ်။ ကြိုးများသည်လည်း တစ်ချောင်းမျှဖြတ်တောက်ခြင်းခံရမည်မဟုတ်။
ပွဲတော်သို့လာသောသူမရှိတော့ပြီဖြစ်၍ ဇိအုန်မြို့လမ်းတို့ ငိုကြွေးမြည်တမ်းကြလေပြီ။ မြို့တံခါးအားလုံး ဆိတ်ညံလေပြီ။ ယဇ်ပုရောဟိတ်တို့လည်း ညည်းတွားကြလေပြီ။ အပျိုကညာတို့လည်း ဝမ်းနည်းကြေကွဲလျက် ခါးသီးစွာခံစားနေကြရလေပြီ။
အမှုအခင်းဖြစ်၍ တရားစီရင်မည်ဆိုလျှင် ငါ့စီရင်ထုံးဖွဲ့ချက်အတိုင်း စီရင်ရမည်။ ငါသတ်မှတ်ထားသောပွဲတော်ဆိုင်ရာ ငါ့ပညတ်ချက်၊ ငါ့ပြဋ္ဌာန်းချက်တို့ကိုလည်း ထိန်းသိမ်းရမည်။ ငါ့ဥပုသ်နေ့ကိုလည်း သန့်ရှင်းစေရမည်။
သတ်မှတ်ထားသည့်ပွဲတော်များဖြစ်သော လဆန်းနေ့ပွဲတော်၊ ဥပုသ်နေ့ပွဲတော်၊ သူကျင်းပသောပွဲအားလုံးကိုလည်း အဆုံးသတ်ပစ်မည်။
အစာရှောင်ဖို့ အသင့်ပြင်ကြလော့။ ဓမ္မစည်းဝေးပွဲကို ဆင့်ခေါ်ကြလော့။ သက်ကြီးဝါကြီးများ၊ ပြည်သူပြည်သားများအားလုံး သင်တို့ဘုရားသခင်ထာဝရဘုရား၏အိမ်တော်၌ စုရုံး၍ ထာဝရဘုရားထံ အော်ဟစ်ကြလော့။
ဇိအုန်တောင်ပေါ်တွင် တံပိုးကိုမှုတ်ကြလော့။ အစာရှောင်ရန် အသင့်ပြင်ကြလော့။ ဓမ္မစည်းဝေးပွဲကို ဆင့်ခေါ်ကြလော့။
သန့်ရှင်းသောဓမ္မစည်းဝေးခြင်းကို ပြုရမည်ဟု ထိုနေ့၌ပင် ကြေညာရမည်။ မည်သည့်အလုပ်ကိုမျှ မလုပ်ရ။ သင်တို့နေထိုင်ရာအရပ်ရပ်၌ သင်တို့၏မျိုးဆက်အစဉ်အဆက် အစဉ်အမြဲလိုက်နာရမည့် ပြဋ္ဌာန်းချက်ဖြစ်၏။
ဤသည်ကား ထာဝရဘုရားအဖို့ မီးဖြင့်ပူဇော်သောမီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော်သက္ကာ၊ ယဇ်ကောင်နှင့် သွန်းလောင်းရာပူဇော်သက္ကာတို့ကို ရက်အလိုက်ပူဇော်ရန် သင်တို့ကြေညာရမည့် သန့်ရှင်းသောဓမ္မစည်းဝေးခြင်းတည်းဟူသော ထာဝရဘုရားသတ်မှတ်ထားသောဓမ္မပွဲတော်များဖြစ်၏။
အချိန်တန်သောအခါ သင်တို့ကြေညာရမည့် သန့်ရှင်းသောဓမ္မစည်းဝေးခြင်းတည်းဟူသော ထာဝရဘုရားသတ်မှတ်ထားသောပွဲတော်များကား ဤသို့ဖြစ်၏။
မောရှေသည်လည်း ထာဝရဘုရားသတ်မှတ်ထားသောပွဲတော်များကို အစ္စရေးအမျိုးသားတို့အား ဆင့်ဆိုလေ၏။
ကြည့်ရှုလော့။ ကောင်းမြတ်သောသတင်းကို ယူဆောင်လာသူ၊ ငြိမ်သက်ခြင်းသတင်းကြားပြောသူ၏ခြေတို့ကို တောင်များပေါ်တွင် တွေ့ရ၏။ အို ယုဒ၊ ပွဲတော်များကို ကျင်းပလော့။ ကတိသစ္စာဝတ်ကို ဖြေလော့။ ဆိုးညစ်သောသူကို သုတ်သင်ပစ်ပြီဖြစ်၍ သင့်ထံ ဝင်ရောက်ကျူးကျော်နိုင်တော့မည်မဟုတ်။
သင်တို့ဝမ်းမြောက်ရာနေ့ဖြစ်သည့် သတ်မှတ်ထားသောပွဲတော်များနေ့၊ လဆန်းနေ့တို့၌ သင်တို့မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကို ပူဇော်သောအခါ တံပိုးခရာကိုမှုတ်ရမည်။ သင်တို့၏ဘုရားသခင်ရှေ့တော်၌ သင်တို့အတွက် အောက်မေ့ဖွယ်ရာဖြစ်မည်။ ငါသည် သင်တို့၏ဘုရားသခင်ထာဝရဘုရား ဖြစ်၏”ဟု မိန့်တော်မူ၏။
ဤသည်ကား သင်တို့၏ကတိသစ္စာအလျောက်၊ သင်တို့၏စေတနာအလျောက်ပူဇော်သော မီးရှို့ရာယဇ်များ၊ ဘောဇဉ်ပူဇော်သက္ကာများ၊ သွန်းလောင်းရာပူဇော်သက္ကာများနှင့် မိတ်သဟာယယဇ်များအပြင် သတ်မှတ်ထားသောပွဲတော်၌ ထာဝရဘုရားအဖို့ ပူဇော်ရသော ပူဇော်သက္ကာများဖြစ်၏’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။
ထို့နောက် ဂျူးလူမျိုးတို့၏ပွဲတော်ရှိသဖြင့် ယေရှုသည် ဂျေရုဆလင်မြို့သို့တက်သွားတော်မူ၏။
ငါသည် သင်တို့နှင့် လောဒိကိမြို့တွင်ရှိသောသူတို့မှစ၍ ငါ့ကို လူချင်းမမြင်ဖူးသောသူတို့အတွက် မည်မျှလောက်ရုန်းကန်ကြိုးစားနေသည်ကို သင်တို့အား သိစေလိုပါ၏။
ထို့ကြောင့် အစားအသောက်နှင့်ပတ်သက်၍ဖြစ်စေ၊ ပွဲနေ့၊ လဆန်းနေ့၊ သို့မဟုတ် ဥပုသ်နေ့တို့နှင့်ပတ်သက်၍ဖြစ်စေ မည်သူမျှ သင်တို့ကိုမစီရင်စေနှင့်။