ဝတ်ပြု 23:1 - မြန်မာ့စံမီသမ္မာကျမ်း1 တစ်ဖန် ထာဝရဘုရားက မောရှေအား အခန်းကိုကြည့်ပါ။Common Language Bible1-2 ထာဝရဘုရားသည် ဣသရေလအမျိုး သားတို့စုဝေးဝတ်ပြုသည့်ပွဲတော်များနှင့် ဆိုင်သည့်ပြဋ္ဌာန်းချက်များကိုမောရှေအား ဖြင့် အောက်ပါအတိုင်းချမှတ်ပေးတော်မူ၏။- အခန်းကိုကြည့်ပါ။Garrad Bible1 တစ် ဖန် မော ရှေ အား ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် မှာ၊ အခန်းကိုကြည့်ပါ။Judson Bible1 တစ်ဖန်မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ အခန်းကိုကြည့်ပါ။ |
မင်းသားသည် ပွဲတော်နေ့၊ လဆန်းနေ့၊ ဥပုသ်နေ့မှစ၍ အစ္စရေးအမျိုးသားတို့ တွေ့ဆုံစည်းဝေးရာအချိန်တို့တွင် မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာပူဇော်သက္ကာ စသည်တို့ကို ဆက်သရန်တာဝန်ရှိသည်။ အစ္စရေးအမျိုးသားတို့ အပြစ်ဖြေလွှတ်ခြင်းအတွက် အပြစ်ဖြေရာယဇ်၊ ဘောဇဉ်ပူဇော်သက္ကာ၊ မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကို ဆက်သရမည်။
အစ္စရေးလူမျိုးတို့ အစဉ်အမြဲပြုရန် ပြဋ္ဌာန်းထားသည်နှင့်အညီ အကျွန်ုပ်သည် ဘုရားသခင်ထာဝရဘုရားရှေ့တော်၌ အမွှေးနံ့သာကို မီးရှို့ပူဇော်ရန်အတွက်၊ ရှေ့တော်မုန့်ကိုလည်း ပုံမှန်တင်လှူပူဇော်ရန်နှင့် နံနက်ချိန်၊ နေဝင်ချိန်၊ ဥပုသ်နေ့များ၊ လဆန်းနေ့များ၊ အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားသတ်မှတ်ထားသောပွဲတော်နေ့များတွင် မီးရှို့ရာယဇ်ကို ပူဇော်ရန်အတွက် အကျွန်ုပ်၏ဘုရားသခင်ထာဝရဘုရား၏နာမတော်တည်ရာအိမ်တော်ကို ဆောက်လုပ်ဆက်ကပ်မည်။
ပွဲတော်အချိန်၊ တွေ့ဆုံစည်းဝေးရသောအချိန်တို့တွင် ဘောဇဉ်ပူဇော်သက္ကာအဖြစ် နွားထီးတစ်ကောင်အတွက် အကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၊ သိုးထီးတစ်ကောင်အတွက် အကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၊ သိုးသငယ်များအတွက် အကောင်းဆုံးဂျုံမှုန့်တတ်နိုင်သလောက်၊ ဂျုံမှုန့်တစ်ဧဖာစီအတွက် ဆီတစ်ဟိန်စီ စီစဉ်ပေးရမည်။