Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဝတ်​ပြု 23:37 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

37 ဤသည်ကား ထာဝရဘုရား​အဖို့ မီး​ဖြင့်​ပူဇော်​သော​မီးရှို့ရာယဇ်​၊ ဘောဇဉ်ပူဇော်သက္ကာ​၊ ယဇ်ကောင်​နှင့် သွန်းလောင်းရာပူဇော်သက္ကာ​တို့​ကို ရက်​အလိုက်​ပူဇော်​ရန် သင်​တို့​ကြေညာ​ရ​မည့် သန့်ရှင်း​သော​ဓမ္မစည်းဝေး​ခြင်း​တည်းဟူသော ထာဝရဘုရား​သတ်မှတ်​ထား​သော​ဓမ္မပွဲတော်​များ​ဖြစ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

37 (ဤ​ဘာ​သာ​ရေး​ပွဲ​တော်​များ​တွင် ထာ​ဝ​ရ ဘု​ရား​၏​ဂုဏ်​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ရန် သင်​တို့​သည်​စု​ဝေး​ဝတ်​ပြု​ကိုး​ကွယ်​ခြင်း နှင့်​မီး​ရှို့​ရာ​ပူ​ဇော်​သ​ကာ၊ ဘော​ဇဉ်​ပူ​ဇော် သ​ကာ၊ ယဇ်​ပူ​ဇော်​ခြင်း​စ​ပျစ်​ရည်​ပူ​ဇော် သ​ကာ​များ​ကို​သတ်​မှတ်​သော​နေ့​ရက်​အ​လိုက် ပူ​ဇော်​ခြင်း​ကို​ပြု​လုပ်​ရ​ကြ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

37-38 ထာ ဝ ရ ဘု ရား ထံ သ စ္စာ ဝတ် အ လျောက် စေ တ နာ အ လျောက် အ လှူ မှ စ သော ဒါ န အ မျိုး မျိုး ကို လှူ ဒါန်း သော အ ချိန် များ နှင့် ထာ ဝ ရ ဘု ရား၏ ဥ ပုသ် နေ့ များ ပြင် မီး ပူ ဇော် ရာ တည်း ဟူ သော မီး ရှို့ ရာ သ က္ကာ၊ ဘော ဇဉ် သ က္ကာ၊ မိတ် သ ဟာ ယ သ က္ကာ၊ သွန်း လောင်း ရာ သ က္ကာ များ ကို ဆိုင် ရာ ဆိုင် ရာ နေ့၌ ထာ ဝ ရ ဘု ရား ထံ ဆက် ကပ် ရန် ထာ ဝ ရ ဘု ရား ချိန်း ချက် တော် မူ သည့် အ လျောက် သင် တို့ ကြော် ငြာ ရ သော ဓ မ္မ အ စည်း အ ဝေး များ ကား ထို သို့ ပင် တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

37-38 ဤ​ရွေ့​ကား၊ ထာ​ဝ​ရ​ဘု​ရား၏​ဥ​ပုသ်​နေ့၊ ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ကပ်​ရ​သော အ​လှူ​ဒါ​န၊ သ​စ္စာ​က​တိ​နှင့်​ဆိုင်​သော​ပူ​ဇော်​သ​ကာ၊ အ​လို​လို​ပြု​သော​ပူ​ဇော်​သ​ကာ​မှ​တစ်​ပါး၊ နေ့​ရက်​အ​သီး​အ​သီး​တို့၌ ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ပြု​သော​ပူ​ဇော်​သ​ကာ၊ မီး​ရှို့​ရာ​ယဇ်၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ ယဇ်​ပူ​ဇော်​ခြင်း၊ သွန်း​လောင်း​ရာ​ပူ​ဇော်​သ​ကာ​ကို ပြု​စေ​ခြင်း​ငှာ စီ​ရင်​ရ​သော​ဓ​မ္မ​စည်း​ဝေး​ခြင်း၊ ထာ​ဝ​ရ​ဘု​ရား၏​ပွဲ​တော်​များ ဖြစ်​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဝတ်​ပြု 23:37
6 ပူးပေါင်းရင်းမြစ်များ  

ခပ်သိမ်း​သော​အရာ​အတွက် သတ်မှတ်​ထား​သော​အချိန်အခါ​ရှိ​၍ ကောင်းကင်​အောက်​ရှိ ခပ်သိမ်း​သော​အကြောင်းကိစ္စ​အတွက် သူ့​အချိန်​ရှိ​၏​။


“​အစ္စရေး​အမျိုးသား​တို့​ကို ဆင့်ဆို​လော့​။ သင်​တို့​ကြေညာ​ရ​မည့် သန့်ရှင်း​သော​ဓမ္မစည်းဝေး​ခြင်း​တည်းဟူသော ထာဝရဘုရား​သတ်မှတ်​ထား​သော​ဓမ္မပွဲတော်​များ​ကား ဤသို့​ဖြစ်​၏​။ ဤ​ပွဲတော်​များ​သည် ငါ​သတ်မှတ်​ထား​သော​ပွဲတော်​များ​ဖြစ်​၏​။


ထာဝရဘုရား​၏​ဥပုသ်နေ့​ကို​စောင့်ထိန်း​သည်​သာမက​၊ သင်​တို့​၏​ပူဇော်သက္ကာ​များ​၊ သင်​တို့​၏​ကတိသစ္စာ​အလျောက်​ပူဇော်​သော​အရာ​အားလုံး​၊ သင်​တို့​၏​စေတနာ​အလျောက်​ပူဇော်​သော​အရာ​အားလုံး​တို့​ကို ထာဝရဘုရား​အား ပူဇော်​ရ​မည်​။


အချိန်တန်​သောအခါ သင်​တို့​ကြေညာ​ရ​မည့် သန့်ရှင်း​သော​ဓမ္မစည်းဝေး​ခြင်း​တည်းဟူသော ထာဝရဘုရား​သတ်မှတ်​ထား​သော​ပွဲတော်​များ​ကား ဤသို့​ဖြစ်​၏​။


မောရှေ​သည်​လည်း ထာဝရဘုရား​သတ်မှတ်​ထား​သော​ပွဲတော်​များ​ကို အစ္စရေး​အမျိုးသား​တို့​အား ဆင့်ဆို​လေ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ