အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




လုကာ 12:19 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ငါ​၏​ဝိညာဉ်​ကို​လည်း အချင်း​ဝိညာဉ်၊ ကောင်း​သော​အရာ​အမြောက်အမြား​တို့​ကို နှစ်​ပေါင်း​များစွာ​အတွက် သိုမှီး​ထား​လျက်​ရှိ​ပြီ။ အနားယူ​လော့။ စား​သောက်​ပျော်မွေ့​လော့​ဟူ၍ ငါ​ပြော​မည်’​ဟု ဆို​လေ​၏။

အခန်းကိုကြည့်ပါ။

Common Language Bible

ထို​နောက်`သင်​သည်​နှစ်​ပေါင်း​များ​စွာ​သုံး​ဆောင် ရန်​ဥစ္စာ​ပစ္စည်း​များ​ကို​သို​မှီး​ထား​ပြီး​ဖြစ်​၍ စိတ်​ချမ်း​သာ​စွာ​နေ​လော့။ စား​သောက်​ပျော်​ပါး စွာ​နေ​လော့' ဟု​ငါ့​ကိုယ်​ကို​ငါ​ပြော​မည်​ဟု ဆို​၏။-

အခန်းကိုကြည့်ပါ။

Garrad Bible

အ ချင်း ဝိ ညာဉ်၊ နှစ် များ စွာ အ ဖို့ သင့် ဝမ်း စာ အ သီး အ နှံ အ များ သွင်း ထား ပြီ။ သာ ယာ စွာ နေ၍ စား သောက် ပျော် မွေ့ လော့ ဟု ကိုယ့် ဝိ ညာဉ် အား ဆို မည် ဟူ၍ ပြ ဌာန်း သော်၊

အခန်းကိုကြည့်ပါ။

Judson Bible

ငါ့​ဝိ​ညာဉ်​အား​လည်း၊ အ​ချင်း​ဝိ​ညာဉ်၊ သင်​သည် နှစ်​ပေါင်း​များ​စွာ​သုံး​ဆောင်​ရန် ဥ​စ္စာ​များ​ကို သို​ထား​လျက်​ရှိ​ပြီ။ ငြိမ်​ဝပ်​စွာ​နေ​လော့။ စား​သောက်​ခြင်း၊ ပျော်​မွေ့​ခြင်း​ကို ပြု​လော့။ ငါ​ပြော​မည်​ဟု သူ​ဌေး​အ​ကြံ​ရှိ၏။-

အခန်းကိုကြည့်ပါ။

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

ငါ့​ကိုယ်​ငါ​လည်း “အို မိတ်ဆွေ… သင့်​ထံ​၌ နှစ်ပေါင်းများ​စွာ​ဇိမ်ခံ​ရန် ပစ္စည်းဥစ္စာများ အလျှံပယ်​ရှိပြီ​ဖြစ်၍ အပန်းဖြေ​လျက် စားသောက်​လျက် ပျော်မြူးပါလော့” ဟူ၍​ပြောမည်’ ဟု ဆိုလေ၏။

အခန်းကိုကြည့်ပါ။

မြန်မာ

ငါ့​ဝိ​ညာဉ်​အား​လည်း၊ အ​ချင်း​ဝိ​ညာဉ်၊ သင်​သည် နှစ်​ပေါင်း​များ​စွာ​သုံး​ဆောင်​ရန် ဥ​စ္စာ​များ​ကို သို​ထား​လျက်​ရှိ​ပြီ။ ငြိမ်​ဝပ်​စွာ​နေ​လော့။ စား​သောက်​ခြင်း၊ ပျော်​မွေ့​ခြင်း​ကို ပြု​လော့။ ငါ​ပြော​မည်​ဟု သူ​ဌေး​အ​ကြံ​ရှိ၏။-

အခန်းကိုကြည့်ပါ။



လုကာ 12:19
39 ပူးပေါင်းရင်းမြစ်များ  

မိန်းမ​မှ​မွေး​လာ​သော​လူ​သည် အသက်တာ​တိုတောင်း​၍ ဆင်းရဲဒုက္ခ​များ​နှင့် ပြည့်နှက်​နေ​ပါ​၏​။


သူ​သည် အသက်ရှင်​နေစဉ် မိမိကိုယ်ကို​ကောင်းချီးပေး​တတ်​၏​။ သင်​သည် မိမိ​အတွက် ကောင်း​သော​အမှု​ကို​ပြု​သည့်အခါ​လည်း လူ​တို့​သည် သင့်​ကို​ချီးမွမ်း​တတ်​ကြ​၏​။


ဖိနှိပ်ချုပ်ချယ်မှု​ကို ယုံကြည်ကိုးစား​ခြင်း​မ​ပြု​ကြ​နှင့်​။ လုယက်မှု​အပေါ်​၌​လည်း အချည်းနှီး​မ​မျှော်လင့်​ကြ​နှင့်​။ ဥစ္စာပစ္စည်း​တိုးပွား​လျှင်လည်း ထို​အရာ​တို့​ကို စိတ်​စွဲလမ်း​ခြင်း​မ​ရှိ​ကြ​နှင့်​။


မတရား​သဖြင့်​ရ​သော​ဥစ္စာဘဏ္ဍာ​သည် အကျိုး​မ​ရှိ​။ ဖြောင့်မတ်​ခြင်း​မူကား သေ​ခြင်း​မှ​လွတ်မြောက်​စေ​တတ်​၏​။


ပညာရှိ​သော​သူ​တို့​၏​သရဖူ​သည် သူ​တို့​၏​ဓနဥစ္စာ​ဖြစ်​၏​။ မိုက်မဲ​သော​သူ​တို့​၏​မိုက်မဲ​ခြင်း​မူကား မိုက်မဲမှု​ဖြစ်​၏​။


ချမ်းသာ​သော​သူ​၏​စည်းစိမ်ဥစ္စာ​သည် သူ​၏​ခိုင်ခံ့​သော​မြို့​ဖြစ်​၏​။ ၎င်း​ကို မြင့်မား​သော​တံတိုင်း​နှင့်​တူ​သည်​ဟု သူ​ထင်မှတ်​တတ်​၏​။


ထို​ချမ်းသာကြွယ်ဝမှု​ကို သင်​၏​မျက်စိ​ဖြင့် ဝေ့ကြည့်​လိုက်​သောအခါ ၎င်း​သည် ရှိ​တော့​မည်​မ​ဟုတ်​။ အကြောင်းမူကား ၎င်း​သည် ရုတ်တရက်​အတောင်​ပေါက်​၍ လင်းယုန်​ကဲ့သို့ ကောင်းကင်​သို့​ပျံသန်း​သွား​လိမ့်မည်​။


မနက်ဖြန်​အတွက် မ​ဝါကြွား​နှင့်​။ အကြောင်းမူကား တစ်ရက်​အတွင်း မည်သို့​ဖြစ်​မည်​ကို သင်​မ​သိ​။


အချင်း​လူပျို​၊ သင်​ပျိုရွယ်​စဉ်တွင် ဝမ်းမြောက်​လော့​။ သင်​၏​အသက် ပျိုရွယ်​သော​နေ့ရက်​များ​၌​လည်း သင်​၏​စိတ်နှလုံး​သည် ရွှင်လန်း​ပါစေ​။ သင့်​စိတ်နှလုံး​အလိုရှိ​ရာ​လမ်း​များ​နောက်​သို့​လည်းကောင်း​၊ သင့်​မျက်စိ​ပသာဒ​နောက်​သို့​လည်းကောင်း လိုက်​လော့​။ သို့ရာတွင် ထို​အရာ​အားလုံး​အတွက် ဘုရားသခင်​သည် သင့်​ကို​တရားသဖြင့်​စီရင်​တော်မူ​မည်​ဖြစ်ကြောင်း သိမှတ်​လော့​။


လူ​သည် စား​လျက်​၊ သောက်​လျက်​၊ မိမိ​၏​ကြိုးပမ်းအားထုတ်မှု​အပေါ် စိတ်​ကျေနပ်အားရ​လျက်​နေ​ခြင်း​မှတစ်ပါး သူ့​အတွက်​အခြား​ကောင်း​သော​အရာ​မ​ရှိ​။ ထို​အရာ​သည်​လည်း ဘုရားသခင်​၏​လက်​တော်​မှ​လာ​သည်​ကို ငါ​တွေ့မြင်​၏​။


“​ငါ​တို့​သည် မနက်ဖြန်​သေ​ရ​မည်​ဖြစ်၍ စား​ကြ​သောက်​ကြ​ကုန်စို့​”​ဟု ဆို​လျက် သိုး​နွား​တို့​ကို​သတ်​၍ အသား​စား​ကြ​၏​။ စပျစ်ဝိုင်​သောက်​လျက် ရွှင်မြူး​ဝမ်းမြောက်​ကြ​၏​။


နံနက်​စောစောထ​၍ သေရည်သေရက်​နောက်လိုက်​သော​သူ​၊ ညဥ့်နက်​သည်​အထိ စပျစ်ဝိုင်​နှင့်​ယစ်မူး​သော​သူ​တို့​သည် အမင်္ဂလာ​ရှိ​ကြ​၏​။


နေရာလပ်​မ​ရှိ​တော့​သည်​အထိ အိမ်​တစ်​အိမ်​နှင့်​တစ်​အိမ်​ကပ်နေအောင်​၊ လယ်​တစ်​ကွက်​နှင့်​တစ်​ကွက်​ဆက်နေအောင် ပြု​သော​သူ​တို့​သည် အမင်္ဂလာ​ရှိ​ကြ​၏​။ ထို​မြေ​အလယ်​၌ သင်တစ်ဦးတည်း နေထိုင်​ရ​လိမ့်မည်​။


“​လာ​ကြ​။ စပျစ်ဝိုင်​ကို ငါ​ယူ​ခဲ့​မည်​။ သေရည်သေရက်​ကို အဝသောက်​ကြ​စို့​။ မနက်ဖြန်​သည်​လည်း ယနေ့​ကဲ့သို့ပင်​ဖြစ်​လိမ့်မည်​။ ထိုထက် ကောင်း​လျှင်​လည်း ကောင်း​ဦး​မည်​”​ဟု ဆို​တတ်​ကြ​၏​။


ဧဖရိမ်​က ‘ငါ​ကိုယ်တိုင် ဥစ္စာဓန​ကို ရှာတွေ့​၍ ချမ်းသာကြွယ်ဝ​ပြီ​။ ထို​ဥစ္စာဓန​တို့​ကို ဒုစရိုက်​ပြု​ခြင်း​ဖြင့် ရရှိ​သည်​ဟု မည်သူ​မျှ ငါ့​ကို​အပြစ်​ဆိုစရာ​အကြောင်း​မ​ရှိ’​ဟု ဆို​၏​။


“​ငါ​တို့​အင်အား​ဖြင့် ကာနိမ်​မြို့​ကို ငါ​တို့​သိမ်းယူ​နိုင်​ပြီ​”​ဟု ဆို​လျက် လောဒေဗာ​မြို့​တွင် သင်​တို့​ဝမ်းမြောက်​ကြ​၏​။


ထို့ကြောင့် သူ​တို့​သည် မိမိ​တို့​ကွန်​များ​ထံ ယဇ်ပူဇော်​၍ မိမိ​တို့​ပိုက်​များ​ထံ နံ့သာပေါင်း​ကို ပူဇော်​ကြ​၏​။ အကြောင်းမှာ ထို​အရာ​များ​အားဖြင့် သူ​တို့​၏​ဥစ္စာ​ပြည့်စုံကြွယ်ဝ​ကြ​ပြီး စားစရာ​လည်း ပေါများ​၏​။


ထို့နောက် သူ​က ‘ငါ​ဤသို့​ပြု​မည်။ ငါ့​ကျီ​များ​ကို​ဖျက်​၍ ပိုမို​ကြီးမား​သော​ကျီ​များ​ကို​ဆောက်​ပြီးလျှင် ငါ​၏​ဂျုံဆန်​နှင့်​ကောင်း​သော​အရာ​ရှိသမျှ​တို့​ကို ထို​နေရာ​တွင် စုသိမ်း​ထား​မည်။


တစ်ခါက ခရမ်းရောင်​ဝတ်ရုံ​နှင့် ပိတ်ချော​ထည်​များ​ကို​ဝတ်ဆင်​ကာ နေ့စဉ် စည်းစိမ်​ခံစား​လျက် ပျော်မွေ့​နေ​သည့် သူဌေး​တစ်​ဦး​ရှိ​၏။


သင်​တို့​သည် ကိုယ့်ကိုယ်ကိုယ်​သတိထား​ကြ​လော့။ သို့မဟုတ်လျှင် အပျော်ကြူး​ခြင်း၊ သောက်စား​မူးယစ်​ခြင်း​နှင့် အသက်ရှင်​ရေး​အတွက် စိုးရိမ်​ပူပန်​ခြင်း​တို့​ကြောင့် သင်​တို့​စိတ်နှလုံး​လေးလံ​ထိုင်းမှိုင်း​နေ​ကြ​စဉ် ထို​နေ့ရက်​သည် ကျော့ကွင်း​ကဲ့သို့ သင်​တို့​အပေါ်သို့ ရုတ်တရက်​ကျရောက်​လာ​လိမ့်မည်။


ငါ​သည် လူ့​သဘော​ဖြင့် ဧဖက်​မြို့​၌ သားရဲ​တို့​နှင့်​တိုက်ခိုက်​ခဲ့​သည်​ဆိုလျှင် ငါ့​အတွက် မည်သည့်​အကျိုး​ရှိ​မည်နည်း။ သေလွန်​သော​သူ​တို့​သည် ထမြောက်​ခြင်း​မ​ရှိ​လျှင် ငါ​တို့​သည် မနက်ဖြန်​သေ​ကြ​ရ​မည်​ဖြစ်၍ စား​လျက်​သောက်​လျက်​နေ​ကြ​ကုန်စို့။


ထို​သူ​တို့​၏​နိဂုံး​သည် ပျက်စီး​ခြင်း​ဖြစ်​၏။ သူ​တို့​၏​ဘုရား​သည် သူ​တို့​၏​ဝမ်းဗိုက်​ဖြစ်​၍ သူ​တို့​သည် မိမိ​တို့​၏​ရှက်ဖွယ်ရာ​၌ ဂုဏ်ယူ​ဝါကြွား​ကြ​၏။ သူ​တို့​စွဲလမ်း​သော​အရာ​သည် လောက​နှင့်ဆိုင်သော​အရာ​များ​ပင်​ဖြစ်​ကြ​၏။


အပျော်အပါး​လိုက်စား​သော​မုဆိုးမ​မူကား အသက်ရှင်​လျက်​ပင် သေဆုံး​လေ​ပြီ။


ဤ​လောက​၌ ချမ်းသာ​သော​သူ​တို့​သည် စိတ်နေမြင့်​ခြင်း၊ မ​မြဲ​သော​စည်းစိမ်​များ​အပေါ်၌ မျှော်လင့်​အားထား​ခြင်း​မ​ရှိ​ဘဲ ပျော်ရွှင်​မှု​အတွက် အလုံးစုံ​တို့​ကို ငါ​တို့​အား ကြွယ်ဝ​စွာ​ပေး​သနား​တော်မူ​သော ဘုရားသခင်​အပေါ်၌ မျှော်လင့်​အားထား​ကြ​ရန်​လည်းကောင်း၊


သစ္စာဖောက်​သော​သူ၊ မဆင်မခြင်​ပြု​သော​သူ၊ မောက်မာ​သော​သူ၊ ဘုရားသခင်​ကို​နှစ်သက်​သည်​ထက် ကာမဂုဏ်​ခံစား​ခြင်း​ကို သာ၍​နှစ်သက်​သော​သူ၊


သင်​တို့​သည် မြေကြီး​ပေါ်တွင် အပျော်အပါး​လိုက်စား​၍ ဇိမ်ခံ​နေ​ကြ​ပြီ။ သတ်​ရန်​လျာထား​သော​နေ့​အတွက် မိမိ​တို့​စိတ်နှလုံး​ကို ဆူဖြိုး​အောင်​ကျွေးမွေး​ကြ​ပြီ။


အကြောင်းမူကား လူမျိုးခြား​တို့​၏​ဆန္ဒ​အတိုင်း​ပြု​လျက် ကာမဂုဏ်​လိုက်စား​ခြင်း၊ တပ်မက်​ခြင်း၊ မူးယစ်​ခြင်း၊ အပျော်ကြူး​ခြင်း၊ သောက်စား​မြူးထူး​ခြင်း​နှင့် ပညတ်​တရား​က​တားမြစ်​ထား​သော ရုပ်တု​ကိုးကွယ်​ခြင်း​တို့​တွင် ကျင်လည်​ခဲ့​သည့် လွန်ခဲ့​သော​အချိန်​သည် သင်​တို့​အတွက် တော်လောက်​ပေ​၏။


သူ​သည် မိမိကိုယ်ကို​ချီးမြှောက်​၍ စည်းစိမ်​ခံစား​ခဲ့​သည်​နှင့်အမျှ သူ့​အား ညှဉ်းဆဲ​ခြင်း​နှင့်​ဝမ်းနည်း​ကြေကွဲ​ခြင်း​တို့​ကို ပေး​ကြ​လော့။ အဘယ်ကြောင့်​ဆိုသော် သူ​က ‘ငါ​သည် မိဖုရား​ဖြစ်​၏။ မုဆိုးမ မ​ဟုတ်။ ဝမ်းနည်း​ကြေကွဲ​ခြင်း​ကို​လည်း မည်သည့်​အခါ​မျှ ကြုံတွေ့​ရ​လိမ့်မည်​မ​ဟုတ်’​ဟု မိမိ​စိတ်​ထဲ၌​ဆို​သောကြောင့်​ဖြစ်​၏။


ဒါဝိဒ်​ကို​ခေါ်ဆောင်​သွား​ရာ ထို​သူ​တို့​သည် ဖိလိတ္တိ​ပြည်​၊ ယုဒ​ပြည်​တို့​မှ ပစ္စည်း​အများအပြား​ကို လုယက်သိမ်းယူ​နိုင်​သောကြောင့် တစ်ပြည်လုံး နေရာ​အနှံ့ စား​သောက်​လျက် ကခုန်​နေ​ကြ​၏​။