လုကာ 12:19 - Common Language Bible19 ထိုနောက်`သင်သည်နှစ်ပေါင်းများစွာသုံးဆောင် ရန်ဥစ္စာပစ္စည်းများကိုသိုမှီးထားပြီးဖြစ်၍ စိတ်ချမ်းသာစွာနေလော့။ စားသောက်ပျော်ပါး စွာနေလော့' ဟုငါ့ကိုယ်ကိုငါပြောမည်ဟု ဆို၏။- အခန်းကိုကြည့်ပါ။Garrad Bible19 အ ချင်း ဝိ ညာဉ်၊ နှစ် များ စွာ အ ဖို့ သင့် ဝမ်း စာ အ သီး အ နှံ အ များ သွင်း ထား ပြီ။ သာ ယာ စွာ နေ၍ စား သောက် ပျော် မွေ့ လော့ ဟု ကိုယ့် ဝိ ညာဉ် အား ဆို မည် ဟူ၍ ပြ ဌာန်း သော်၊ အခန်းကိုကြည့်ပါ။Judson Bible19 ငါ့ဝိညာဉ်အားလည်း၊ အချင်းဝိညာဉ်၊ သင်သည် နှစ်ပေါင်းများစွာသုံးဆောင်ရန် ဥစ္စာများကို သိုထားလျက်ရှိပြီ။ ငြိမ်ဝပ်စွာနေလော့။ စားသောက်ခြင်း၊ ပျော်မွေ့ခြင်းကို ပြုလော့။ ငါပြောမည်ဟု သူဌေးအကြံရှိ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း19 ငါ၏ဝိညာဉ်ကိုလည်း အချင်းဝိညာဉ်၊ ကောင်းသောအရာအမြောက်အမြားတို့ကို နှစ်ပေါင်းများစွာအတွက် သိုမှီးထားလျက်ရှိပြီ။ အနားယူလော့။ စားသောက်ပျော်မွေ့လော့ဟူ၍ ငါပြောမည်’ဟု ဆိုလေ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း19 ငါ့ကိုယ်ငါလည်း “အို မိတ်ဆွေ… သင့်ထံ၌ နှစ်ပေါင်းများစွာဇိမ်ခံရန် ပစ္စည်းဥစ္စာများ အလျှံပယ်ရှိပြီဖြစ်၍ အပန်းဖြေလျက် စားသောက်လျက် ပျော်မြူးပါလော့” ဟူ၍ပြောမည်’ ဟု ဆိုလေ၏။ အခန်းကိုကြည့်ပါ။မြန်မာ19 ငါ့ဝိညာဉ်အားလည်း၊ အချင်းဝိညာဉ်၊ သင်သည် နှစ်ပေါင်းများစွာသုံးဆောင်ရန် ဥစ္စာများကို သိုထားလျက်ရှိပြီ။ ငြိမ်ဝပ်စွာနေလော့။ စားသောက်ခြင်း၊ ပျော်မွေ့ခြင်းကို ပြုလော့။ ငါပြောမည်ဟု သူဌေးအကြံရှိ၏။- အခန်းကိုကြည့်ပါ။ |
``သင်တို့သည်ပျော်ရွှင်သောက်စားမူးယစ်ခြင်း၊ လောကီမှုရေးအတွက် စိုးရိမ်ပူပန်ခြင်းတို့ဖြင့် အချိန်မကုန်စေရန်သတိနှင့်နေကြလော့။ ယင်း သို့သတိနှင့်မနေပါမူ တရားစီရင်တော်မူရာ နေ့ရက်သည်ထောင်ချောက်ကျသကဲ့သို့ သင်တို့ အပေါ်သို့ရုတ်တရက်ကျရောက်လိမ့်မည်။ ထို နေ့ရက်သည်ကမ္ဘာပေါ်ရှိလူသားအပေါင်း တို့အပေါ်သို့ကျရောက်လာလိမ့်မည်။-
အကယ်၍ငါသည်ဧဖက်မြို့တွင် ``သားရဲ တိရစ္ဆာန်'' တို့နှင့်တိုက်ခိုက်ခဲ့ပါမူလူအမြင် ဖြင့်ငါ့အဖို့အဘယ်အကျိုးရှိမည်နည်း။ သေလွန်သူတို့ရှင်ပြန်ထမြောက်ခြင်းမရှိ ပါက ``နက်ဖြန်သေကြမည်ဖြစ်၍ငါတို့ သည်စားကြ၊ သောက်ကြ၊ ပျော်ပါးကြကုန် အံ့'' ဟုဆိုသည့်အတိုင်းပြုကြစို့။
လွန်ခဲ့သည့်ကာလကသင်တို့သည်မယုံ ကြည်သူများပြုကျင့်သကဲ့သို့အတန်ကြာ စွာပြုမူကျင့်ကြံခဲ့ကြ၏။ မပြုသင့်မပြု ထိုက်သည်ကိုပြုမူခြင်း၊ ကာမဂုဏ်လိုက်စား ခြင်း၊ သေသောက်ကြူးခြင်း၊ ပျော်ရွှင်မြူးတူးခြင်း၊ သေသောက်ပွဲများကျင်းပခြင်းနှင့်လွန်စွာ မနှစ်မြို့အပ်သည့်ရုပ်တုကိုးကွယ်ခြင်း တို့တွင်ပါဝင်ခဲ့ကြ၏။-
သူသည်မိမိကိုယ်ကိုချီးမြှောက်၍ကာမဂုဏ် စည်းစိမ်ခံစားသည်နှင့်အမျှ သူ့အားဝမ်းနည်းကြေကွဲဆင်းရဲ ဒုက္ခရောက်စေကြလော့။ အဘယ်ကြောင့်ဆိုသော်သူက``ငါသည် မိဖုရားဖြစ်၏။ မုဆိုးမမဟုတ်။ ငါသည်အဘယ်အခါ၌မျှဝမ်းနည်းကြေကွဲ ရလိမ့်မည်မဟုတ်'' ဟု မိမိကိုယ်ကိုပြောဆိုနေတတ်သောကြောင့်ဖြစ်၏။