ဟေရှာယ 5:11 - မြန်မာ့စံမီသမ္မာကျမ်း11 နံနက်စောစောထ၍ သေရည်သေရက်နောက်လိုက်သောသူ၊ ညဥ့်နက်သည်အထိ စပျစ်ဝိုင်နှင့်ယစ်မူးသောသူတို့သည် အမင်္ဂလာရှိကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible11 သင်တို့သည်အမင်္ဂလာရှိကြ၏။ သင်တို့သည် သေရည်သေရက်သောက်ရန် စောစောထ၍ ည နေချိန်၌လည်းကြာမြင့်စွာမူးယစ်၍နေ တတ်ကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible11 နံ နက် အ ချိန် ထ ပြီး လျှင် သေ ရည် သေ ရက် ကို လိုက် ရှာ၍၊ ညဉ့် အ ချိန် တိုင် အောင် စ ပျစ် ရည် ယစ် လျက် နေ သူ တို့ သည် အ မင်္ဂ လာ ရှိ ကြ၏။ အခန်းကိုကြည့်ပါ။Judson Bible11 သေရည်သေရက်ကို သောက်အံ့သောငှာ၊ နံနက် စောစောထ၍ စပျစ်ရည်နှင့် ယစ်မူးအံ့သောငှာ၊ ညကိုလည်း လွန်စေတတ်သော သူတို့သည် အမင်္ဂလာရှိကြ၏။ အခန်းကိုကြည့်ပါ။ |
ယခု အကျွန်ုပ်အသက်ရှစ်ဆယ် ရှိပါပြီ။ အကျွန်ုပ်သည် အကောင်း၊ အဆိုး ပိုင်းခြားနိုင်ပါဦးမည်လော။ ကျွန်တော်မျိုးသည် အစားအသောက်များကို အရသာခံနိုင်ပါဦးမည်လော။ သီချင်းသည်ယောက်ျားမိန်းမတို့၏သီချင်းသံကိုလည်း နားဆင်နိုင်ပါဦးမည်လော။ အကျွန်ုပ်၏သခင် အရှင်မင်းကြီးကို ကျွန်တော်မျိုး အဘယ်ကြောင့် ဝန်ထုပ်ဝန်ပိုး ဖြစ်စေရပါမည်နည်း။