Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ရာ 30:16 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

16 ဒါဝိဒ်​ကို​ခေါ်ဆောင်​သွား​ရာ ထို​သူ​တို့​သည် ဖိလိတ္တိ​ပြည်​၊ ယုဒ​ပြည်​တို့​မှ ပစ္စည်း​အများအပြား​ကို လုယက်သိမ်းယူ​နိုင်​သောကြောင့် တစ်ပြည်လုံး နေရာ​အနှံ့ စား​သောက်​လျက် ကခုန်​နေ​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

16 ဒါဝိဒ်​ကို​ထို​သူ​တို့​ထံ​သို့​ခေါ်​ဆောင်​သွား​လေ​သည်။ ထို​သူ​တို့​သည်​ဖိ​လိတ္တိ​ပြည်​နှင့်​ယု​ဒ​ပြည်​တို့​မှ ပစ္စည်း​ဥစ္စာ​အ​မြောက်​အ​မြား​ကို သိမ်း​ယူ​ရ​ရှိ​ခဲ့ သ​ဖြင့် နေ​ရာ​အ​နှံ့​အ​ပြား​တွင်​စား​သောက်​ကာ အောင်​ပွဲ​ခံ​လျက်​နေ​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

16 လမ်း ပြ သည့် အ တိုင်း ဖိ လိ တ္တိ နယ်၊ ယု ဒ နယ် များ မှ လု ယက် ရ ရှိ ခဲ့ သော အ ရာ များ ကြောင့် တပ် စ ခန်း နှံ့ ပျော် ပွဲ စား သောက် လျက် နေ ကြ သည် ကို တွေ့ လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

16 လူ​က​လေး​သည် လမ်း​ပြ၍ ဒါ​ဝိဒ်​ရောက်​သော​အ​ခါ၊ ထို​လူ​များ​တို့​သည် ဖိ​လိ​တ္တိ​ပြည်​နှင့် ယု​ဒ​ပြည်​ထဲ​က​သိမ်း​ယူ​သော ဥ​စ္စာ​ပ​စ္စည်း​များ​အ​ပေါင်း​တို့​ကြောင့် စား​သောက်​လျက်၊ က​ခုန်​လျက် မြေ​တစ်​ပြင်​လုံး၌ အ​နှံ့​အ​ပြား​ရှိ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ရာ 30:16
22 ပူးပေါင်းရင်းမြစ်များ  

ထိုအခါ အဗရှလုံ​က သူ့​ငယ်သား​တို့​အား “​သင်​တို့ စောင့်ကြည့်​ပါ​။ စပျစ်ဝိုင်​ကြောင့် အာမနုန် စိတ်မြူး​လာ​သောအခါ ငါ​က ‘​အာမနုန်​ကို သတ်​လိုက်​ပါ​’​ဟု ဆို​လျှင် သူ့​ကို​သတ်​လိုက်​ပါ​။ ငါ​အမိန့်ပေး​သည်​မ​ဟုတ်​လော​။ သင်​တို့​မ​ကြောက်​ကြ​နှင့်​။ အားယူ​ပြီး သတ္တိ​ရှိ​ကြ​ပါ​”​ဟု မှာထား​၏​။


ထို​အရပ်​၌ လွတ်မြောက်​၍​ကြွင်းကျန်​နေ​သော​အာမလက်​လူမျိုး​တို့​ကို သုတ်သင်​ပြီး ထို​အရပ်​တွင် နေထိုင်​ခဲ့​ကြ​သည်​မှာ ယနေ့​တိုင်အောင် ဖြစ်​၏​။


ဆိုးယုတ်​သော​သူ​တို့​ရွှင်လန်း​ရ​သော​အချိန်​မှာ ခဏသာ​ဖြစ်​၏​။ ဘုရားတရားမဲ့​သော​သူ​တို့​ဝမ်းမြောက်​ရ​သော​အချိန်​သည်​လည်း တဒင်္ဂသာ ဖြစ်​သည်​ကို သင်​သိ​သည်​မ​ဟုတ်​လော​။


အကျွန်ုပ်​သည် များစွာ​သော​စည်းစိမ်ဥစ္စာ​ကို တွေ့ရှိ​သော​သူ​ကဲ့သို့ ကိုယ်တော်​၏​ကတိ​တော်​ကြောင့် ရွှင်မြူး​ပါ​၏​။


နောက်တစ်နေ့​၌ လူ​တို့​သည် စောစောထ​၍ မီးရှို့ရာယဇ်​ကို​ပူဇော်​၏​။ မိတ်သဟာယယဇ်​ကို​ဆက်ကပ်​ကြ​၏​။ ထို့နောက် ထိုင်​၍​စား​သောက်​ကြ​၏​။ ထ​၍​လည်း​ကခုန်ပျော်ပါး​ကြ​၏​။


“​ငါ​တို့​သည် မနက်ဖြန်​သေ​ရ​မည်​ဖြစ်၍ စား​ကြ​သောက်​ကြ​ကုန်စို့​”​ဟု ဆို​လျက် သိုး​နွား​တို့​ကို​သတ်​၍ အသား​စား​ကြ​၏​။ စပျစ်ဝိုင်​သောက်​လျက် ရွှင်မြူး​ဝမ်းမြောက်​ကြ​၏​။


ကိုယ်တော်​သည် လူမျိုး​တော်​ကို​တိုးပွား​စေ​၍ သူ​တို့​ကို အလွန်​ဝမ်းမြောက်​စေ​တော်မူ​ပြီ​။ သူ​တို့​သည် သီးနှံ​ရိတ်သိမ်း​ချိန်​၌ ဝမ်းမြောက်​သကဲ့သို့​၊ လုယက်ပစ္စည်း​ခွဲဝေ​ချိန်​၌ ရွှင်လန်း​သကဲ့သို့ ကိုယ်တော်​၏​ရှေ့မှောက်​တွင် ဝမ်းမြောက်​ကြ​ပါ​ပြီ​။


“ငြိမ်းချမ်း​မှု​နှင့်​လုံခြုံ​မှု​ရှိ​သည်”​ဟု လူ​တို့​ပြောဆို​နေ​ကြ​သည့်​အချိန်​၌ပင် ကိုယ်ဝန်ဆောင်​အမျိုးသမီး​၌ သားဖွား​ခြင်း​ဝေဒနာ​ရောက်လာ​သကဲ့သို့ ပျက်စီး​ခြင်း​သည် သူ​တို့​အပေါ် ရုတ်တရက်​ရောက်လာ​၍ သူ​တို့​သည် လုံးဝ​လွတ်မြောက်​နိုင်​မည်​မ​ဟုတ်။


“​သင်​တို့​၏​ရန်သူ​တို့​ထံမှ တိုက်ယူ​သော​ပစ္စည်း​များ​ကို သင်​တို့​၏​ညီအစ်ကို​တို့​နှင့်အတူ ခွဲဝေယူ​ကြ​လော့​။ တိရစ္ဆာန်​၊ ရွှေ​၊ ငွေ​၊ ကြေးနီ​၊ သံ​၊ အဝတ်အထည်​မှစ၍ စည်းစိမ်ဥစ္စာ​အမြောက်အမြား​တို့​ကို ယူ​၍ သင်​တို့​၏​အိမ်​သို့​ပြန်သွား​ကြ​လော့​”​ဟု သူ​တို့​အား​ဆို​လေ​၏​။


ဂိဒေါင်​သည် နောဗာ​မြို့​နှင့်​ယုဗ္ဗေဟ​မြို့​အရှေ့ဘက်​၊ တဲ​၌​နေထိုင်​လေ့​ရှိ​သော​သူ​တို့ သွားလာ​သော​လမ်း​အတိုင်း ချီတက်​သွား​၍ စိတ်အေးလက်အေး​နေ​နေ​သော မိဒျန်​တပ်စခန်း​ကို တိုက်​လေ​၏​။


အကျွန်ုပ်​တို့​သည် ခေရသိ​လူမျိုး​ပိုင်​သော​နေဂေ့​အရပ်ဒေသ​၊ ယုဒ​လူမျိုး​ပိုင်​သော​အရပ်ဒေသ​နှင့် ကာလက်​လူမျိုး​ပိုင်​သော​နေဂေ့​အရပ်ဒေသ​တို့​ကို ဝင်ရောက်စီးနင်း​ပြီး ဇိကလတ်​မြို့​ကို မီး​ရှို့​ခဲ့​ပါ​ပြီ​”​ဟု ပြန်ဖြေ​၏​။


ဒါဝိဒ်​က သူ့​အား “​ထို​ဓားပြ​တို့​ရှိ​ရာ​သို့ ငါ့​ကို​လိုက်ပို့​နိုင်​သလော​”​ဟု ဆို​လျှင် သူ​က “​အကျွန်ုပ်​ကို မ​သတ်​၊ အကျွန်ုပ်​သခင့်​လက်​သို့​လည်း ပြန်​မ​အပ်​ပါ​ဟု ဘုရားသခင်​ထံ​ကျိန်ဆို​မည်​ဆို​လျှင် ထို​ဓားပြ​တို့​ရှိ​ရာ​သို့ လိုက်ပို့​ပါ​မည်​”​ဟု ဆို​ပြီး


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ