အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




လုကာ 1:33 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

သူ​သည် ယာကုပ်​အမျိုး​ကို ကာလ​အစဉ်အဆက်​အုပ်ချုပ်​လိမ့်မည်။ သူ​၏​နိုင်ငံ​တော်​သည်​လည်း​အဆုံး​မ​ရှိ အစဉ်​တည်​လိမ့်မည်”​ဟု မြွက်ဆို​လေ​၏။

အခန်းကိုကြည့်ပါ။

Common Language Bible

သူ​သည်​ယာ​ကုပ်​အ​မျိုး​အ​နွယ်​များ​ကို​အ​စဉ် မ​ပြတ်​အုပ်​စိုး​တော်​မူ​လိမ့်​မည်။ သူ​၏​နန်း​သက် သည်​အ​ဘယ်​အ​ခါ​မျှ​ကုန်​ဆုံး​လိမ့်​မည်​မ​ဟုတ်'' ဟု​မာ​ရိ​အား​ပြော​၏။

အခန်းကိုကြည့်ပါ။

Garrad Bible

ယာ ကုပ် အ နွယ် ပေါ် တွင် ကာ လ အ စဉ် အုပ် စိုး ၍ အ ဆုံး မဲ့ နိုင် ငံ တော် ကို ပိုင် ရ လိမ့် မည် ဟု မြွက် ဆို ၏။

အခန်းကိုကြည့်ပါ။

Judson Bible

ထို​သူ​သည်​လည်း ယာ​ကုပ်​အ​မျိုး​အ​နွယ်​ကို အ​စဉ်​မ​ပြတ် အုပ်​စိုး​လိမ့်​မည်။ သူ၏​နိုင်​ငံ​သည်​လည်း ဆုံး​ခြင်း​မ​ရှိ​ရ​ဟု ပြော​ဆို၏။

အခန်းကိုကြည့်ပါ။

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

သူ​သည် အစ္စရေး​လူမျိုးများ​ကို ထာဝရ​အုပ်စိုး​လိမ့်မည်။ သူ​၏​နိုင်ငံတော်​သည်လည်း အဆုံး​မရှိ တည်​လိမ့်မည်” ဟု ဆို၏။

အခန်းကိုကြည့်ပါ။

မြန်မာ

ထို​သူ​သည်​လည်း ယာ​ကုပ်​အ​မျိုး​အ​နွယ်​ကို အ​စဉ်​မ​ပြတ် အုပ်​စိုး​လိမ့်​မည်။ သူ၏​နိုင်​ငံ​သည်​လည်း ဆုံး​ခြင်း​မ​ရှိ​ရ​ဟု ပြော​ဆို၏။

အခန်းကိုကြည့်ပါ။



လုကာ 1:33
28 ပူးပေါင်းရင်းမြစ်များ  

ငါ့​နာမ​တော်​အဖို့ အိမ်​တော်​ကို သူ​တည်ဆောက်​ရ​လိမ့်မည်​။ သူ့​နိုင်ငံ​၏​ရာဇပလ္လင်​ကို ငါ​အစဉ်​တည်မြဲ​စေ​မည်​။


သင့်​အမျိုးအနွယ်​နှင့် သင့်​နိုင်ငံ​သည် သင့်​ရှေ့​မှာ အစဉ်အမြဲ​တည်မြဲ​လိမ့်မည်​။ သင်​၏​ရာဇပလ္လင်​သည်​လည်း အစဉ်အမြဲ​တည်​လိမ့်မည်​ဟု မိန့်​တော်မူ​သည်’​ဟူ၍ ဆင့်ဆို​လော့​”​ဟု မိန့်ဆို​၏​။


အို ဘုရားသခင်​၊ ကိုယ်တော်​၏​ပလ္လင်​တော်​သည် ကာလ​အစဉ်အဆက်​တည်​၍ တရားမျှတ​သော​ရာဇလှံတံ​သည် ကိုယ်တော့်​နိုင်ငံ​တော်​၏​ရာဇလှံတံ​ဖြစ်​ပါ​၏​။


ငါ​သည် သင်​၏​အမျိုးအနွယ်​ကို ထာဝရ​မြဲမြံ​စေ​မည်​။ သင်​၏​ပလ္လင်​ကို​လည်း မျိုးဆက်​အစဉ်အဆက် တည်​စေ​မည်”​ဟု မိန့်​တော်မူ​၏​။(​စေလာ)


ရာဇပလ္လင်​သည် မေတ္တာကရုဏာ​တော်​အားဖြင့် တည်​လိမ့်မည်​။ ဒါဝိဒ်​မင်းကြီး​၏​တဲ​တော်​ရှိ ထို​ပလ္လင်​ပေါ်၌ သစ္စာရှိ​သော​သူ​သည် ထိုင်​တော်မူ​လျက် တရားစီရင်​မည်​။ တရားမျှတ​ခြင်း​ကို​ရှာဖွေ​မည်​။ ဖြောင့်မတ်​ခြင်း​၌ စိတ်အားထက်သန်​မည်​။


သူ​၏​အာဏာစက်​သည် အစဉ်​တိုးပွား​၍ ငြိမ်သက်​ခြင်း​သည် အဆုံး​မ​ရှိ​။ ဒါဝိဒ်​၏​ရာဇပလ္လင်​ပေါ်တွင်​ထိုင်​၍ နိုင်ငံ​တော်​ကို ယခု​မှစ၍ နောင်ကာလ​အစဉ် တရားမျှတ​ခြင်း၊ ဖြောင့်မတ်​ခြင်း​တို့​ဖြင့် တည်တံ့​ခိုင်မြဲ​စေ​မည်​။ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​သည် စိတ်အားထက်သန်​စွာ​ဖြင့် ဤ​အမှု​ကို ပြု​တော်မူ​လိမ့်မည်​။


ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ အချိန်​ကျရောက်​ပြီ​။ ဖြောင့်မတ်​ခြင်း​အကိုင်း​ကို ဒါဝိဒ်​အမျိုး​မှ ငါ​ပေါ်ထွက်​စေ​မည်​။ သူ​သည် ဘုရင်​အဖြစ်​အုပ်စိုး​မည်​။ ပညာသတိ​ရှိ​လျက် ပြည်​တော်​၌ တရားမျှတ​စွာ​၊ ဖြောင့်မတ်​စွာ စီရင်​မည်​။


ထို​ရှင်ဘုရင်​များ​အုပ်စိုး​သည့်​ကာလ​တွင်ပင် ကောင်းကင်ဘုံရှင်​ဘုရားသခင်​သည် မည်သည့်​အခါ​မျှ​မ​ပျက်စီး​နိုင်​မည့်​နိုင်ငံ​တစ်​ခု​ကို တည်ထောင်​တော်မူ​လိမ့်မည်​။ ဤ​နိုင်ငံ​သည် အခြား​သူ​တို့​လက်​သို့ ရောက်​ရ​မည်​မ​ဟုတ်​။ အခြား​နိုင်ငံ​အားလုံး​ကို တစ်စစီခြေမွှ​ဖျက်ဆီး​ပစ်​မည်​။ ဤ​နိုင်ငံ​သည် အစဉ်အမြဲ​တည်​လိမ့်မည်​။


အချိန်စေ့​သောအခါ ငါ​နေဗုခဒ်နေဇာ​မင်းကြီး​သည် ကောင်းကင်​သို့​မော့ကြည့်​၍ လူ့စိတ်​ပြန်ဝင်​လေ​၏​။ ထို့ကြောင့် အမြင့်ဆုံး​သော​အရှင်​ကို ချီးမွမ်း​၏​။ ထာဝရ​အသက်ရှင်​တော်မူ​သော​အရှင်​၏​ဂုဏ်တော်​၊ ဘုန်းအသရေ​တော်​ကို ချီးမြှောက်​၏​။ ကိုယ်တော်​၏​အာဏာစက်​သည် ထာဝရ​အာဏာစက် ဖြစ်​၏​။ ကိုယ်တော်​၏​နိုင်ငံ​တော်​သည်​လည်း ကာလ​အစဉ်​တည်​၏​။


ငါ့​အာဏာစက်​အောက်​ရှိ​တိုင်းနိုင်ငံ​အားလုံး​မှ လူ​အပေါင်း​တို့​သည် ဒံယေလ​၏​ဘုရားသခင်​ကို ကြောက်ရွံ့ရိုသေ​ရ​မည်​ဟု ငါ​အမိန့်​ထုတ်ပြန်​လိုက်​သည်​။ ကိုယ်တော်​သည် အသက်ရှင်​တော်မူ​သော​ဘုရားသခင်​၊ အစဉ်အမြဲ​တည်​တော်မူ​သော​ဘုရားသခင် ဖြစ်​၏​။ နိုင်ငံ​တော်​သည်​လည်း မ​ပျက်စီး​နိုင်​၊ အာဏာစက်​သည်​လည်း ထာဝရ​တည်​တော်မူ​၏​။


သို့သော် အမြင့်ဆုံး​သော​အရှင်​၏​သန့်ရှင်း​သူ​တို့​က​သာလျှင် နိုင်ငံ​တော်​ကို သိမ်းယူ​ကြ​လိမ့်မည်​။ ထို​နိုင်ငံ​ကို ကာလ​အစဉ်အဆက်​ပိုင်ဆိုင်​ရ​လိမ့်မည်’​ဟု ငါ့​အား ပြောပြ​၏​။


ထို့နောက် အမြင့်ဆုံး​သော​အရှင်​၏​သန့်ရှင်း​သော​လူမျိုး​တော်​သည် နိုင်ငံ​တော်​နှင့်တကွ အာဏာစက်​ကို​လည်းကောင်း​၊ ကောင်းကင်​တစ်ခွင်​အောက်​ရှိ​တိုင်းနိုင်ငံ​များ​၏​ဘုန်းတန်ခိုး​တို့​ကို​လည်းကောင်း ရရှိ​လိမ့်မည်​။ ကိုယ်တော်​၏​နိုင်ငံ​သည် ထာဝရ​နိုင်ငံ​ဖြစ်​ပြီး အာဏာရ​မင်း​ရှိသမျှ​သည် ကိုယ်တော့်​ကို နာခံ​၍ ဝတ်ပြု​ကြ​လိမ့်မည်’​ဟု ငါ့​အား ရှင်းပြ​၏​။


ကယ်တင်​မည့်​သူ​တို့​သည် ဧသော​တောင်​ကို အုပ်စိုး​ရန် ဇိအုန်​တောင်​ပေါ်သို့​တက်လာ​လိမ့်မည်​။ ထို​နိုင်ငံ​သည် ထာဝရဘုရား​၏​နိုင်ငံ​တော် ဖြစ်​မည်​။


ခြေမသန်သူ​ကို ကြွင်းကျန်​စေ​မည်​။ အဝေး​သို့​နှင်ထုတ်​ခံရ​သူ​ကို အားကြီး​သော​လူမျိုး​ဖြစ်​စေ​မည်​။ ထာဝရဘုရား​သည် ယခု​မှစ၍ ကာလ​အစဉ်အဆက် ဇိအုန်​တောင်​ပေါ်တွင် သူ​တို့​ကို အုပ်စိုး​တော်မူ​မည်​။


အာဗြဟံ​၏​သား၊ ဒါဝိဒ်​၏​သား​ဖြစ်​တော်မူ​သော ယေရှု​ခရစ်တော်​၏​ဆွေ​တော်​စဉ်​မျိုး​တော်​ဆက်​စာရင်း​ဟူမူကား


ထိုအခါ ယေရှု​သည် သူ​တို့​ထံသို့​ချဉ်းကပ်​၍“ကောင်းကင်​နှင့်​မြေကြီး​ပေါ်၌ ရှိသမျှ​သော​အခွင့်​အာဏာ​တို့​ကို ငါ့​ထံ​ပေးအပ်​တော်မူ​ပြီ။


မာရိ​က​လည်း “ကျွန်မ​သည် ယောက်ျား​နှင့်​ဆက်ဆံ​ခြင်း​မ​ရှိ​သည်​ဖြစ်၍ ဤ​အမှုအရာ​သည် မည်သို့​ဖြစ်​လိမ့်မည်​နည်း”​ဟု ကောင်းကင်တမန်​အား မေး​လေ​၏။


မည်သို့ပင်ဖြစ်စေ ဘုရားသခင်​၏​နှုတ်ကပတ်တော်​သည် ပျက်ပြယ်​သွား​သည်​မ​ဟုတ်။ အဘယ်ကြောင့်​ဆိုသော် အစ္စရေး​အနွယ်ဝင်​အားလုံး​သည် အစ္စရေး​လူမျိုး​မ​ဟုတ်။


သင်​တို့​သည် ခရစ်တော်​နှင့်​စပ်ဆိုင်​လျှင် အာဗြဟံ​၏​အမျိုးအနွယ်​ဖြစ်၍ ကတိ​တော်​အရ အမွေခံ​များ​ဖြစ်​ကြ​၏။


ဤ​နည်းဥပဒေသ​အတိုင်း လိုက်လျှောက်​သူ​ရှိသမျှ​တို့​အပေါ်​၌​လည်းကောင်း၊ ဘုရားသခင်​၏​အစ္စရေး​အမျိုး​တို့​အပေါ်​၌​လည်းကောင်း ငြိမ်သက်​ခြင်း​နှင့်​ကရုဏာ​တော် သက်ရောက်​ပါစေသော။


အကြောင်းမူကား ဘုရားသခင်​၏​ဝိညာဉ်​တော်​အားဖြင့်​ဝတ်ပြု​၍ ခရစ်တော်​ယေရှု​၌​ဝါကြွား​လျက် အသွေး​အသား​၌​ကိုးစား​ခြင်း​မ​ရှိ​သော​ငါ​တို့​သည် အရေဖျား​လှီး​ထား​သော​သူ​အစစ်အမှန်​ဖြစ်​ကြ​၏။


သို့သော် သား​တော်​နှင့်​ပတ်သက်၍​မူကား “အို ဘုရားသခင်၊ ကိုယ်တော်​၏​ပလ္လင်​သည် ကမ္ဘာ​အဆက်ဆက်​တည်​၍ ဖြောင့်မှန်​သော​အုပ်ချုပ်မှု​သည် ကိုယ်တော့်​နိုင်ငံ​တော်​၏​အုပ်ချုပ်မှု​ဖြစ်​ပါ​၏။


သတ္တမ​ကောင်းကင်​တမန်​သည် တံပိုးခရာ​ကို​မှုတ်​လိုက်​သောအခါ ကောင်းကင်​၌ ကျယ်လောင်​သော​အသံ​ဖြစ်ပေါ်​လျက် “ကမ္ဘာ့​နိုင်ငံ​သည် ငါ​တို့​၏​ထာဝရ​အရှင်​နှင့် ကိုယ်တော်​၏​ခရစ်တော်​ပိုင်ဆိုင်​တော်မူ​ရာ​ဖြစ်​လေ​ပြီ။ ကိုယ်တော်​သည်​လည်း ကမ္ဘာ​အဆက်ဆက်​စိုးစံ​တော်မူ​လိမ့်မည်”​ဟု ဆို​၏။