ဟေရှာယ 9:7 - မြန်မာ့စံမီသမ္မာကျမ်း7 သူ၏အာဏာစက်သည် အစဉ်တိုးပွား၍ ငြိမ်သက်ခြင်းသည် အဆုံးမရှိ။ ဒါဝိဒ်၏ရာဇပလ္လင်ပေါ်တွင်ထိုင်၍ နိုင်ငံတော်ကို ယခုမှစ၍ နောင်ကာလအစဉ် တရားမျှတခြင်း၊ ဖြောင့်မတ်ခြင်းတို့ဖြင့် တည်တံ့ခိုင်မြဲစေမည်။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် စိတ်အားထက်သန်စွာဖြင့် ဤအမှုကို ပြုတော်မူလိမ့်မည်။ အခန်းကိုကြည့်ပါ။Common Language Bible7 သူ၏ရာဇအာဏာသည်ဆက်လက်တိုး တက်လျက် သူ၏နိုင်ငံတော်သည်လည်း၊အစဉ်အမြဲ ငြိမ်းချမ်းသာယာလိမ့်မည်။ သူသည်ဒါဝိဒ်မင်း၏အရိုက်အရာကို ဆက်ခံကာ ယခုမှစ၍ကပ်ကာလကုန်ဆုံးချိန်တိုင်အောင် တရားတော်နှင့်အညီမျှတစွာအုပ်စိုးလိမ့်မည်။ အနန္တတန်ခိုးရှင်ထာဝရဘုရားသည် ဤ အမှုအရာအလုံးစုံတို့အားဖြစ်ပျက်စေ ရန်သန္နိဋ္ဌာန်ချမှတ်တော်မူပြီးဖြစ်သတည်း။ အခန်းကိုကြည့်ပါ။Judson Bible7 ဒါဝိဒ်မင်း၏ ရာဇပလ္လင်ပေါ်မှာထိုင်၍၊ နိုင်ငံတော်ကို နောင်ကာလအစဉ်မပြတ်၊ တရားတော်အတိုင်း ဖြောင့်မတ်စွာစီရင်၍ အမြဲတည်စေတော်မူမည်အကြောင်း၊ အာဏာတော်တိုးတက်ခြင်းနှင့် ငြိမ်သက်တော်မူခြင်းသည် နိစ္စအမြဲရှိလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် အလိုတော်အားကြီး၍၊ ထိုအမှုကို ပြီးစီးစေတော်မူလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ကိုယ်တော်သည် လူမျိုးတကာတို့ကို တရားစီရင်၍ လူများစွာတို့ကို ဆုံးမတော်မူမည်။ ထိုအခါ သူတို့သည် မိမိတို့၏ဓားများကို ထယ်များအဖြစ်၊ မိမိတို့၏လှံများကို တံစဉ်များအဖြစ် ထုလုပ်ကြလိမ့်မည်။ လူမျိုးတစ်မျိုးနှင့်တစ်မျိုး ဓားကိုမြှောက်၍ တိုက်ခိုက်တော့မည်မဟုတ်။ စစ်ရေးလေ့ကျင့်ခြင်းလည်း ရှိတော့မည်မဟုတ်။
ထိုနည်းတူ သံ၊ ရွှံ့စေး၊ ကြေးနီ၊ ငွေ၊ ရွှေတို့သည်လည်း တစ်စစီကျိုးပဲ့သွား၍ နွေကာလတွင် တလင်းပြင်ရှိအဖျင်းအမှော်ကဲ့သို့ ဖြစ်လေ၏။ လေတိုက်သောအခါ လွင့်ပါသွားသဖြင့် အစအနပင် မတွေ့တော့ပေ။ ရုပ်တုကြီးကို ဝင်တိုက်သောကျောက်တုံးမူကား တောင်ကြီးဖြစ်လာပြီး မြေတစ်ပြင်လုံး၌ ပြည့်လေ၏။
ထိုရှင်ဘုရင်များအုပ်စိုးသည့်ကာလတွင်ပင် ကောင်းကင်ဘုံရှင်ဘုရားသခင်သည် မည်သည့်အခါမျှမပျက်စီးနိုင်မည့်နိုင်ငံတစ်ခုကို တည်ထောင်တော်မူလိမ့်မည်။ ဤနိုင်ငံသည် အခြားသူတို့လက်သို့ ရောက်ရမည်မဟုတ်။ အခြားနိုင်ငံအားလုံးကို တစ်စစီခြေမွှဖျက်ဆီးပစ်မည်။ ဤနိုင်ငံသည် အစဉ်အမြဲတည်လိမ့်မည်။
ထို့နောက် အမြင့်ဆုံးသောအရှင်၏သန့်ရှင်းသောလူမျိုးတော်သည် နိုင်ငံတော်နှင့်တကွ အာဏာစက်ကိုလည်းကောင်း၊ ကောင်းကင်တစ်ခွင်အောက်ရှိတိုင်းနိုင်ငံများ၏ဘုန်းတန်ခိုးတို့ကိုလည်းကောင်း ရရှိလိမ့်မည်။ ကိုယ်တော်၏နိုင်ငံသည် ထာဝရနိုင်ငံဖြစ်ပြီး အာဏာရမင်းရှိသမျှသည် ကိုယ်တော့်ကို နာခံ၍ ဝတ်ပြုကြလိမ့်မည်’ဟု ငါ့အား ရှင်းပြ၏။