ဂလာတိ 6:16 - မြန်မာ့စံမီသမ္မာကျမ်း16 ဤနည်းဥပဒေသအတိုင်း လိုက်လျှောက်သူရှိသမျှတို့အပေါ်၌လည်းကောင်း၊ ဘုရားသခင်၏အစ္စရေးအမျိုးတို့အပေါ်၌လည်းကောင်း ငြိမ်သက်ခြင်းနှင့်ကရုဏာတော် သက်ရောက်ပါစေသော။ အခန်းကိုကြည့်ပါ။Common Language Bible16 ဤသဘောတရားကိုလိုက်နာသူအပေါင်းတို့ အပေါ်သို့လည်းကောင်း၊ ဘုရားသခင်၏လူစု တော်အပေါင်းတို့အပေါ်သို့လည်းကောင်း ငြိမ် သက်ခြင်းနှင့်ကရုဏာတော်သက်ရောက်ပါ စေသော။ အခန်းကိုကြည့်ပါ။Garrad Bible16 ဘု ရား သ ခင်၌ ဣ သ ရေ လ လူ မျိုး ဖြစ် သူ ဤ နည်း လမ်း အ တိုင်း လျောက် လိုက် သ မျှ သော သူ တို့ အ ပေါ်၌ ငြိမ် သက် ခြင်း နှင့် က ရု ဏာ တော် သည် တည် ရှိ ပါ စေ သော်။ အခန်းကိုကြည့်ပါ။Judson Bible16 ဤနည်းဥပဒေသအတိုင်း ကျင့်သောသူရှိသမျှတို့ အပေါ်၌လည်းကောင်း၊ ဘုရားသခင်၏ ဣသရေလအမျိုး အပေါ်၌လည်းကောင်း၊ ငြိမ်သက်ခြင်းနှင့် သနားတော်မူခြင်း သက်ရောက်ပါစေသော။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း16 ဤအခြေခံသဘောတရားကို လက်ခံကျင့်သုံးသောသူတို့အပေါ်သို့ ဘုရားသခင်ထံတော်မှလာသော ငြိမ်းချမ်းခြင်းနှင့် ကရုဏာတော် သက်ရောက်ပါစေသော။ ထိုသူတို့မှာ ဘုရားသခင်၏ လူမျိုးတော်အစ္စရေးလူမျိုးများ ဖြစ်ကြ၏။ အခန်းကိုကြည့်ပါ။ |
ထိုအခါ စစ်သူရဲသုံးဆယ်အုပ် အာမသဲအပေါ် ဝိညာဉ်တော်သက်ရောက်လာပြီး “အို ဒါဝိဒ်၊ အကျွန်ုပ်တို့ကို အသင်ပိုင်ပါ၏။ ယေရှဲ၏သား၊ သင်နှင့်အတူ အကျွန်ုပ်တို့ ရှိပါ၏။ သင်၌ ငြိမ်သက်ခြင်း ရှိပါစေသော။ ငြိမ်သက်ခြင်း ရှိပါစေသော။ သင့်ကို ကူညီသူတို့လည်း ငြိမ်သက်ခြင်း ရှိပါစေသော။ သင်၏ဘုရားသခင်သည် သင့်ကို မစတော်မူလိမ့်မည်”ဟု ဆို၏။ ထိုအခါ ဒါဝိဒ်သည် သူတို့ကိုလက်ခံပြီး စစ်ဗိုလ်များအဖြစ် ခန့်ထားလေ၏။