ဆာလံ 89:4 - မြန်မာ့စံမီသမ္မာကျမ်း4 ငါသည် သင်၏အမျိုးအနွယ်ကို ထာဝရမြဲမြံစေမည်။ သင်၏ပလ္လင်ကိုလည်း မျိုးဆက်အစဉ်အဆက် တည်စေမည်”ဟု မိန့်တော်မူ၏။(စေလာ) အခန်းကိုကြည့်ပါ။Garrad Bible4 ရွေး ကောက် တော် မူ သူ နှင့် ပ ဋိ ညာဉ် တော် ဖွဲ့ ခြင်း၊ ကျွန် တော် ရင်း ဒါ ဝိဒ် အား သ စ္စာ ဆို ခြင်း၊ ငါ ပြု လေ ပြီ ဟု ဗျာ ဒိတ် တော် ရှိ၏။ အခန်းကိုကြည့်ပါ။Judson Bible4 သင်၏ပလ္လင်ကိုလည်း လူမျိုးအဆက်ဆက်တည်စေမည်ဟု ငါရွေးကောက်သောသူနှင့် ငါသည်ပဋိညာဉ်ဖွဲ့၍၊ ငါ၏ကျွန်ဒါဝိဒ်အား ကျိန်ဆိုခြင်းကို ပြုပြီ။ အခန်းကိုကြည့်ပါ။ |
ယခု ကိုယ်တော့်အစေအပါး၏အမျိုးအနွယ်သည် ရှေ့တော်တွင် အစဉ်အမြဲတည်နေစေရန် အလိုတော်အတိုင်း ကောင်းချီးပေးတော်မူပါ။ ဘုရားရှင်ထာဝရဘုရားကိုယ်တော်တိုင် မိန့်တော်မူပြီဖြစ်၍ ကိုယ်တော်ပေးတော်မူသောကောင်းချီးအားဖြင့် ကိုယ်တော့်အစေအပါး၏အမျိုးအနွယ်သည် အစဉ်အမြဲကောင်းချီးခံစားရပါစေသော”ဟု တောင်းလျှောက်လေ၏။
အစ္စရေးလူမျိုးတို့ကိုအစဉ်အမြဲအုပ်ချုပ်ရန်အတွက် အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားသည် ငါ့ဖခင်၏မိသားစုဝင်တစ်စုလုံးတွင် ငါ့ကို ရွေးချယ်တော်မူ၏။ ယုဒအမျိုးကို ခေါင်းဆောင်အဖြစ် ရွေးချယ်တော်မူ၏။ ယုဒအမျိုးအနွယ်ထဲမှ ငါ့ဖခင်၏မိသားစုကို ရွေးချယ်တော်မူ၏။ ငါ့ဖခင်၏သားများထဲမှ ငါ့ကို ရွေးချယ်တော်မူ၍ အစ္စရေးလူမျိုးတစ်မျိုးလုံးကို အုပ်ချုပ်သောဘုရင် ဖြစ်စေတော်မူ၏။