နာဒုနှင့်ကုံကုမံ၊ ခါနဲနှင့်သစ်ကြံပိုး စသည့်အမွှေးနံ့သာပင်အပေါင်းတို့ပေါက်ရာတော၊ မုရန်၊ သစ်မွှေးနှင့် အကောင်းဆုံး ဟင်းခတ်အမွှေးအကြိုင်ပင်အပေါင်းတို့ပေါက်ရာတော ဖြစ်၏။
ဥယျာဉ်များကို ရေလောင်းစရာရေကန်၊ စမ်း ရေတွင်း၊ လေဗနုန်တောင်က စီးထွက်သော မြစ်ရေလည်း ပါသတည်း။
နာ ဒု၊ စ ပါး လင်၊ ကြံ၊ သစ် ကြမ်း ပိုး မှ စ သော၊ လော ဗန် ပင် အ မျိုး မျိုး၊ မု ရန်၊ အ ကျော် များ နှင့် အ ကောင်း ဆုံး သော နံ့ သာ ပင် အ မျိုး မျိုး တည်း။
နာဒုပင်၊ ကုရကုမပင်၊ ကြံပင်၊ သစ်ကြံပိုးပင်၊ လောဗန်ပင်မျိုး၊ မုရန်ပင်၊ အကျော်ပင်၊ အမြတ်ဆုံးသော နံ့သာပင်မျိုး ပါကြ၏။
ထိုအခါ သူတို့၏ဖခင်အစ္စရေးက သူတို့အား “သို့ဖြစ်လျှင် ဤသို့ပြုကြလော့။ လိမ်းဆေးအနည်းငယ်၊ ပျားရည်အနည်းငယ်၊ နံ့သာမျိုး၊ မုရန်စေး၊ အခွံမာသီး၊ ဗာဒံသီး စသည့် ဤပြည်မှထွက်သော အကောင်းဆုံးအရာတို့ကို သင်တို့အိတ်များ၌ထည့်၍ ထိုသူအဖို့လက်ဆောင်အဖြစ်ယူသွားကြလော့။
ထို့နောက် သူသည် ရှင်ဘုရင်အား ရွှေတာလန်တစ်ရာ့နှစ်ဆယ်၊ မြောက်မြားစွာသောအမွှေးနံ့သာများနှင့် အဖိုးတန်ကျောက်များကို ဆက်သလေ၏။ ရှောလမုန်မင်းကြီးအား ရှေဘဘုရင်မ ဆက်သခဲ့သော များပြားလှသောအမွှေးနံ့သာမျိုး နောက်ထပ် ရောက်မလာတော့ချေ။
ထို့နောက် သူသည် ရှင်ဘုရင်အား ရွှေတာလန်တစ်ရာ့နှစ်ဆယ်၊ မြောက်မြားစွာသောအမွှေးနံ့သာများနှင့် အဖိုးတန်ကျောက်များကို ဆက်သလေ၏။ ရှောလမုန်မင်းကြီးအား ရှေဘဘုရင်မဆက်သခဲ့သော များပြားလှသောအမွှေးနံ့သာမျိုးကို နောက်ထပ်မရရှိတော့ချေ။
ကိုယ်တော်၏အဝတ်ရှိသမျှတို့သည် မုရန်၊ သစ်မွှေး၊ သစ်ကြံပိုးတို့ဖြင့် မွှေးကြိုင်လျက်ရှိပါ၏။ ဆင်စွယ်နန်းတော်များမှ ကြိုးတပ်တူရိယာတို့သည် ကိုယ်တော်ကိုဝမ်းမြောက်စေပါ၏။
“သင်သည် အကောင်းစားအမွှေးနံ့သာများကို သန့်ရှင်းရာဌာန၏ရှယ်ကယ်စံနှုန်းနှင့်အညီ မုရန်အရည် ငါးရာရှယ်ကယ်၊ မွှေးကြိုင်သောသစ်ကြံပိုး နှစ်ရာ့ငါးဆယ်ရှယ်ကယ်၊ မွှေးကြိုင်သောခါနဲ နှစ်ရာ့ငါးဆယ်ရှယ်ကယ်၊
ကျွန်မ၏အိပ်ရာကို မုရန်၊ သစ်မွှေးနှင့် သစ်ကြံပိုးနံ့သာတို့ဖြင့် ထုံသင်းမွှေးကြိုင်စေပါပြီ။
“ရှင်ဘုရင်သည် စားပွဲဝိုင်း၌ထိုင်စဉ် အကျွန်ုပ်၏နာဒုဆီမွှေးရနံ့သည် ပျံ့လွင့်မွှေးကြိုင်လျက် ရှိပါ၏။
“မုရန်၊ လော်ဗန်တို့မှစ၍ ကုန်သည်တို့၏နံ့သာမှုန့်အမျိုးမျိုးတို့ရနံ့နှင့် သင်းထုံနေသောမီးခိုးလုံးကဲ့သို့ တောကန္တာရမှတက်လာသောသူကား မည်သူနည်း။
နေ့မကျိုးမီ၊ အရိပ်တို့မကွယ်ပျောက်မီ မုရန်တောင်နှင့် လော်ဗန်တောင်ကုန်းသို့ ငါသွားမည်။
“အို ငါ့နှမ၊ ငါ့သတို့သမီး၊ ငါ့ဥယျာဉ်ထဲသို့ ငါလာပြီ။ မုရန်နှင့် အမွှေးနံ့သာတို့ကို ငါစုသိမ်းပြီ။ ပျားလပို့မှပျားရည်တို့ကို ငါစားပြီ။ စပျစ်ဝိုင်နှင့် နို့ကိုလည်း ငါသောက်ရပြီ။” “အို မိတ်ဆွေတို့၊ စားကြပါ။ အို ချစ်သူတို့၊ သောက်၍ ယစ်မူးကြပါ။”
“အကျွန်ုပ်ချစ်သူသည် ဥယျာဉ်ထဲတွင် သိုးထိန်းရင်း နှင်းပန်းများကိုခူးဆွတ်ဖို့ရန် မွှေးကြိုင်သောအိပ်ရာရှိရာ သူ၏ဥယျာဉ်သို့ ဆင်းသွားပါ၏။
ဥဇလအရပ်မှ ဝေဒန်ပြည်သား၊ ယာဝန်ပြည်သားတို့သည်လည်း သင်နှင့်ကုန်သွယ်ကြ၏။ သံထည်၊ ကရဝေး၊ ခါနဲများကို သင်၏ကုန်ပစ္စည်းများနှင့် လှဲလှယ်ကြ၏။
ကျယ်ပြန့်သောချိုင့်ဝှမ်းများ၊ မြစ်နားရှိသောဥယျာဉ်များနှင့်တူပါသည်တကား။ ထာဝရဘုရားစိုက်တော်မူသောသစ်မွှေးပင်များ၊ ရေနားရှိသစ်ကတိုးပင်များနှင့်တူပါသည်တကား။
ဥပုသ်နေ့လွန်ပြီးနောက် မာဂဒလမြို့သူမာရိ၊ ယာကုပ်၏မိခင်မာရိနှင့် ဆလိုမေတို့သည် အလောင်းတော်ကို သွား၍လိမ်းရန် အမွှေးနံ့သာကို ဝယ်ယူကြ၏။
ယခင်က ယေရှုထံသို့ ညအချိန်လာဖူးသော နိကောဒင်သည်လည်း မုရန်နှင့်အကျော်ရောနှောထားသောနံ့သာ ပိဿာနှစ်ဆယ်ခန့်ကို ယူဆောင်၍လာလေ၏။
သစ်ကြံပိုး၊ ဟင်းခတ်အမွှေးအကြိုင်၊ နံ့သာပေါင်း၊ ဆီမွှေး၊ လော်ဗန်၊ စပျစ်ဝိုင်၊ ဆီ၊ ဂျုံမှုန့်၊ ဂျုံဆန်၊ ကျွဲနွားတိရစ္ဆာန်၊ သိုး၊ မြင်း၊ မြင်းရထား၊ လူ့ကိုယ်ခန္ဓာနှင့် လူ၏အသက်တို့ပင်ဖြစ်ကြ၏။