ရှောလမုန်သီချင်း။ 4:14 - Common Language Bible14 ဥယျာဉ်များကို ရေလောင်းစရာရေကန်၊ စမ်း ရေတွင်း၊ လေဗနုန်တောင်က စီးထွက်သော မြစ်ရေလည်း ပါသတည်း။ အခန်းကိုကြည့်ပါ။Garrad Bible14 နာ ဒု၊ စ ပါး လင်၊ ကြံ၊ သစ် ကြမ်း ပိုး မှ စ သော၊ လော ဗန် ပင် အ မျိုး မျိုး၊ မု ရန်၊ အ ကျော် များ နှင့် အ ကောင်း ဆုံး သော နံ့ သာ ပင် အ မျိုး မျိုး တည်း။ အခန်းကိုကြည့်ပါ။Judson Bible14 နာဒုပင်၊ ကုရကုမပင်၊ ကြံပင်၊ သစ်ကြံပိုးပင်၊ လောဗန်ပင်မျိုး၊ မုရန်ပင်၊ အကျော်ပင်၊ အမြတ်ဆုံးသော နံ့သာပင်မျိုး ပါကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း14 နာဒုနှင့်ကုံကုမံ၊ ခါနဲနှင့်သစ်ကြံပိုး စသည့်အမွှေးနံ့သာပင်အပေါင်းတို့ပေါက်ရာတော၊ မုရန်၊ သစ်မွှေးနှင့် အကောင်းဆုံး ဟင်းခတ်အမွှေးအကြိုင်ပင်အပေါင်းတို့ပေါက်ရာတော ဖြစ်၏။ အခန်းကိုကြည့်ပါ။ |
ထိုနောက်ရှေဘဘုရင်မသည်ရှောလမုန်အား ရွှေချိန်ငါးတန်နီးပါးကိုလည်းကောင်း၊ နံ့သာ မျိုးအမြောက်အမြားနှင့်ကျောက်မျက်ရတနာ တို့ကိုလည်းကောင်းပေးဆက်တော်မူ၏။ ရှောလမုန် ရရှိဖူးသမျှသောနံ့သာမျိုးတို့အနက်ဘုရင် မပေးဆက်သည့်နံ့သာမျိုး၏ပမာဏမှာ အများဆုံးဖြစ်သတည်း။
ထိုအခါသူတို့အဖက``သို့ဖြစ်လျှင်ဤကဲ့ သို့ပြုလုပ်ကြလော့။ ခါနာန်ပြည်မှအကောင်း ဆုံးထွက်ကုန်များဖြစ်သောဗာလစံစေးအနည်း ငယ်၊ ပျားရည်အနည်းငယ်၊ နံ့သာမျိုး၊ မုရန်စေး၊ သစ်အယ်သီး၊ ဗာတံသီးတို့ကိုဘုရင်ခံအား လက်ဆောင်ဆက်သရန်သင်တို့အိတ်များတွင် ထည့်၍ယူသွားကြလော့။-