Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှောလမုန်သီချင်း။ 4:13 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

13 သင့်​အစို့အညှောက်​သည် အကောင်းဆုံး​အသီး​ကို​သီး​သော​သလဲ​တော​၊ နာဒုပင်​ရော​ပေါက်​သော ဟင်္နာ​တော​၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

13 နာဒုပင်၊ ကုရကုမပင်၊ ကြံပင်၊ သစ်ကြံပိုးပင်၊ လောဗန်ပင်မျိုး၊ မုရန်ပင်၊ အကျော်ပင်၊ အမြတ်ဆုံးသော နံ့သာပင်မျိုးပါကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

13 သင်၏ ပေါက် စ အ ပင် များ ကား၊ အ ထူး အ မြတ် သီး တတ် သော သ လဲ ခြံ၊ နာ ဒု ပင် များ နှင့် ဒန်း ခြံ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

13 သင်၏​ပျိုး​ပင်​တို့​ကား၊ ချို​သော​အ​သီး​ကို သီး​တတ်​သော သ​လဲ​တော၊ နာ​ဒု​ပင်​နှင့်​ရော​သော ဟင်္နာ​တော၊

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှောလမုန်သီချင်း။ 4:13
18 ပူးပေါင်းရင်းမြစ်များ  

အိုမင်း​သော​အရွယ်​၌​ပင် ဆက်၍​အသီးသီး​လျက်​၊ စိမ်းလန်း​စိုပြည်​လျက်​ရှိ​ခြင်း​အားဖြင့်


ဥယျာဉ်​များ​နှင့် သစ်သီးခြံ​များ​ကို​လည်း ငါ​လုပ်​၍ ထို​နေရာ​များ​တွင် သီးစားပင်​အမျိုးမျိုး​ကို ငါ​စိုက်ပျိုး​၏​။


“ရှင်ဘုရင်​သည် စားပွဲဝိုင်း​၌​ထိုင်​စဉ် အကျွန်ုပ်​၏​နာဒု​ဆီမွှေး​ရနံ့​သည် ပျံ့လွင့်​မွှေးကြိုင်​လျက် ရှိ​ပါ​၏​။


အကျွန်ုပ်​ချစ်သူ​သည် အင်္ဂေဒိ​စပျစ်ခြံ​မှ ဟင်္နာ​ပန်း​ခိုင်​နှင့် တူ​ပါ​၏​။”


“ယောက်ျား​များ​အလယ်​တွင် အကျွန်ုပ်​ချစ်သူ​သည် တော​သစ်ပင်​တို့​အလယ်​မှ ပန်းသီး​ပင်​ကဲ့သို့ ဖြစ်​ပါ​၏​။ သူ့​အရိပ်​၌ ခိုနား​ရ​သည်​ကို အကျွန်ုပ်​အလွန်​နှစ်သက်​ပါ​၏​။ သူ့​အသီး​သည်​လည်း အကျွန်ုပ်​အဖို့ အလွန်​ချိုမြိန်​၍ အရသာ​ရှိ​ပါ​၏​။


နာဒု​နှင့်​ကုံကုမံ​၊ ခါနဲ​နှင့်​သစ်ကြံပိုး စသည့်​အမွှေးနံ့သာ​ပင်​အပေါင်း​တို့​ပေါက်​ရာ​တော​၊ မုရန်​၊ သစ်မွှေး​နှင့် အကောင်းဆုံး ဟင်းခတ်အမွှေးအကြိုင်​ပင်​အပေါင်း​တို့​ပေါက်​ရာ​တော ဖြစ်​၏​။


“အို မြောက်​လေ​၊ နိုး​ပါ​။ အို တောင်​လေ​၊ လာ​ပါ​။ အကျွန်ုပ်​ဥယျာဉ်​တွင် တိုက်ခတ်​ပါ​။ သို့မှ အရှင့်​ထံမှ​အမွှေးနံ့သာ​တို့ ပျံ့သွား​မည်​။ အကျွန်ုပ်​ချစ်သူ​သည် မိမိ​ဥယျာဉ်​ထဲသို့ လာ​ပါစေ​။ အကောင်းဆုံး​အသီး​ကို စား​ပါစေ​။”


“​ချိုင့်ဝှမ်းလွင်ပြင်​ရှိ​အပင်ငယ်​တို့​ကို ကြည့်ရှု​ရန်​နှင့် စပျစ်ပင်​တို့ အညွန့်ထွက်​မ​ထွက်​၊ သလဲပင် ပွင့်​မ​ပွင့် တွေ့မြင်​ဖို့​ရန် သစ်သီးခြံ​သို့ အကျွန်ုပ်​ဆင်းသွား​၏​။


“အကျွန်ုပ်​ချစ်သူ​သည် ဥယျာဉ်​ထဲတွင် သိုး​ထိန်း​ရင်း နှင်းပန်း​များ​ကို​ခူးဆွတ်​ဖို့​ရန် မွှေးကြိုင်​သော​အိပ်ရာ​ရှိ​ရာ သူ​၏​ဥယျာဉ်​သို့ ဆင်းသွား​ပါ​၏​။


အကျွန်ုပ်​အား သွန်သင်​လမ်းပြ​ပေး​ခဲ့​သော အကျွန်ုပ်​၏​မိခင်​အိမ်​သို့ အရှင့်​ကို ဦးဆောင်​ခေါ်သွား​ပါ​မည်​။ အရှင့်​ကို ရနံ့သင်း​သော​ဝိုင်​ဖြစ်​သည့် သလဲသီး​ဝိုင်အသစ်​ကို တိုက်​ပါ​မည်​။


သင်​၏​လူ​အပေါင်း​တို့​သည် ဖြောင့်မတ်​ကြ​လိမ့်မည်​။ ပြည်​တော်​ကို အစဉ်အမြဲ​ပိုင်ဆိုင်​ကြ​ရ​လိမ့်မည်​။ ငါ​စိုက်​သော​အကိုင်း​၊ ငါ့​လက်​ဖြင့်​ပြု​သော​အရာ​ဖြစ်၍ ငါ​၏​ဘုန်း​ကို​ထင်ရှား​စေ​ကြ​လိမ့်မည်​။


မြေကြီး​သည် အစို့အညှောက်​ကို​ထွက်​စေ​သကဲ့သို့​၊ ဥယျာဉ်​သည် ကြဲ​ထား​သော​မျိုးစေ့​ကို​ပေါက်​စေ​သကဲ့သို့ ဘုရားရှင်​ထာဝရဘုရား​သည် လူမျိုး​အပေါင်း​တို့​ရှေ့​၌ ဖြောင့်မတ်​ခြင်း​၊ ချီးမွမ်း​ခြင်း​ကို ပေါက်​စေ​တော်မူ​မည်​။


အချင်းချင်း မ​တိုး​မ​တိုက်​ဘဲ ကိုယ့်​လမ်းကြောင်း​နှင့်​ကိုယ် ချီတက်​ကြ​၏​။ လက်နက်​ကြား​တိုးဝင်​သော်လည်း မ​ကျဆုံး​။


ယေရှု​သည် ဗေသနိ​ရွာ​တွင် အနာကြီး​ရောဂါသည်​ရှိမုန်​၏​အိမ်​ထဲ၌​ထိုင်​၍ စားသောက်​နေ​တော်မူ​စဉ် အမျိုးသမီး​တစ်​ဦး​သည် အလွန်​တန်ဖိုးကြီး​သော နာဒု​ဆီမွှေး​အစစ်​ထည့်​ထား​သည့် ကျောက်ဖြူ​ဘူး​ကို​ယူဆောင်​လာ​၍ ထို​ကျောက်ဖြူ​ဘူး​ကို​ခွဲ​ပြီးလျှင် ကိုယ်တော်​၏​ခေါင်း​ပေါ်၌ ဆီမွှေး​ကို သွန်းလောင်း​လေ​၏။


ထိုအခါ မာရိ​သည် အလွန်​တန်ဖိုးကြီး​သော နာဒု​ဆီမွှေး​အစစ်​နှစ်ဆယ်​သား​ကို​ယူ​၍ ယေရှု​၏​ခြေ​တော်​ကို​လိမ်း​ပြီးလျှင် မိမိ​ဆံပင်​နှင့် ခြေ​တော်​ကို​သုတ်​လေ​၏​။ ထို​ဆီမွှေး​၏​ရနံ့​သည်​လည်း တစ်​အိမ်​လုံး​ပျံ့နှံ့​သွား​၏။


ယေရှု​ခရစ်တော်​အားဖြင့် ဖြောင့်မတ်​ခြင်း​အသီးအပွင့်​နှင့်​ပြည့်စုံ​၍ ဘုရားသခင်​၏​ဘုန်း​တော်​ထင်ရှား​ခြင်း​နှင့် ဂုဏ်​တော်​ချီးမွမ်း​ခြင်း​အဖြစ်​သို့​ရောက်​မည့်​အကြောင်း ငါ​ဆုတောင်း​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ