Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှောလမုန်သီချင်း။ 4:14 - Garrad Bible

14 နာ ဒု၊ စ ပါး လင်၊ ကြံ၊ သစ် ကြမ်း ပိုး မှ စ သော၊ လော ဗန် ပင် အ မျိုး မျိုး၊ မု ရန်၊ အ ကျော် များ နှင့် အ ကောင်း ဆုံး သော နံ့ သာ ပင် အ မျိုး မျိုး တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

14 ဥယျာဉ်များကို ရေလောင်းစရာရေကန်၊ စမ်း ရေတွင်း၊ လေဗနုန်တောင်က စီးထွက်သော မြစ်ရေလည်း ပါသတည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

14 နာ​ဒု​ပင်၊ ကု​ရ​ကု​မ​ပင်၊ ကြံ​ပင်၊ သစ်​ကြံ​ပိုး​ပင်၊ လော​ဗန်​ပင်​မျိုး၊ မု​ရန်​ပင်၊ အ​ကျော်​ပင်၊ အ​မြတ်​ဆုံး​သော နံ့​သာ​ပင်​မျိုး ပါ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

14 နာဒု​နှင့်​ကုံကုမံ​၊ ခါနဲ​နှင့်​သစ်ကြံပိုး စသည့်​အမွှေးနံ့သာ​ပင်​အပေါင်း​တို့​ပေါက်​ရာ​တော​၊ မုရန်​၊ သစ်မွှေး​နှင့် အကောင်းဆုံး ဟင်းခတ်အမွှေးအကြိုင်​ပင်​အပေါင်း​တို့​ပေါက်​ရာ​တော ဖြစ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှောလမုန်သီချင်း။ 4:14
16 ပူးပေါင်းရင်းမြစ်များ  

အ ဘ ဣ သ ရေ လ က၊ မ လွှဲ သာ လျှင် ဤ သို့ ပြု ကြ လော့။ ခါ နာန် ပြည် ထွက် အ ထူး အ မြတ် ကို ရွေး ချယ် ၍ လိမ်း ဆေး၊ ပျား ရည် အ နည်း ငယ် စီ နှင့် နံ့ သာ မျိုး၊ မု ရန် စေး၊ သစ် အယ် သီး၊ ဗာ တံ သီး များ ကို ထို မင်း အား လက် ဆောင် ဆက် ရန် အိတ် များ တွင် ယူ သွား ကြ လော့။


ရွှေ ချိန် ခွက် သုံး ထောင့် ခြောက် ရာ၊ ကျောက် မျက် နှင့် နံ့ သာ မျိုး၊ အ မြောက် အ မြား ကို ဆက် သွင်း လေ ၏။ ရှော လ မုန် မင်း ထံ ရှေ ဘ ဘု ရင် မ ဆက် သွင်း သော နံ့ သာ မျိုး နှင့် အ မျှ၊ နောက် တစ် ဖန် မ ရောက် ချေ။


ရွှေ ချိန် ခွက် သုံး ထောင် ခြောက် ရာ၊ ကျောက် မျက် နှင့် နံ့ သာ မျိုး အ မြောက် အ မြား ကို ဆက် သွင်း လေ ၏။ ရှော လ မုန် မင်း ထံ ရှေဘ ဘုရင် မ ဆက် သွင်း သော နံ့ သာ မျိုး ကဲ့ သို့ နောက် တစ် ဖန် မ ရောက် ချေ။


အ ဝတ် အ ထည် တော် ရှိ သ မျှ သည်၊ မု ရန် စေ့၊ အ ကျော်၊ သစ် ကြံ ပိုး နံ့ နှင့် မွှေး ကြိုင် ၍၊ ဆင် စွယ် နန်း တော် များ မှ ကြား ရ သော ကြိုး တပ် တူ ရိ ယာ မျိုး အား ဖြင့်၊ အား ရ ရွှင် လန်း တော် မူ ရ ပါ ၏။


ကျပ် ချိန် တော် အ လိုက် နံ့ သာ မျိုး အ ထူး အ မြတ် တည်း ဟူ သော မု ရန် ဆီ ငါး ပိဿာ၊ မွှေး သော သစ် ကြံ ပိုး နှစ် ပိဿာ ငါး ဆယ်၊ မွှေး သော စ ပါး လင် နှစ် ပိဿာ ငါး ဆယ်၊ က ရ မက် ငါး ပိဿာ၊ သံ လွင် ဆီ လေး ပိဿာ များ ကို ယူ၍၊


အိပ် ရာ ကို လည်း၊ မု ရန်၊ အ ကျော်၊ သစ် ကြံ ပိုး ဖြင့် ထုံ ပါ ပြီ။


အ ရှင် မင်း ပွဲ တော် တည် နေ စဉ်၊ ကျွန် မ ထုံ သော နာ ဒု ဆီ မွှေး သည် ပျံ့ နှံ့ လေ ၏။


မု ရန် လော ဗန် စ သော၊ ကုန် သည် တို့၏ နံ့ သာ ပြောင်း အ မျိုး မျိုး ကို မီး ရှို့ ရာ အ ခိုး တိုင် သဏ္ဌာန်၊ တော မှ ကြွ လာ သော အ ရှင် ကား၊ မည် သူ နည်း။


ည နေ ချမ်း တိုင်၍ အ ရိပ် မ ပျောက် မီ၊ ငါ သည် မု ရန် တောင် နှင့် လော ဗန် ကုန်း သို့ ပြန် သွား တော့ မည်။


ငါ့ နှ မ၊ ငါ့ ကြင် ရာ၊ ငါ့ ဥ ယျာဉ် ထဲ သို့ ငါ ဝင် လာ ပြီ။ မု ရန် နှင့် ဒန်း ခိုင် ကို ငါ ဆွတ် ယူ ပြီ။ ငါ့ ပျား ရည် နှင့် ပျား လ ပို့ ကို စား၍၊ နို့ ရည် နှင့် စ ပျစ် ရည် ကို သောက် လေ ပြီ။ ငါ့ အ ဆွေ တို့၊ စား ကြ လော့။ ငါ့ မိတ် ဆွေ တို့၊ သောက် ကြ လော့။ ဝ စွာ သောက် ကြ လော့။


ကျွန် မ ၏ ချစ် သူ သည်၊ သူ့ ဥ ယျာဉ်၌ စား သောက်၍၊ နှင်း ပန်း များ ကို ဆွတ် ယူ ရန်၊ ဥ ယျာဉ် အ တွင်း၊ ဒန်း ခင်း သို့ ဆင်း သွား လေ၏။


ဝေ ဒန် နှင့် ယာ ဝန် လူ မျိုး တို့ သည်၊ ဥ ဇာ လ မြို့ ထွက်၊ သံ၊ က ရ မက် နှင့် နံ့ သာ ကုန် များ ကို ထပ် လဲ ရောင်း ချ ကြ ၏။


ဥ ပုသ် နေ့ လွန် သော် မာ ဂ ဒ လ မာ ရိ၊ ယာ ကုပ် အ မိ မာ ရိ နှင့် ရှာ လုံ တို့ သည် အ လောင်း တော် ကို သွား ရောက် လိမ်း ကျံ ရန် နံ့ သာ များ ဝယ် ပြီး လျှင်၊


ကိုယ်တော့်ထံ ညဉ့်အခါဦးစွာလာရောက်သူနိကောဒင်လည်း မုရန်နှင့်အကြော်နှစ်ပါးစပ်၊ အချိန်နှစ်ဆယ့်ငါးပိဿာခန့်ကို ယူလာပြီးလျှင်၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ